ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို မကြာခင် ထုတ်ပြန်မယ်၊ ရာနှုန်းပြည့်အောင်မြင်ကြမယ်လို့ ခန့်မှန်း
မေလ ၁- ယခုနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို လာမည့် ဇွန်လအတွင်း ထုတ်ပြန် ပေးသွားမယ်လို့ စစ်ကောင်စီက ပြောပါတယ်
ပြီးခဲ့တဲ့ မတ်လ ၃၁ရက်မှ ဧပြီ ၉ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်စာရင်းတွေကို
လာမည့် ဇွန်လအတွင်း ထုတ်ပြန် ပေးသွားမှာဖြစ်ပြီး ထုတ်ပြန်မည့် ရက်ကို ထပ်မံ ကြေညာ ပေးမယ်လို့ ဆိုပါတယ်
ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်လိုက်တဲ့ အခြေခံပညာ ကျောင်းတွေရဲ့ စာမေးပွဲ အောင်စာရင်း တွေမှာတော့ ရာနှုန်းပြည့် အောင်မြင်တယ်လို့ အခြေခံပညာဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ဖော်ပြထားပါတယ်
အဆိုပါ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသူကျောင်းသား ဦးရေ ၃သိန်းကျော်ပဲရှိတယ်လို့ ဆိုပါတယ် Crd- Myanma Platform

ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်လိုက်တဲ့ အခြေခံပညာ ကျောင်းတွေရဲ့ စာမေးပွဲ အောင်စာရင်း တွေမှာတော့ ရာနှုန်းပြည့်အောင်မြင်တယ်လို့ အခြေခံပညာဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ဖော်ပြထားပါတယ်