NUG နဲ့မတွေ့ဆုံဖို့ မလေးရှားကို စစ်ကောင်စီသတိပေး…….

မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်အမတ်တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်စစ်ကောင်စီကအကြမ်းဖက်လို့ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံ၊ အား

ပေးပံ့ပိုးတာမပြုလုပ်ဖို့ စစ်ကောင်စီအနေနဲ့ သတိပေးတယ်လို့ မနေ့မေလ(၂)ရက်မှာ စာထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် အာဆီယံကို NUG အစိုးရနဲ့အလွတ်သဘောထိတွေ့ဆက်ဆံဖို့ အဆိုပြုသွားမယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကိုလည်း ပြင်းပြင်းထန်ထန်ကန့်က

ွက်ပယ်ချတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကဆိုပါတယ်။ဒီလိုမလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ဟာ မဆင်မခြင်န့ တာဝန်မဲ့အဆိုပြုချက်ဖြစ်တယ်လို့ စွပ်စွဲထားပါသေးတယ်။ဒီပြောကြားချက်ဟာ မြန်မာနိုင်ငံအတွင်းက အကြမ်းဖက်မှုတွေကို အားပေးရာရောက်တဲ့အပြ

င် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် စစ်ကောင်စီရဲ့ ကြိုးပမ်းဆောင်ရွက်ချက်တွေကိုအဟန့်အတားဖြစ်စေပြီး နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး သဘောတူညီချက်တွေ

ကို ချိုးဖောက်ရာရောက်စေတဲ့အတွက် အခုလိုပြင်းပြင်းထန်ထန်ကန့်ကွက်ရတာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Saifuddin Abdullah အနေနဲ့ မြန်မာ့နိုင်ငံရေ

း အကျပ်အတည်းကို အဖြေရှာဖို့အတွက် ပြီးခဲ့တဲ့နှစ် ဧပြီလ နှောင်းပိုင်းမှာ ရရှိခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက်ငါးခက်ကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်ဖြစ်ထွန်းတာတွေ

မရှိတဲ့အတွက်ကြောင့်မလို့ အခုလို တိုက်တွန်းရတာလို့ ဆိုပါတယ်။မလေးရှားဘက်က ဒီအဆိုပြုချက်တွေကို မေလ ၅ ရက်နေ့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအရုံးမှာ တင်ပြသွားမှာ ဖြစ်ပါသည်crd

Leave a Reply

Your email address will not be published.