






crd

နောက်ထပ် သူမရဲ့ အိမ်ထောင်ဖက် အသစ်လေးကို ချပြလာတဲ့ အေသင်ချိုဆွေ

သူမတို့သားမိအတွက် အချစ်တွေနဲ့ လုံခြုံမှုပေးနိုင်တဲ့ ချစ်သူကို အပြင်မှာတွေ့ဆုံပြီး သမီးလေးနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အေသင်ချိုဆွေ

ပရိသတ်ကြီးရေ အဆိုတော် အေသင်ချိုဆွေကတော့ ဂီတလောကမှာ အသံပါဝါအားကောင်းကောင်းဖြင့် အောင်မြင်မှုတွေများစွာ ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

သူမကတော့ အခုနောက်ပိုင်း ဂီတလှုပ်ရှားမှုတွေ သိပ်မတွေ့တော့ဘဲ ညီမလေးနဲ့အတူ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ လုပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Single Mother ဘဝဖြင့် သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ပေးနေသူ ဖြစ်ပါတယ်။

အေသင်ဟာ လွန်ခဲ့တဲ့ နှစ်က ချစ်ရမယ့် ချစ်သူရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးထားတာ ဖြစ်ပါတယ်။ သူမရဲ့ ချစ်သူဟာ ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာကြောင့် အပြင်မှာ မတွေ့ရသေးဘဲ အွန်လိုင်းမှတစ်ဆင့်သာ တွေ့ဆုံနေရတာ ဖြစ်ပါတယ်။

မကြာသေးခင်က အေသင်ချိုဆွေရဲ့ Facebook Story တွင် ဓာတ်ပုံလေးတစ်ပုံ တင်ထားတာ ဖြစ်ပါတယ်။ ဒါကတော့ သူမတို့သားအမိနှစ်ယောက်လုံးအတွက် လုံခြုံနွေးထွေးမှုတွေ ပေးနေတဲ့ ချစ်သူကို ချစ်သမီးလေးနဲ့မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

အေသင်ဟာ သူမရဲ့ ချစ်သူလေးနဲ့ ထိုင်းနိုင်ငံသို့ ချိန်းဆိုပြီး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သိရှိရအောင်လို့ ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
crd

Leave a Reply

Your email address will not be published.