အရက္ေသာက္ဖို႔ ပိုက္ဆံမရွိလို႔ ေမြးကင္းစကေလးကို ေပါင္ 270 နဲ႔ ေရာင္းခ်ခဲ့သည့္ဖခင္
အိႏၵိယနိုင္ငံအေရွ႕ပိုင္း Odisha ျပည္နယ္အတြင္းက Astal အမည္ရတဲ့ ရြာကေလးတစ္ရြာမွာ အရက္အလြန္အကၽြံစြဲလန္းေနတဲ့ Balaram Mukhi အမည္ရအိမ္ေထာင္သည္အမ်ိဳးသားဟာ သူ႔မွာ အရက္ဆက္ေသာက္ဖို႔ ပိုက္ဆံမရွိေတာ့တဲ့အတြက္ ကေလးကို တစိမ္းတစ္ဦးဆီမွာ ေပါင္ 270 တန္ေၾကးရွိ
အိႏၵိယ႐ူပီးနဲ႔ ေရာင္းခ်ခဲ့တယ္လို႔ The Sun က ဆိုပါတယ္။ Mukhi ဟာ ဖုန္းဝယ္ဖို႔အတြက္လည္း 23 ေပါင္ေသာ ေငြကို သုံးစြဲခဲ့ေၾကာင္း သိရၿပီး သူေရာင္းခ်လိုက္တဲ့ ကေလးဟာ အသက္ 11 လသာ ရွိေသးတယ္လို႔ သိရပါတယ္။
ေရာင္းလို႔ရသမၽွ ပိုက္ဆံေတြကို Mukhi က 23 ေပါင္ကလြဲရင္ က်န္တာအကုန္လုံးကို အရက္ေသာက္ပစ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္ နီးစပ္သူတစ္ဦးကေတာ့ Mukhi ဟာ အဲဒီပိုက္ဆံေတြအနက္ 18 ေပါင္ တန္ဖိုးရွိ ေငြလည္စြဲေလးကို 7 ႏွစ္အရြယ္ သမီးအတြက္ ဝယ္ယူေပးခဲ့ေသးတယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ ယခုျဖစ္ပ်က္ခဲ့တဲ့ ကိစၥမွာ မိခင္ Sukuti ကိုပါ ရဲက စစ္ေမးေနၿပီး ရဲဘက္ကေတာ့ ဒီကိစၥမွာ မိခင္ကိုယ္တိုင္ ပါဝင္ပတ္သက္ခဲ့တယ္လို႔ ယူဆေနပုံပါဘဲ။ Mukhi နဲ႔ Sukuti တို႔ဟာ ယခု အသက္ 11 လသာရွိေသးတဲ့ ကေလးကဲ့သို႔ပင္ 10 ႏွစ္အရြယ္ သားႀကီးကိုလည္း ေရာင္းစားခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့ပါတယ္။
ဒီျဖစ္ရပ္မွာ Mukhi ရဲ့ ေယာက္ဖျဖစ္သူ Balia နဲ႔ ကေလးသူငယ္ ေစာင့္ေရွာက္ေရးအ ဖြဲ႕တစ္ခုမွာ အမ်ိဳးသားတစ္ဦးလည္း ပါဝင္ပတ္သက္ခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။
သူတို႔တစ္ေတြဟာ အသက္ 60 အရြယ္ကို ေရာက္ေနၿပီျဖစ္တဲ့ လင္မယားႏွစ္ဦးထံမွာ ေရာင္းခ်ခဲ့ၾကတာပါ။ အဆိုပါ လင္မယားအနက္ ခင္ပြန္းျဖစ္သူ Somnath Sethi နဲ႔ သူရဲ့ အမည္မေဖာ္ျပထားတဲ့ ဇနီးတို႔ဟာ
အသက္ 22 အရြယ္ သားတစ္ေယာက္ ရွိခဲ့ၿပီး လြန္ခဲ့တဲ့ 2012 ခုႏွစ္က ေသဆုံးသြားခဲ့လို႔ သားေထာက္သမီးခံေတြ လိုအပ္ေနသူမ်ားလို႔ ဆိုပါတယ္။ေလာေလာဆယ္ေတာ့ Mukhi နဲ႔ အေပါင္းအပါေတြကို ရဲက စစ္ေဆးေနပါတယ္။
Credit
အရက်သောက်ဖို့ ပိုက်ဆံမရှိလို့ မွေးကင်းစကလေးကို ပေါင် 270 နဲ့ ရောင်းချခဲ့သည့်ဖခင်
အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha ပြည်နယ်အတွင်းက Astal အမည်ရတဲ့ ရွာကလေးတစ်ရွာမှာ အရက်အလွန်အကျွံစွဲလန်းနေတဲ့ Balaram Mukhi အမည်ရ
အိမ်ထောင်သည်အမျိုးသားဟာ သူ့မှာ အရက်ဆက်သောက်ဖို့ ပိုက်ဆံမရှိတော့တဲ့အတွက် ကလေးကို တစိမ်းတစ်ဦးဆီမှာ ပေါင် 270 တန်ကြေးရှိ
အိန္ဒိယရူပီးနဲ့ ရောင်းချခဲ့တယ်လို့ The Sun က ဆိုပါတယ်။ Mukhi ဟာ ဖုန်းဝယ်ဖို့အတွက်လည်း 23 ပေါင်သော ငွေကို သုံးစွဲခဲ့ကြောင်း သိရပြီး သူရောင်းချလိုက်တဲ့ ကလေးဟာ အသက် 11 လသာ ရှိသေးတယ်လို့ သိရပါတယ်။
ရောင်းလို့ရသမျှ ပိုက်ဆံတွေကို Mukhi က 23 ပေါင်ကလွဲရင် ကျန်တာအကုန်လုံးကို အရက်သောက်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နီးစပ်သူတစ်ဦးကတော့ Mukhi ဟာ အဲဒီပိုက်ဆံတွေအနက် 18 ပေါင် တန်ဖိုးရှိ ငွေလည်စွဲလေးကို 7 နှစ်အရွယ် သမီးအတွက် ဝယ်ယူပေးခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ယခုဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ မိခင် Sukuti ကိုပါ ရဲက စစ်မေးနေပြီး ရဲဘက်ကတော့ ဒီကိစ္စမှာ မိခင်ကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆနေပုံပါဘဲ။ Mukhi နဲ့ Sukuti တို့ဟာ ယခု အသက် 11 လသာရှိသေးတဲ့ ကလေးကဲ့သို့ပင် 10 နှစ်အရွယ် သားကြီးကိုလည်း ရောင်းစားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်မှာ Mukhi ရဲ့ ယောက်ဖဖြစ်သူ Balia နဲ့ ကလေးသူငယ် စောင့်ရှောက်ရေးအ ဖွဲ့တစ်ခုမှာ အမျိုးသားတစ်ဦးလည်း ပါဝင်ပတ်သက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
သူတို့တစ်တွေဟာ အသက် 60 အရွယ်ကို ရောက်နေပြီဖြစ်တဲ့ လင်မယားနှစ်ဦးထံမှာ ရောင်းချခဲ့ကြတာပါ။ အဆိုပါ လင်မယားအနက် ခင်ပွန်းဖြစ်သူ Somnath Sethi နဲ့ သူရဲ့ အမည်မဖော်ပြထားတဲ့ ဇနီးတို့ဟာ
အသက် 22 အရွယ် သားတစ်ယောက် ရှိခဲ့ပြီး လွန်ခဲ့တဲ့ 2012 ခုနှစ်က သေဆုံးသွားခဲ့လို့ သားထောက်သမီးခံတွေ လိုအပ်နေသူများလို့ ဆိုပါတယ်။
လောလောဆယ်တော့ Mukhi နဲ့ အပေါင်းအပါတွေကို ရဲက စစ်ဆေးနေပါတယ်။
Credit