ဘိုကလေးမြို့နယ်တွင် ၁၄နှစ်အရွယ်ကျောင်းသူကို ပထွေးဖြစ်သူက အကြိမ်ကြိမ်သားမယားအပြုကျင့်ခံမှု ကိုယ်ဝန်ရမှပေါ်ပေါက်

ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စုငပုတ်သင်တန်းကျေးရွာတွင်အသက်(၁၄)နှစ်အရွယ် ကျောင်းသူကို သားမယားအဖြစ် အကြိမ်အကြိမ်ပြုကျင့်ခဲ့သည့်ပထွေးကို မေလ ၃ ရက်ကကြိမ်းချောင်းကြီးရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်းအဆိုပါ ရဲစခန်းကသိရသည်။

ဘိုကလေးမြို့နယ်ငပုတ်သင်တန်းကျေးရွာ ဆတ်ကျွန်းကျေးရွာအုပ်စုတွင်နေထိုင်သည့်ပထွေးဖြစ်သူ သန်းဇော် အသက်(၃၄)နှစ်မှလွန်ခဲ့သော(၃)လခန့်က မိခင်ဖြစ်သူနေအိမ်တွင်မရှိခိုက်ည(၈)နာရီအချိန်ခန့်တွင် အသက်(၁၄)နှစ်အရွယ်မိန်းကလေးငယ်အား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းသိရသည်။

ထို့ပြင်မိခင်နှင့်ပတ်ဝန်းကျင်ကို ပြန်ပြောရင်မိသားစုကိုပြန်ပြောရင်သတ်ပြစ်မည်ဟုပြောဆိုထား၍ပြန်မပြောခဲ့၍ မပြောရဲဖြစ်ခဲ့ပြီးမေလ ၂ ရက်ညနေပိုင်းကအသက်(၁၄)နှစ်အရွယ်မိန်းကလေးငယ် ၏တစ်ရွာတည်းနေအဒေါ်တော်စပ်သူ ဒေါ်သိန်းဟန်းနှင့် ဒေါ်စန္ဒာတို့ထံသွားရောက်ပြောဆိုခဲ့ကြောင်းသိရသည်။

အဆိုပါ အသက် ၁၄ နှစ်အရွယ်ကျောင်း သူမိန်းကလေးငယ်၏ပြောပြချက်အရ မိန်းကလေး ၎င်းအားပထွေးဖြစ်သူသန်းဇော်မှသားမယားအဖြစ်(၅) ကြိမ်းအထိပြုခဲ့သည်ဟုသိရ၍ အဒေါ်တော်စပ်သူများက မိန်းကလေးငယ်ကိုဆီစစ်တံဖြင့်စစ်ဆေးကြည့်ရာ ကိုယ်ဝန်ရှိနေကြောင်းသိရခြင်းဖြစ်သည်။

”ပြစ်မှုကျူလွန်သူက သန်းဇော်(၃၄)နှစ်ပါ အဖ ဦးပေါက်စဖြစ်ပါတယ်။ငပုတ်သင်တန်းကျေးရွာ ဆတ်ကျွန်းကျေးရွာအုပ်စုဘိုကလေးမြို့နယ်နေသူဖြစ်
ပါတယ်။သားမယားအဖြစ်ပြုကျင့်ခံရသူ မိန်းကလေးငယ်ရဲ့မိခင်၏ ဒုတိယယောင်္ကျားပါ။

သားမယားအဖြစ်ပြုကျင့်ခံရတဲ့မိန်းကလေးက (၄)တန်းကျောင်းသူဖြစ်ပါတယ်။မနေ့ကလာတိုင်တာ ဖြစ်လို့လက်ရှိ ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးစစ်ဆေးနေ ပါတယ်။”ဟုကြိမ်းချောင်းကြီးနယ်မြေရဲစခန်းမှတာဝန်ရှိ ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အားကြိမ်ချောင်းနယ်မြေရဲစခန်းက ပြစ်မှုကျူးလွန်သူ သန်းဇော်အား(ပ) ၁၄/၂၀၂၂ ၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ အမှုဖွင့်အရေးယူထားကြောင်းအရသိရသည်။
crd

ဘိုကလေးမြို့နယ်တွင် ၁၄နှစ်အရွယ်ကျောင်းသူကို ပထွေးဖြစ်သူက အကြိမ်ကြိမ်သားမယားအပြုကျင့်ခံမှု ကိုယ်ဝန်ရမှပေါ်ပေါက်

ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ် ဆတ်ကျွန်းကျေးရွာအုပ်စုငပုတ်သင်တန်းကျေးရွာတွင်အသက်(၁၄)နှစ်အရွယ် ကျောင်းသူကို သားမယားအဖြစ် အကြိမ်အကြိမ်ပြုကျင့်ခဲ့သည့်ပထွေးကို မေလ ၃ ရက်ကကြိမ်းချောင်းကြီးရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခဲ့ကြောင်းအဆိုပါ ရဲစခန်းကသိရသည်။

ဘိုကလေးမြို့နယ်ငပုတ်သင်တန်းကျေးရွာ ဆတ်ကျွန်းကျေးရွာအုပ်စုတွင်နေထိုင်သည့်ပထွေးဖြစ်သူ သန်းဇော် အသက်(၃၄)နှစ်မှလွန်ခဲ့သော(၃)လခန့်က မိခင်ဖြစ်သူနေအိမ်တွင်မရှိခိုက်ည(၈)နာရီအချိန်ခန့်တွင် အသက်(၁၄)နှစ်အရွယ်မိန်းကလေးငယ်အား သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းသိရသည်။

ထို့ပြင်မိခင်နှင့်ပတ်ဝန်းကျင်ကို ပြန်ပြောရင်မိသားစုကိုပြန်ပြောရင်သတ်ပြစ်မည်ဟုပြောဆိုထား၍ပြန်မပြောခဲ့၍ မပြောရဲဖြစ်ခဲ့ပြီးမေလ ၂ ရက်ညနေပိုင်းကအသက်(၁၄)နှစ်အရွယ်မိန်းကလေးငယ် ၏တစ်ရွာတည်းနေအဒေါ်တော်စပ်သူ ဒေါ်သိန်းဟန်းနှင့် ဒေါ်စန္ဒာတို့ထံသွားရောက်ပြောဆိုခဲ့ကြောင်းသိရသည်။

အဆိုပါ အသက် ၁၄ နှစ်အရွယ်ကျောင်း သူမိန်းကလေးငယ်၏ပြောပြချက်အရ မိန်းကလေး ၄င်းအားပထွေးဖြစ်သူသန်းဇော်မှသားမယားအဖြစ်(၅) ကြိမ်းအထိပြုခဲ့သည်ဟုသိရ၍ အဒေါ်တော်စပ်သူများက မိန်းကလေးငယ်ကိုဆီစစ်တံဖြင့်စစ်ဆေးကြည့်ရာ ကိုယ်ဝန်ရှိနေကြောင်းသိရခြင်းဖြစ်သည်။

”ပြစ်မှုကျူလွန်သူက သန်းဇော်(၃၄)နှစ်ပါ အဖ ဦးပေါက်စဖြစ်ပါတယ်။ငပုတ်သင်တန်းကျေးရွာ ဆတ်ကျွန်းကျေးရွာအုပ်စုဘိုကလေးမြို့နယ်နေသူဖြစ်
ပါတယ်။သားမယားအဖြစ်ပြုကျင့်ခံရသူ မိန်းကလေးငယ်ရဲ့မိခင်၏ ဒုတိယယောင်္ကျားပါ။

သားမယားအဖြစ်ပြုကျင့်ခံရတဲ့မိန်းကလေးက (၄)တန်းကျောင်းသူဖြစ်ပါတယ်။မနေ့ကလာတိုင်တာ ဖြစ်လို့လက်ရှိ ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးစစ်ဆေးနေ ပါတယ်။”ဟုကြိမ်းချောင်းကြီးနယ်မြေရဲစခန်းမှတာဝန်ရှိ ရဲအရာရှိတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အားကြိမ်ချောင်းနယ်မြေရဲစခန်းက ပြစ်မှုကျူးလွန်သူ သန်းဇော်အား(ပ) ၁၄/၂၀၂၂ ၊ရာဇသတ်ကြီးပုဒ်မ ၃၇၆ အမှုဖွင့်အရေးယူထားကြောင်းအရသိရသည်။
crd

Leave a Reply

Your email address will not be published.