Categories
သတင်း

ဝါသနာပါတဲ့ ဓါတ်ပုံမော်ဒယ်လ်အဖြစ်ကနေ စစ်သင်တန်းနည်းပြတစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသမီး တော်လှန်ရေး ရဲဘော် မမေမိုးပွင့်ရဲ့အကြောင်း

ဝါသနာပါတဲ့ ဓါတ်ပုံမော်ဒယ်လ်အဖြစ်ကနေ စစ်သင်တန်းနည်းပြတစ်ဦးဖြစ်လာခဲ့တဲ့ အမျိုးသမီး တော်လှန်ရေး ရဲဘော် မမေမိုးပွင့်ရဲ့အကြောင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က အမျိုးသမီးသင်တန်းနည်းပြ “မေ”လက်နက်ကိုင်‌ဒေသကာကွယ်ရေးတပ်တစ်ခုဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) က စစ်သင်တန်းနည်းပြတစ်ဦး ဖြစ်တဲ့ မမေမိုးပွင့် (ခေါ်) မေ ရဲ့ စစ်သင်တန်းအတွင်း မြင်ကွင်းတွေပါ။

စစ်အာဏာမသိမ်းခင်ကတော့ မေဟာလည်း တခြားအမျိုးသမီးတွေလိုပဲ ရိုးရိုးသာမာန်ဝန်ထမ်း
တစ်ဦးဖြစ်ခဲ့ပါတယ်။

“ ၃ လပိုင်းလောက် စတင်ပစ်ခတ်တဲ့အချိန်မှာ ဆုံးသွားတဲ့လူငယ်တွေ နည်းတာမဟုတ်ဘူး။ အရမ်းဝမ်းနည်းတယ်။ ဘာမှလုပ်မပေးနိုင်ခဲ့ဘူး။


ထိရောက်မယ့် နည်းလမ်းရှာမရဘူး။ တစ်နေ့တစ်နေ့ တက်လာတဲ့သတင်းတွေအတွက် ပူဆွေးရုံကလွဲ မလုပ်ပေးနိုင်ဘူး။

အရင်က ဆန္ဒပြပြီး အနိုင်ရမယ်ပဲတွေးခဲ့တာ။ နောက်တော့ မရမှန်းသိခဲ့တယ်။ ရပ်ကွက်ထဲထိ ပစ်ခတ်တော့ လက်နက်ကိုင်တိုက်မှ နိုင်မယ်ဆိုတာ သိလာတယ်။

ခုခံစားနေရတာမျိုး နောင်ကလေးတွေ မခံစားစေချင်တော့ဘူး။ လက်နက်ကိုင်ဖို့ ဆုံးဖြတ်ပြီးချိန် သူငယ်ချင်းနဲ့တိုင်ပင်ပြီး ချိတ်ဆက်ခဲ့တာ။


BPLA နဲ့ ဆက်သွယ်မိပြီး ရောက်လာခဲ့တယ် “ လို့ စစ်ပညာသင်ကြားဖြစ်ခဲ့တဲ့အကြောင်းကိုပြန်ပြောပြပါတယ်။

စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့တော်လှန်ရေးပြီးဆုံးသွားရင်တော့ သူ့ဝါသနာဖြစ်တဲ့ ဓါတ်ပုံမော်ဒယ်လ်ဆက်လုပ်ဖြစ်မလား၊ BPLA တပ်မှာဆက်နေဖြစ်မလားဆိုတာမသေချာသေးဘူးလို့ မေက ပြောပါတယ်။

ဗမာ့ပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ရဲ့စစ်သင်တန်းမှာတော့ သင်တန်းတစ်ခုမှာ အမျိုးသမီး ၂၀ ရာခိုင်နူန်းလောက်ပါဝင်ပြီး စစ်သင်တန်းတစ်ခုကို သုံးလနဲ့ လေးလကြား
ကြာမြင့်တယ်လို့ ဆိုပါတယ်။


“ကိုယ့်ဆုံးဖြတ်ချက်ကို သေချာစဉ်းစားဆုံးဖြတ်စေချင်တယ် လက်နက်ကိုင်တော်လှန်ချင်လို့လား သေနတ်ကိုင်ချင်ရုံသက်သက်ပဲလားဆိုတာ ဆုံးဖြတ်ချက် ခိုင်မာပြီဆိုတော့မှ ဒီလမ်းကို ရွေးစေချင်တယ်” လို့ သင်တန်းဆရာမ မေက ပြောပါတယ်။

ဓာတ်ပုံ- J Paing/MPA

Leave a Reply

Your email address will not be published.