Categories
သတင်း

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က နပခတိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို ဒဲ့ပြောနေပြီနော်

စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စစ်ကောင်စီတပ် နပခတိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို နေတဲ့နေရာထိတက်ပြီး တက်ကျုံးမည်ဟုကြိမ်းဝါး

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီရဲ့ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို ၎င်းရဲ့ လူမှုကွန်ရက် Twitter ကနေတဆင့် ကြိမ်းဝါးလိုက်ပါတယ်

ငြိမ်းချမ်းရေးကို ဂရုစိုက်နေမှာ မဟုတ်ဘဲ တိုင်းမှူးနေတဲ့နေရာ အမ်းမြို့၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အထိ တိုက်ခိုက်ခံရမယ်လို့ သတိပေးပြောဆိုလိုက်တာပါ

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ကိုထင်လတ်ဦးသိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ။ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာမဟုတ်ဘူး မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော် လို့ ၎င်းရဲ့ လူမှုကွန်ရက် Twitter အကောင့်ကနေ အခုလို တွင် ရေးသားထားပါတယ်

စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ စစ်အင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေပြီး စစ်ရေးတင်း မာမှုရှိနေတဲ့အပြင် ယခုရက်ပိုင်းအတွင်းမှာဘဲ AA နဲ့ပတ် သက်တဲ့သူတွေကို

စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေဆက်တိုက် လုပ်ဆောင်နေလို့ အခုလိုသတိပေးပြောဆိုတာဖြစ်နိုင်တယ်လို့ ရက္ခိုင့် တပ်တော်-AAနဲ့ နီးစပ်သူတွေတချို့က ဧရာဝတီတိုင်းမ်ကိုပြောဆိုပါတယ်

ဧပြီလ ၂၂ ရက်နေ့မှာ စစ်ခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့ပါမည် မေလ ၉ ရက်နေ့နောက်ဆုံးစာရင်းပေးပါဟု ပြောဆိုဖိတ်ခေါ်ထားပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာတော့ ရက္ခိုင့်တပ်တော်-AA ခေါင်းဆောင်က စစ်ရေးနဲ့ ပတ်သက်လို့ ဒီကနေ့မှာအခုလိုရေးသားထားတာပါ/crd

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က နပခတိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို ဒဲ့ပြောနေပြီနော်

စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က စစ်ကောင်စီတပ် နပခတိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို နေတဲ့နေရာထိတက်ပြီး ​တက်ကျုံးမည်ဟုကြိမ်းဝါး

ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီရဲ့ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို ၄င်းရဲ့ လူမှုကွန်ရက် Twitter ကနေတဆင့် ကြိမ်းဝါးလိုက်ပါတယ်

ငြိမ်းချမ်းရေးကို ဂရုစိုက်နေမှာ မဟုတ်ဘဲ တိုင်းမှူးနေတဲ့နေရာ အမ်းမြို့၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အထိ တိုက်ခိုက်ခံရမယ်လို့ သတိပေးပြောဆိုလိုက်တာပါ

ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ကိုထင်လတ်ဦးသိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ။ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာမဟုတ်ဘူး မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော် လို့ ၄င်းရဲ့ လူမှုကွန်ရက် Twitter အကောင့်ကနေ အခုလို တွင် ရေးသားထားပါတယ်

စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ စစ်အင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေပြီး စစ်ရေးတင်း မာမှုရှိနေတဲ့အပြင် ယခုရက်ပိုင်းအတွင်းမှာဘဲ AA နဲ့ပတ် သက်တဲ့သူတွေကို

စစ်ကောင်စီတပ်က ဖမ်းဆီးတာတွေဆက်တိုက် လုပ်ဆောင်နေလို့ အခုလိုသတိပေးပြောဆိုတာဖြစ်နိုင်တယ်လို့ ရက္ခိုင့် တပ်တော်-AAနဲ့ နီးစပ်သူတွေတချို့က ဧရာဝတီတိုင်းမ်ကိုပြောဆိုပါတယ်

ဧပြီလ ၂၂ ရက်နေ့မှာ စစ်ခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေကို သူကိုယ်တိုင် တွေ့ပါမည် မေလ ၉ ရက်နေ့နောက်ဆုံးစာရင်းပေးပါဟု ပြောဆိုဖိတ်ခေါ်ထားပေမယ့် ရခိုင်ပြည်နယ်အတွင်းမှာတော့ ရက္ခိုင့်တပ်တော်-AA ခေါင်းဆောင်က စစ်ရေးနဲ့ ပတ်သက်လို့ ဒီကနေ့မှာအခုလိုရေးသားထားတာပါ/crd

Leave a Reply

Your email address will not be published.