Categories
သတင်း

ထိုင်းမှ မြန်မာနိုင်ငံကို ပြန်ပို့မယ့် မြန်မာနိုင်ငံသားတစ်ယောက် ကိုယ့်ကိုကို အဆုံးစီရင်

ထိုင်း နိုင်ငံ ဖရာ ပရာဒါအန်းဒေသ ရှိ ဆမ်ရောင် တောင်ပိုင်း ရဲစခန်း မှာဖမ်းဆီးခံထားရပြီး မိခင်နိုင်ငံ ကိုပြန် လည် ပို့ဆောင်ရန် စီစဉ်ထားတဲ့ မြန်မာ နိုင်ငံသားတစ်ဦး တနင်္ဂနွေ နေ့ မနက်စောစောပိုင်း က သူ့ကိုယ်သူ ကြိုးဆွဲချ သတ်သေသွားကြောင်း ထိုင်း ရဲတပ်ဖွဲ့ကပြောကြားပါတယ်။…

အဲဒီအမျိုးသားဟာ အသက် ၃၅ နှစ် အရွယ် မြန်မာ နိုင်ငံသားဖြစ်ပြီး ထိုင်း နိုင်ငံသို့ တရားမဝင်ဝင်ရောက်မှု၊ မက်သာဖက်တမင်း ဆေးပြားတွေ နဲ့ အိုက်စ် လို့ ခေါ်တဲ့ မက်သာဖက်တမင်း ခရစ္စတယ် မူးယစ်ဆေးဝါး တွေ လက်ဝယ်တွေ့ရှိမှု နဲ့ ဖမ်းဆီး ခံခဲ့ရတာဖြစ်တယ်လို့ ဆမ်ရောင် တောင် ပိုင်း ဒေသ ရဲမှူးကြီး ချာကရာပွန် နု့ခ်ျပါဒေါင် ကပြောကြားပါတယ်။….

အဲဒီ မြန်မာ နိုင်ငံသားဟာ ဥပဒေချိုးဖောက်မှုတွေ အတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ထောင်ဒဏ် ကျခံရမှု ပြီးဆုံးပြီဖြစ် ကာ မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးစီစဉ်ထားချိန်အတွင်း ရဲ အချုပ်ခန်းမှာ ထိန်းသိမ်းခံထားရတာ ဖြစ်တယ်လို့ ရဲမှူးကြီး ကပြောကြားပါတယ်။

တနင်္ဂနွေ နေ့ မနက်စောစော ၂ နာရီ ခွဲလောက်မှာ အဲဒီ မြန်မာ နိုင်ငံသားအချုပ်သား ရဲ့ အချုပ်ခန်း ကို ပုံမှန် စစ်ဆေးလေ့ရှိတဲ့ ရဲအရာရှိက သူဟာ ကိုယ့်ကိုယ် ကို သေကြောင်းကြံစည်သွားကြောင်း ရဲမှူးကြီး ဆီ ကို သတင်း ပေးပို့ခဲ့ပါတယ်။…

အဲဒီအချုပ်သား ဟာ သူရဲ့ ဘောင်းဘီ ရှည် ကနေ ထုတ်ယူထားတဲ့ ကြိုး ကိုသုံးပြီး အချုပ်ခန်း သံတိုင်တွေ ကနေ ကြိုးဆွဲချ သေဆုံးသွားတာ ဖြစ်တယ်လို့ ထိုင်း ရဲ တပ်ဖွဲ့ ကပြောပါတယ်။ သေဆုံးသွားသူကို စစ်ဆေးမှု အတွင်း အစိုးရ ရှေ့နေ တစ်ဦး ဒေသဆိုင်ရာ အကြီးအကဲ တွေ နဲ့ ဘန်ချက် ဆေး ရုံက ဆရာဝန် တစ်ဦး ပါဝင်ကူညီပေးခဲ့ကြောင်း သိရပါတယ်။…

လုံခြုံရေး ကင်မရာ က အဲဒီ အချုပ်ခန်း ဧရိယာ အထိ မှတ်တမ်း တင်မထား နိုင်တာကြောင့် သေဆုံးရတဲ့ အကြောင်းရင်း ကို စုံစမ်း စစ်ဆေးရေး ကော်မတီ တစ်ရပ် ဖွဲ့စည်း ထားကြောင်း ရဲမှူးကြီး ချာကရာပွန် နု့ခ်ျပါဒေါင် ကပြောကြားပါတယ်။…

ကနဦး သုံးသပ်ချက် အရ အဲဒီ မြန်မာ နိုင်ငံသား ဟာ ဖမ်းဆီးချုပ်နှောင် ခံထားရချိန် အတွင်း စိတ်ဖိ စီး မှုများ လွန်းတာကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာဖြစ်တယ်လို့ ယုံကြည်ရကြောင်း ရဲမှူးကြီး ကပြောကြားပါတယ်။crd…

Leave a Reply

Your email address will not be published.