ဖားကန့်မှာ ထမင်းသွားဝယ်နေတုန်း စစ်ကောင်စီမှ See More…

ဖားကန့်မှာ ထမင်းသွားဝယ်နေတုန်း စစ်ကောင်စီမှSee More…

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မော်ဘုံ ကျေးရွာမှာ မေ ၃ ရက် မနေ့ညက လက်နက်ကြီးကျည်ထိမှန်ခဲ့လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းရာသီ ထမင်းဆိုင်ပိုင်ရှင် အသက် ၆၃ နှစ်အရွယ် ဦးယုံကွေ့နဲ့ အသက် ၄၅ နှစ်အရွယ် ဦးမောင်ထူးတို့ သေဆုံးခဲ့ပြီး နှစ်ဦးလုံးကို ဒီနေ့ပဲ သြင်္ဂိုဟ်လိုက်တယ်လို့ ဒေသခံတစ်ဦးက RFA ကိုေပြောပါတယ်

“ဆန်ခါထောင်မှာ စစ်ကောင်စီတပ်တွေရှိတယ်၊ အဲကပစ်တာ မှော်ဘုံဘက်ကို၊ လက်နက်ကြီး ငါးလုံးလောက်ပစ်တာ၊ လက်နက်ကြီးတစ်လုံးက ဆိုင်မှာကျလို့ ဆိုင်ရှင်နဲ့ ဈေးလာဝယ်တဲ့သူ တစ်ယောက် ဆုံးသွားတာ။ လက်တွေ၊ ခြေထောက်တွေ၊ ခေါင်းတွေမှာ ထိသွားတာ”

ဦးယုံကွေ့ဟာ ဝိုင်းမော်မြို့နယ် ခတ်ချိုရွာက ဖြစ်ပါတယ်။ ဦးမောင်ထူးက စစ်ကိုင်းတိုင်း မော်လူးမြို့ ဖြစ် ပြီး သူတို့နှစ်ဦးဟာ ဖားကန့်မြို့မှာ လာရောက်အလုပ် လုပ်ကိုင်နေသူတွေလို့လည်း ပြောပါတယ်။

 

မှော်ဘုံကျေးရွာထဲကို PDF တွေရှိတယ်လို့ အထင်နဲ့ စစ်တပ်ကနေ ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

မေလ ၂ ရက်နေ့ ညကလည်း ဖားကန့်မြို့ အေးမြသာယာရပ်ကွက်က ကျောက်ဝိုင်းအနီးမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။crd

ဖားကန့်မှာ ထမင်းသွားဝယ်နေတုန်း စစ်ကောင်စီမှSee More…

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု မော်ဘုံ ကျေးရွာမှာ မေ ၃ ရက် မနေ့ညက လက်နက်ကြီးကျည်ထိမှန်ခဲ့လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းရာသီ ထမင်းဆိုင်ပိုင်ရှင် အသက် ၆၃ နှစ်အရွယ် ဦးယုံကွေ့နဲ့ အသက် ၄၅ နှစ်အရွယ် ဦးမောင်ထူးတို့ သေဆုံးခဲ့ပြီး နှစ်ဦးလုံးကို ဒီနေ့ပဲ သင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတစ်ဦးက RFA ကိုေပြောပါတယ်

 

“ဆန်ခါထောင်မှာ စစ်ကောင်စီတပ်တွေရှိတယ်၊ အဲကပစ်တာ မှော်ဘုံဘက်ကို၊ လက်နက်ကြီး ငါးလုံးလောက်ပစ်တာ၊ လက်နက်ကြီးတစ်လုံးက ဆိုင်မှာကျလို့ ဆိုင်ရှင်နဲ့ ဈေးလာဝယ်တဲ့သူ တစ်ယောက် ဆုံးသွားတာ။ လက်တွေ၊ ခြေထောက်တွေ၊ ခေါင်းတွေမှာ ထိသွားတာ”

ဦးယုံကွေ့ဟာ ဝိုင်းမော်မြို့နယ် ခတ်ချိုရွာက ဖြစ်ပါတယ်။ ဦးမောင်ထူးက စစ်ကိုင်းတိုင်း မော်လူးမြို့ ဖြစ် ပြီး သူတို့နှစ်ဦးဟာ ဖားကန့်မြို့မှာ လာရောက်အလုပ် လုပ်ကိုင်နေသူတွေလို့လည်း ပြောပါတယ်။

မှော်ဘုံကျေးရွာထဲကို PDF တွေရှိတယ်လို့ အထင်နဲ့ စစ်တပ်ကနေ ပစ်ခတ်တာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ပြောပေမယ့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

မေလ ၂ ရက်နေ့ ညကလည်း ဖားကန့်မြို့ အေးမြသာယာရပ်ကွက်က ကျောက်ဝိုင်းအနီးမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။crd

Be the first to comment

Leave a Reply

Your email address will not be published.


*