ယောင်းမဖြစ်သူကို ချစ်ခြင်းကိုမခွဲဖို့ပြောရာ လက်မခံသဖြင့် စကားအခြေအတင်များခဲ့ရာမှ
ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ညနေ ၈ နာရီခန့်ကကျူးလွန်သူ သက်မှူးခင်(ခ) သက်နှင်းအေးက သေဆုံးသူ မကေကေအောင်၏ မောင်အရင်းဖြစ်သူနှင့် ချစ်ကြိုက်နေသည့်အတွက်
၎င်းတို့ချစ်ခြင်းကိုမခွဲရန် မကေကေအောင်အားပြောဆိုခဲ့ကြောင်း၊ ယင်းသို့ပြောဆိုစဉ် လက်မခံသဖြင့် စကားအခြေအတင်များခဲ့ရာကနေ လူ သက်မှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
ဖြစ်စဉ်မှာ ညနေ ၈ နာရီအချိန်ခန့်တွင် တာမွေမြို့နယ်နေ မ—– သည် နေအိမ်၌ ရှိနေစဉ် အစ်မဖြစ်သူ မကေကေအောင်၏ ချစ်သူဖြစ်သူ ရောက်ရှိလာပြီး အစ်မဖြစ်သူမှာ ၎င်း၏အိမ်အောက်ထပ်မီးဖိုခန်းတွင် ဒဏ်ရာများဖြင့် လဲကျနေသဖြင့် သျှင်ပါကူဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်းပြောသဖြင့် နှစ်ယောက်အတူ ဆေးရုံသို့သွားရောက်၍ကြည့်ရှုခဲ့ပါသည်။
အမှုမှန်ဖော်ထုတ်နိုင်ရေးအတွက် အခင်းဖြစ်နေအိမ်သို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ မှုခင်းဖော်ထုတ် ရေးရဲတပ်ဖွဲ့ဝင် များ၊ အရှေ့ပိုင်းခရိုင်၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များနှင့် တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်၍ အသေးစိတ်စစ်ဆေးဆောင်ရွက်ခဲ့သည်။
အမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၎င်းနေအိမ်တွင်နေထိုင်သူ မရွန်းလဲ့ဝေ(ခ) ရကောက်အား စစ်မေးရာ မကေကေအောင်သည် ညနေ ၆နာရီကျော် အချိန်ခန့်တွင် ၎င်းနေထိုင်မကောင်းသဖြင့် စားစရာများနှင့်အတူ နေအိမ်သို့ရောက်ရှိလာကြောင်း၊
ထို့နောက် နေအိမ်အပေါ်ထပ်တွင် စကားပြော ဆိုပြီး အောက်ထပ်သို့ဆင်းသွားခဲ့ကြောင်း၊ ခဏအကြာ ၎င်းမှ နေအိမ်ဝရန်တာမှနေ၍ အောက်သို့ကြည့်ရာ မကေကေအောင်၏ မော်တော်ယာဉ်မှာ နေအိမ်ရှေ့တွင်ရှိနေသည်ကို တွေ့ရသဖြင့် နေအိမ်အောက်ထပ်သို့ဆင်းကြည့်ရာ မကေကေအောင်မှာ မီးဖိုခန်းအတွင်းေ—သွ-းအို—င်ထဲတွင်
မှေ–ာက်လျ—က်အနေအထားဖြင့်လဲကျနေသည်ကိုတွေ့ရှိရကြောင်း၊ အခင်းဖြစ်နေရာအနီးတွင် သက်မှူးခင်(ခ) သက်နှင်းအေးအားတွေ့ရှိရကြောင်း စစ်ဆေးသိရှိရသဖြင့် အခင်းဖြစ်နေရာ အနီးရှိသူ သက်မှူးခင်(ခ) သက်နှင်းအေးအား ဆက်လက်စစ်ဆေးရာ ၎င်းသည် သေဆုံးသူ မကေကေအောင်၏ မောင်အရင်းဖြစ်သူနှင့်
ချစ်ကြိုက်နေသည့်အတွက် ၎င်းတို့ချစ်ခြင်းကိုမခွဲရန် မကေကေအောင်အားပြောဆိုခဲ့ကြောင်း၊ ယင်းသို့ပြောဆိုစဉ် လက်မခံသဖြင့် စကားအခြေအတင်များခဲ့ကြကြောင်းသိရှိရပါသည်။crd