လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်ကြောင်း သတင်းကြေငြာအပြီး တနိုင်ငံလုံး မီးပြတ်

လျှပ်စစ်နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ယခင်ဝန်ကြီး ဦးအောင်သန်းဦး အစား ဦးသောင်းဟန်အား ခန့်အပ်ကြောင်း အစိုးရပိုင် ရုပ်သံလိုင်းတွေကနေ သတင်းကြေညာအပြီး တနိုင်ငံလုံး မီးပြတ်သွားခဲ့ပါတယ်။

ယနေ့ မေလ ၂ ရက်နေ့ ည ၈ နာရီကျော်မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးကို တာဝန်က အနားပေးကာ ဦးသောင်းဟန်ကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ အစိုးပိုင်

ရုပ်သံလိုင်းတွေကနေ ကြေညာသွားတာ ဖြစ်ပါတယ်။ အခုနှစ် နွေရာသီလျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေတာတွေကို ပိုမိုကောင်းမွန်အောင် စီမံနိုင်စေဖို့အတွက် ပြောင်းလဲခန့်အပ်လိုက်တာလို့ ဆိုပါတယ်။

လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန အစား လျှပ်စစ်စွမ်အားဝန်ကြီးဌာနနဲ့ စွမ်းအင်ဝန်ကြီးဌာန ဆိုပြီးတော့လည်း ဌာနနှစ်ခုအဖြစ် သီးခြား ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်းလည်း ကြေညာသွားပါတယ်။

ထို့ပြင် စကစရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက လာမယ့်ဇွန်လကနေစပြီး လျှပ်စစ်မီးပြတ်တောက်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေကို မြင်တွေ့ရမယ်လို့ ပြောကြားထားကြောင်း

BNN Bloomberg သတင်းမီဒီယာက ရေးသား အသိပေးထားပါတယ်။ လာမယ့် ဒုတိယနှစ်ဝက်ကာလအတွင်းမှာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း BNN Bloomberg ကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ထပ်လောင်း အသိပေးခဲ့ပါသေးတယ်။

လျှပ်စစ် ဝန်ကြီး ဦးအောင်သန်းဦးက ရေအားနဲ့ ဆိုလာစွမ်းအင်စနစ်ကို မြှင့်တင်ဖို့၊ ဓာတ်ငွေ့နဲ့ စွန့်ပစ်အပူပေးတဲ့စီမံကိန်းတွေကနေတဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ကြိုးပမ်းဆောင်ရွက်တာတွေ ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

လက်ရှိမှာ လုပ်ငန်းတွေနဲ့ စက်ရုံတွေ ပုံမှန်အတိုင်း လည်ပတ်လာခဲ့ပြီဖြစ်လို့ မြန်မာ့စီးပွားရေးအပေါ် သိသိသာသာ ထိခိုက်မှုမျိုး မရှိဘူးလို့လည်း ဝန်ကြီးက မှတ်ချက်ပေးသွားခဲ့ပါတယ်။ (အခု အဲ့ဝန်ကြီး ပြုတ်သွားပါပြီ)

လက်ရှိမှာ စကစ ဟာ ရုရှားဆီကနေ လောင်စာဆီဝယ်ယူဖို့အတွက် ဆွေးနွေးညှိနှိုင်းတာတွေရှိနေကြောင်းလည်း BNN Bloomberg က ရေးသားထားပါတယ်။crd

Unicode

လျှပ်စစ်ဝန်ကြီး ပြောင်းလဲခန့်အပ်ကြောင်း သတင်းကြေငြာအပြီး တနိုင်ငံလုံး မီးပြတ်

လျှပ်စစ်နဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ယခင်ဝန်ကြီး ဦးအောင်သန်းဦး အစား ဦးသောင်းဟန်အား ခန့်အပ်ကြောင်း အစိုးရပိုင် ရုပ်သံလိုင်းတွေကနေ သတင်းကြေညာအပြီး တနိုင်ငံလုံး မီးပြတ်သွားခဲ့ပါတယ်။

ယနေ့ မေလ ၂ ရက်နေ့ ည ၈ နာရီကျော်မှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးကို တာဝန်က အနားပေးကာ ဦးသောင်းဟန်ကို ပြောင်းလဲခန့်အပ်လိုက်တယ်လို့ အစိုးပိုင်

ရုပ်သံလိုင်းတွေကနေ ကြေညာသွားတာ ဖြစ်ပါတယ်။ အခုနှစ် နွေရာသီလျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားနေတာတွေကို ပိုမိုကောင်းမွန်အောင် စီမံနိုင်စေဖို့အတွက် ပြောင်းလဲခန့်အပ်လိုက်တာလို့ ဆိုပါတယ်။

လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန အစား လျှပ်စစ်စွမ်အားဝန်ကြီးဌာနနဲ့ စွမ်းအင်ဝန်ကြီးဌာန ဆိုပြီးတော့လည်း ဌာနနှစ်ခုအဖြစ် သီးခြား ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်းလည်း ကြေညာသွားပါတယ်။

ထို့ပြင် စကစရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းက လာမယ့်ဇွန်လကနေစပြီး လျှပ်စစ်မီးပြတ်တောက်မှုတွေကို ဖြေရှင်းတဲ့နေရာမှာ ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေကို မြင်တွေ့ရမယ်လို့ ပြောကြားထားကြောင်း

BNN Bloomberg သတင်းမီဒီယာက ရေးသား အသိပေးထားပါတယ်။ လာမယ့် ဒုတိယနှစ်ဝက်ကာလအတွင်းမှာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း BNN Bloomberg ကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ထပ်လောင်း အသိပေးခဲ့ပါသေးတယ်။

လျှပ်စစ် ဝန်ကြီး ဦးအောင်သန်းဦးက ရေအားနဲ့ ဆိုလာစွမ်းအင်စနစ်ကို မြှင့်တင်ဖို့၊ ဓာတ်ငွေ့နဲ့ စွန့်ပစ်အပူပေးတဲ့စီမံကိန်းတွေကနေတဆင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ကြိုးပမ်းဆောင်ရွက်တာတွေ ရှိနေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

လက်ရှိမှာ လုပ်ငန်းတွေနဲ့ စက်ရုံတွေ ပုံမှန်အတိုင်း လည်ပတ်လာခဲ့ပြီဖြစ်လို့ မြန်မာ့စီးပွားရေးအပေါ် သိသိသာသာ ထိခိုက်မှုမျိုး မရှိဘူးလို့လည်း ဝန်ကြီးက မှတ်ချက်ပေးသွားခဲ့ပါတယ်။ (အခု အဲ့ဝန်ကြီး ပြုတ်သွားပါပြီ)

လက်ရှိမှာ စကစ ဟာ ရုရှားဆီကနေ လောင်စာဆီဝယ်ယူဖို့အတွက် ဆွေးနွေးညှိနှိုင်းတာတွေရှိနေကြောင်းလည်း BNN Bloomberg က ရေးသားထားပါတယ်။crd

Leave a Reply

Your email address will not be published.