Categories
sport
အောင်လအန်ဆန်းနှင့် ကေတီတို့ရဲ့ ပရိသတ်မသိသေးသော စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်း..0
အောင်လအန်ဆန်းနှင့် ကေတီတို့ရဲ့ ပရိသတ်မသိသေးသော စိတ်ဝင်စားစရာ အချစ်ဇာတ်လမ်း
မြန်မာပြည်သူတွေရဲ့ အချစ်တော် ကချင်လူမျိုး အောင်လအန်ဆန်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့ပြီး နှစ်အနည်းငယ် အကြာမှာဘဲ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး သူ၏မွေးချင်း ညီကိုမောင်နှမများ နှင့်အတူ ရန်ကုန် အင်တာနေရှင်နယ် စကူးမှာ တတ်ရောက် ပညာသင်ကြားခဲ့တာ ဖြစ်ပါသည်။
2003 ခုနှစ်တွင် အောင်လမိသားစုများဟာ အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပါသည်။ အမေရိကန်သို့ ပြောင်းရွှေ့ နေထိုင်ချိန်တွင် အောင်လ၏ အသက်မှာ 18 နစ်ပြည့်ပြီး ဖြစ်ပါသည်။ အောင်လဟာ အမေရိကန်မှာဘဲ ကျောင်းဆက်တတ်ခဲ့ပြီး ဘွဲ့ရရှိခဲ့တာ ဖြစ်ပါသည်။
အောင်လသည် ပညာသင်ယူ နေစဉ်အတွင်းမှာဘဲ လက်ဝှေ့ပညာရပ်ကို စိတ်ဝင်စားလျှက်ရှိပြီး အားလပ်သည့်အချိန်တိုင်း လက်ဝှေ့အားကစားကိုသာ လေ့ကျင့်ခဲ့တာ ဖြစ်ပါသည်။ 2005 ခုနှစ်တွင် အောင်လသည် MMA လောကသို့စတင်ဝင်ရောက်ခဲ့ပြီး အပျော်တန်း ထိုးသတ်ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပါသည်။
အောင်လဟာ 2009 ခုနှစ်တွင် သူလေ့ကျင့်နေသည့် ခရေဇီ 88 ဂျင် မှာ သင်တန်းဆရာအဖြစ် လေ့ကျင့်သင်ကြားနေစဉ်မှာ အဆိုပါ ဂျင် သို့ ပညာဆည်းပူးရန် ရောက်ရှိလာခဲ့သည့် ကေတီနှင့် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
ကတီနှင့် ဆုံတွေ့ပြီး မကြာခင် တစ်ရက်မှာ ကေတီက အောင်လကို အပြင်သွားဖို့ ကမ်းလှမ်းခဲ့ပါသည်။ ဒါပေမယ့် အောင်လက အဆိုပါကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါသည်။ဘာကြောင့် သူငြင်းရသလဲဆိုတာကို အင်တာဗျူး တစ်ခုပြန်လည် ပြောဆိုခဲ့ပါသည်။
” အဲ့အချိန်တုန်းက ကျွန်တော်က ဂျင်ထရိန်နာတစ်ယောက်ပါ။ ဆရာတစ်ယောက်အနေနဲ့ အခုမှရောက်လာတဲ့ သင်တန်းသူတစ်ယောက်နဲ့ အပြင်သွားတာ မဖြစ်သင့်ဘူးလို့ ထင်ခဲ့တာကြောင့် ငြင်းဆိုခဲ့တာပါ။” ဟု ပြန်လည်ပြောဆိုခဲ့ပါသည်။
သို့ပေမယ့် အောင်လဟာ ကေတီရဲ့ ဒုတိယအကြိမ် တောင်းဆိုမှုကိုတော့ ငြင်းပယ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ဒီတကြိမ်မှာတော့ လူကြမ်းကြီး အောင်လဟာ မိန်းမပျိုလေး ကေတီရဲ့ ဆန္ဒကို လိုက်လျောပေးခဲ့ရတာ ဖြစ်ပါတယ်။ ထိုအချိန်မှစ၍ လူကြမ်းကြီးအောင်လနှင့် မိန်းမပျိုလေး ကေတီတို့ရဲ့ အချစ်ဇာတ်လမ်း စတင်ခဲ့တာဖြစ်ပါသည်။
2013 ခုနှစ်တွင် အောင်လနှင့် ကေတီတို့သည် ဒေသဆိုင်ရာ တရားရုံးမှာ လက်မှတ်ထိုးခဲ့ကြပြီး တစ်နှစ်အကြာ 2014 ခုနှစ်မှာတော့ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခုချိန်မှာတော့ အောင်လတို့ဟာ သားတစ်ယောက်၊ သမီးတစ်ယောက်နှင့် မိသားစုဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြတာ ဖြစ်ပါသည်။crd
Leave a Reply
Your email address will not be published.