ငါးသည္းေျခစားမိလို႔ ေဆး႐ုံေရာက္ဒုကၡေရာက္ရတဲ့အျဖစ္ အႏၲရယ္မ်ားတာမို႔ အမ်ားသိေအာင္ ရွယ္ေပးၾကပါအုန္း

ငါးသည္းေျခစားမိလို႔ ေဆး႐ုံေရာက္ဒုကၡေရာက္ရတဲ့အျဖစ္ အႏၲရယ္မ်ားတာမို႔ အမ်ားသိေအာင္ ရွယ္ေပးၾကပါအုန္း

ၾကက္ေမာက္ေတာင္ဆည္နား ရြာေလးတရြာက လူနာ ၂ ေယာက္ သုချပည့္စုံေဆး႐ုံကို ေရွ႕ဆင့္ေနာက္ဆင့္ ေရာက္ လာပါတယ္။ေရာဂါလကၡဏာေတြက ခပ္ဆင္ဆင္ပါေခါင္းမူးတယ္ ပ်ိဴ႕တယ္ ရင္ေခါင္းေအာင့္ ေနာက္ေက်ာတက္အစာမဝင္ တဲ့။

အစကေတာ့ ျပင္ပလူနာအေနနဲ႔ ကုသမယ္စိတ္ကူးေပမယ့္ တေနရာတည္းက ၂ ေယာက္ ဆင္တူျဖစ္ေနတာ ထူးျခားတယ္ေဆး႐ုံတင္ထားၿပီး ေစာင့္ၾကည့္ရင္ ေကာင္းမယ္လို႔ ယူဆၿပီး အစာအိမ္ေရာင္ရမ္းနာလို႔ သတ္မွတ္ၿပီး ကုသ ေစာင့္ၾကည့္ခဲ့ပါတယ္။

ကိုယ့္အနားထား ေစာင့္ၾကည့္ျခင္း ရဲ့ ေကာင္းက်ိဴးေၾကာင့္ဆီးထြက္နည္းတာကိုသိရၿပီးေရာဂါ ရာဇဝင္ကို ေသခ်ာ ျပန္ေမးၾကည့္ရျပန္ပါတယ္။ ေရာဂါ History ေသခ်ာလိုက္ေတာ့မွ ငါးသည္းေျခက ေဆးဖက္ဝင္တယ္ အစာအိမ္ေရာဂါအတြက္ ေကာင္းတယ္ဆိုၿပီး ငါးသည္က ညႊန္းလို႔ ၂ ေယာက္စလုံးအစိမ္းလိုက္ၿမိဳခ်တဲ့ အေၾကာင္းရင္းကို သိလိုက္ရပါတယ္။

ဆီးဆိပ္လို႔ေခၚတဲ့ urea နဲ႔ creatinine ေတြလည္း ေထာင္တက္ေနၿပီး ေက်ာက္ကပ္လုပ္ငန္းလည္း ယာယီ ရပ္တန္႔သြားခဲ့ပါၿပီ။ ဆီးလုံးဝမထြက္ေတာ့ပါ။သမားေတာ္ရဲ့အႀကံ ျပဳခ်က္အရ မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီး ေက်ာက္ကပ္ဌာနကို အေရးေပၚ လႊဲလိုက္ရပါ၏။

ငါးသည္ရဲ့ ပါးစပ္မွာ လမ္းဆုံးၿပီး မစဥ္းစား မဆင္ျခင္ပဲ ငါးသည္းေၿခ စားလိုက္တာေၾကာင့္ အင္မတန္ တန္ဘိုးရွိတဲ့ ေက်ာက္ကပ္ပ်က္စီးတတ္မွန္း သခၤန္းစာယူတတ္ၾကဖို႔ ေရးသားလိုက္ရပါတယ္။

ငါးသည်းခြေစားမိလို့ ဆေးရုံရောက်ဒုက္ခရောက်ရတဲ့အဖြစ် အန္တရယ်များတာမို့ အများသိအောင် ရှယ်ပေးကြပါအုန်း

ကြက်မောက်တောင်ဆည်နား ရွာလေးတရွာက လူနာ ၂ ယောက် သုခပြည့်စုံဆေးရုံကို ရှေ့ဆင့်နောက်ဆင့် ရောက် လာပါတယ်။ရောဂါလက္ခဏာတွေက ခပ်ဆင်ဆင်ပါခေါင်းမူးတယ် ပျိူ့တယ် ရင်ခေါင်းအောင့် နောက်ကျောတက်အစာမဝင် တဲ့။

အစကတော့ ပြင်ပလူနာအနေနဲ့ ကုသမယ်စိတ်ကူးပေမယ့် တနေရာတည်းက ၂ ယောက် ဆင်တူဖြစ်နေတာ ထူးခြားတယ်ဆေးရုံတင်ထားပြီး စောင့်ကြည့်ရင် ကောင်းမယ်လို့ ယူဆပြီး အစာအိမ်ရောင်ရမ်းနာလို့ သတ်မှတ်ပြီး ကုသ စောင့်ကြည့်ခဲ့ပါတယ်။

ကိုယ့်အနားထား စောင့်ကြည့်ခြင်း ရဲ့ ကောင်းကျိူးကြောင့်ဆီးထွက်နည်းတာကိုသိရပြီးရောဂါ ရာဇဝင်ကို သေချာ ပြန်မေးကြည့်ရပြန်ပါတယ်။ ရောဂါ History သေချာလိုက်တော့မှ ငါးသည်းခြေက ဆေးဖက်ဝင်တယ် အစာအိမ်ရောဂါအတွက် ကောင်းတယ်ဆိုပြီး ငါးသည်က ညွှန်းလို့ ၂ ယောက်စလုံးအစိမ်းလိုက်မြိုချတဲ့ အကြောင်းရင်းကို သိလိုက်ရပါတယ်။

ဆီးဆိပ်လို့ခေါ်တဲ့ urea နဲ့ creatinine တွေလည်း ထောင်တက်နေပြီး ကျောက်ကပ်လုပ်ငန်းလည်း ယာယီ ရပ်တန့်သွားခဲ့ပါပြီ။ ဆီးလုံးဝမထွက်တော့ပါ။သမားတော်ရဲ့အကြံ ပြုချက်အရ မန္တလေး ပြည်သူ့ဆေးရုံကြီး ကျောက်ကပ်ဌာနကို အရေးပေါ် လွှဲလိုက်ရပါ၏။

ငါးသည်ရဲ့ ပါးစပ်မှာ လမ်းဆုံးပြီး မစဉ်းစား မဆင်ခြင်ပဲ ငါးသည်းခြေ စားလိုက်တာကြောင့် အင်မတန် တန်ဘိုးရှိတဲ့ ကျောက်ကပ်ပျက်စီးတတ်မှန်း သင်္ခန်းစာယူတတ်ကြဖို့ ရေးသားလိုက်ရပါတယ်။

Leave a Reply

Your email address will not be published.