‘တော်လှန်ရေးထဲက လူတွေကိုစိတ်ပျက်လို့ ကျွန်တော် တော်လှန်ရေးကနေ နှုတ်ထွက်ပါတော့မယ်..’ လို့ဆိုလာတဲ့ PDF

‘တော်လှန်ရေးထဲက လူတွေကိုစိတ်ပျက်လို့ ကျွန်တော် တော်လှန်ရေးကနေ နှုတ်ထွက်ပါတော့မယ်..’ လို့ဆိုလာတဲ့ PDF

မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ တစ်ရက်နေ့အာဏာသိမ်းခံရပြီးထဲက အစပြုခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးကို အခုချိန်အထိ သွေးမအေး ဒူးမထောက်ဘဲ ရဲရဲဝင့်ဝင့် တော်လှန်နေ ဦးဆောင်ခဲ့သူတွေကတော့ မျိုးဆက်သစ်လူငယ်လေးတွေပဲ ဖြစ်ပါတယ်။

ဒီအရေးတော်ပုံကြီးစတင်ခဲ့တာ 1နှစ်ကျော်ကျော်ရှိသွားပြီဖြစ်ပြီး ယနေ့အချိန်ထိ စစ်အာဏာရှင်ကိုဆက်လက် တော်လှန်နေဆဲဖြစ်ပါတယ်။ အဆင်မပြေမှုတွေရှိပေမယ့်လည်း အာဏာရှင်ကိုဖြုတ်ချဖို့နဲ့ ရှေ့ဆက်ရမယ့်အနာဂတ်တွေအတွက် အစွမ်းကုန်အားတင်းကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်လူငယ်တော်တော်များများဟာ အာဏာရှင်ကိုတွန်းလှန်နိုင်ဖို့အတွက် လွတ်မြောက်နယ်မြေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စစ်သင်တန်းတွေတက်ရောက်ကာ အသက်စွန့်ကြိုးစား တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး လွတ်မြောက်နယ်မြေမှာ PDF လူငယ်တွေအနေနဲ့ အခက်အခဲတွေများစွာကို အားတင်းရင်ဆိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြတာပါ။

PDF ရဲဘော်တွေအနေနဲ့လည်း တောထဲတောင်ထဲတွေမှာ ခက်ခက်ခဲခဲစစ်ပညာသင်ယူနေကြရပြီး လိုအပ်ချက်တွေအများအပြားရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

PDFရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့ လောက်ငှအောင်စားသောက်ကြပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာတွေ့ရပါတယ်။

တော်လှန်ရေးကာလအတွင်း သူရဲကောင်းပြည်သူတွေ အသက်ပေးဆုံးရှုံးမှုတွေများပြားနေပြီး ကိုယ်ကျိုးစွန့်အနစ်နာခံကာ အများအကျိုးအတွက် ယနေ့အချိန်ထိ ကြိုးစားနေသူတွေလည်း အများအပြားပါပဲ။

ဒီမိုကရေစီပြန်လည်ရရှိဖို့ ပြည်သူတွေကတော့ အာဏာရှင်လူတစ်စုကို ယနေ့အချိန်ထိ ဆန့်ကျင်နေကြသလို တော်လှန်ရေးကြီး အောင်မြင်ဖို့အတွက် PDF ရဲဘော်တွေက လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာကို ပင်ပင်ပန်းပန်းနဲ့ သင်ယူနေကြတာ တွေ့ရပါတယ်။

စိတ်အားထက်သန်တဲ့ PDF ရဲဘော်လေးတွေကလည်း တိုင်းရင်းသားတပ်မတော်တွေနဲ့ အတူလက်တွဲပြီး အခက်အခဲတွေကြားထဲကနေ စစ်ရေးအတွက် အကောင်းဆုံးကြိုးစား ပြင်ဆင်နေကြတာဖြစ်ပါတယ်

တောထဲတောင်ထဲမှာ အနေအထိုင်၊အစားအသောက်တွေ ဆင်းရဲကြပေမယ့် ပြည်သူ့အောင်ပွဲအတွက် အနစ်နာခံပြီး ခက်ခဲကြမ်းတမ်းစွာ လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။

ယခုမှာတော့ လွတ်မြောက်နယ်မြေတစ်နေရာက တော်လှန်ရေးကြီးအောင်မြင်ဖို့ အတွက် ကြိုးပမ်းနေကြတဲ့ PDF ရဲဘော်တစ်ယောက်က တော်လှန်ရေးကနေ နှုတ်ထွက်တော့မယ့်အကြောင်း ရေးသားလာတာဖြစ်ပါတယ်။တော်လှန်ရေးကို စိတ်မကုန်ပါဘူး

တော်လှန်ရေးထဲကလူတွေကို စိတ်ပျက်လို့ဒီတော်လှန်ရေးကနေ ကျနော်နှုတ်ထွက်ပါတယ်တစ်နှစ်ကျော်ထိပေးဆပ်ခဲ့ပြီးပြီမို့ အားလုံးပဲနားလည်ပေးလိမ့်လို့မျှော်လင့်ပါတယ်…….။

PDF ရဲဘော်တစ်ဦးဟာ သူ့ရဲ့Facebook စာမျက်နှာလေးမှာ မျှဝေထားခဲ့ပါတယ်။လူငယ်တော်တော်များများဟာ အာဏာရှင်ကိုတွန်းလှန်နိုင်ဖို့အတွက် လွတ်မြောက်နယ်မြေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စစ်သင်တန်းတွေတက်ရောက်ကာ အသက်စွန့်ကြိုးစား တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။

တောထဲတောင်ထဲမှာ ဒုက္ခမျိုးစုံကို သည်းခံကာ အာဏာရှင်တော်လှန်ရေးအတွက် စစ်သင်တန်းတက်ရောက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF )တွေဟာ အားလုံးရဲ့အနာဂတ်တွေအတွက် အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြရတာလည်း ဖြစ်ပါတယ်။crd

Leave a Reply

Your email address will not be published.