မိသားစုလိုက် ဘုရားဖူးသွားကြရာ ယနေ့မနက် (၇)နာရီတွင်……

ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ အကောင်တောင်ဘုရားတောင်တက်လမ်းမှာ ဧပြီလ ၂၉ ရက်နေ့က ကားတစီး ခြောက်ထဲကျပြီး ၃ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကောက်တောင်ဘုရားကို ဘိလပ်မြေစက်ရုံကလာတဲ့ ကလေးလူကြီးစုစုပေါင်း အမျိုးသား ၅ ဦး အမျိုးသမီး ၆ ဦးလိုက်ပါလာတဲ့ ကားဟာ မနက် ၇ နာရီကျော်လောက်မှာ တောင်အတက် တဝက်လောက်မှာ ခြောက်ထဲပြုတ် ကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ အဲ့ဘက်လမ်းကအတော်ဆိုးတယ် သူ့တိုရဲ့ကံလည်းပါတာပေါ့ တခြားသူတွေလည်း အဲ့လမ်းကလာတာ ဘာမှ မဖြစ်ဘူးလေ ပြီးတော့ ကားနဲ့ရော ကားသမားနဲ့ပါဆိုင်မယ်ထင်တယ် သေတာအားလုံး ၃ ယောက်တောင်”လို့ ဒေသခံတဦးက ပြောပါတယ်။

တောင်တဝက်ကနေ ကားခြောက်ထဲပြုတ်ကျတာကြောင့် အမျိုးသမီး ၂ ဦးအခင်းဖြစ်နေရာမှာတင် သေဆုံးပြီး အမျိုးသား ၁ ဦးကတော့ ဆေးရုံမှာသေဆုံးခဲ့သလို ကျန်တဲ့သူတွေကို ဆိပ်သာတိုက်နယ်ဆေးရုံပို့ဆောင်ခဲ့ ပေမယ့် အဲ့အထဲက လူနာ ၄ ဦးကို စိုးရိမ်ရလို့

ဟင်္သာတဆေးရုံကို လွှဲပြောင်း ပေးခဲ့ရတယ်လို့ ဒေသခံပရဟိတ အဖွဲ့တွေကပြောပါတယ်။အကောင်တောင်ဘုရားဖူးလာရင်း လမ်းက ပြုတ်ကျလို့ လူ ၃ဦး သေဆုံးမှုဟာ ၂၀၂၂ ခုနှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
crd

မိသားစုလိုက် ဘုရားဖူးသွားကြရာ ယနေ့မနက် (၇)နာရီတွင်……(အပြည့်အစုံဖတ်ရန်ပုံကိုနှိပ်ပါ)

Leave a Reply

Your email address will not be published.