ခရီးသည်တင်မှန်လုံယာဉ်နှင့် အိမ်စီးကားတို့See More…

ခရီးသည်တင်မှန်လုံယာဉ်နှင့် အိမ်စီးကားတို့ မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာနှင့် မော်ဟန်ကျေးရွာကြားရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ယမန်နေ့ မွန်းလွှဲ နှစ်နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသား သုံးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

ငွေနှင်းမန္တလာခရီးသည်တင်မှန်လုံကားကြီးနှင့် AD van ကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ AD Van ပေါ်မှ ယာဉ်မောင်းဖြစ်သူနှင့် ခရီးသည်နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း မော်လူး-မေတ္တာအားမာန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“ဒဏ်ရာရတဲ့သူတွေကို မိုးညှင်းဆေးရုံကို ပို့လိုက်တယ်။ အမျိုးသမီးမပါဘူးဗျ။ အမျိုးသားချည်းပဲ ခြောက်ယောက်။ ကျွန်တော်သိသလောက်ကတော့ ငါးဆယ်ကျော် နှစ်ယောက်ပါတယ်။ နှစ်ဆယ်ပတ်ဝန်းကျင် တစ်ယောက်ပါတယ်’’ ဟုပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသော အမျိုးသားသုံးဦးအနက် တစ်ဦးမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘိုကုန်းကျေးရွာတွင်နေထိုင်သော အသက်၁၇နှစ်အရွယ် ကိုဝင်းမျိုးကျော်ဆိုသူဖြစ်ပြီး ကျန်အမျိုးသားနှစ်ဦး၏ အမည်နှင့် နေရပ်လိပ်စာကိုမူ မသိရှိရသေးကြောင်းသူကပြောသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သူ အမျိုးသားသုံးဦးမှာ ကိုကျော်သူရ၊ ကိုချမ်းမင်းကျော်နှင့် ကိုထက်မြတ်ထွန်းတို့ဖြစ်ကြောင်း မိုးညှင်း-မေတ္တာလေညှင်းပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“မြစ်ကြီးနားပို့တဲ့ လူနာကတော့ ညာလက်ကျိုး၊ ညာပေါင်ကျိုးထားတယ်ဗျ။ ကျန်တဲ့နှစ်ယောက်က ခေါင်းတွေထိထားတယ်။ တစ်ဦးကတော့လမ်းလျှောက်နိုင်တယ်။ ကျန်တစ်ဦးက လမ်းမလျှောက်နိုင်ဘူးဗျ’’ ဟုပြောသည်။

အဆိုပါသုံးဦးမှ ကိုကျော်သူရကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကိုချမ်းမင်းကျော်နှင့် ကိုထက်မြတ်ထွန်းဆိုသည့် ညီအစ်ကိုနှစ်ဦးကိုမူ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဧပြီလ ၂၂ရက်နေ့ကလည်း မိုးညှင်းခရိုင် ဟိုပင်မြို့တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ဟိုပင်မြို့တွင်နေထိုင်သော အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။crd

ခရီးသည်တင်မှန်လုံယာဉ်နှင့် အိမ်စီးကားတို့See More…

ခရီးသည်တင်မှန်လုံယာဉ်နှင့် အိမ်စီးကားတို့ မိုးညှင်းမြို့နယ် နန့်စီးအောင်ကျေးရွာနှင့် မော်ဟန်ကျေးရွာကြားရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် ယမန်နေ့ မွန်းလွှဲ နှစ်နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သောကြောင့် အမျိုးသား သုံးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

ငွေနှင်းမန္တလာခရီးသည်တင်မှန်လုံကားကြီးနှင့် AD van ကားတစ်စီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ AD Van ပေါ်မှ ယာဉ်မောင်းဖြစ်သူနှင့် ခရီးသည်နှစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း မော်လူး-မေတ္တာအားမာန်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကို ပြောသည်။

“ဒဏ်ရာရတဲ့သူတွေကို မိုးညှင်းဆေးရုံကို ပို့လိုက်တယ်။ အမျိုးသမီးမပါဘူးဗျ။ အမျိုးသားချည်းပဲ ခြောက်ယောက်။ ကျွန်တော်သိသလောက်ကတော့ ငါးဆယ်ကျော် နှစ်ယောက်ပါတယ်။ နှစ်ဆယ်ပတ်ဝန်းကျင် တစ်ယောက်ပါတယ်’’ ဟုပြောသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသော အမျိုးသားသုံးဦးအနက် တစ်ဦးမှာ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘိုကုန်းကျေးရွာတွင်နေထိုင်သော အသက်၁ရနှစ်အရွယ် ကိုဝင်းမျိုးကျော်ဆိုသူဖြစ်ပြီး ကျန်အမျိုးသားနှစ်ဦး၏ အမည်နှင့် နေရပ်လိပ်စာကိုမူ မသိရှိရသေးကြောင်းသူကပြောသည်။

ပြင်းထန်ဒဏ်ရာရရှိခဲ့သူ အမျိုးသားသုံးဦးမှာ ကိုကျော်သူရ၊ ကိုချမ်းမင်းကျော်နှင့် ကိုထက်မြတ်ထွန်းတို့ဖြစ်ကြောင်း မိုးညှင်း-မေတ္တာလေညှင်းပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“မြစ်ကြီးနားပို့တဲ့ လူနာကတော့ ညာလက်ကျိုး၊ ညာပေါင်ကျိုးထားတယ်ဗျ။ ကျန်တဲ့နှစ်ယောက်က ခေါင်းတွေထိထားတယ်။ တစ်ဦးကတော့လမ်းလျှောက်နိုင်တယ်။ ကျန်တစ်ဦးက လမ်းမလျှောက်နိုင်ဘူးဗျ’’ ဟုပြောသည်။

အဆိုပါသုံးဦးမှ ကိုကျော်သူရကို မြစ်ကြီးနားဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ကိုချမ်းမင်းကျော်နှင့် ကိုထက်မြတ်ထွန်းဆိုသည့် ညီအစ်ကိုနှစ်ဦးကိုမူ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဧပြီလ ၂၂ရက်နေ့ကလည်း မိုးညှင်းခရိုင် ဟိုပင်မြို့တွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ဟိုပင်မြို့တွင်နေထိုင်သော အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့သည်။crd

Leave a Reply

Your email address will not be published.