Categories
သတင်း

နှမချင်းမစာနာဘဲ စိတ်မမှန်တဲ့ ၁၃ နှစ်သမီးလေးကို တို့ဆေးနဲ့တို့ပြီး တည်းခိုခန်းထဲမှာ…(အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ပါ)…z

နှမချင်းမစာနာဘဲ စိတ်မမှန်တဲ့ ၁၃ နှစ်သမီးလေးကို တို့ဆေးနဲ့တို့ပြီး တည်းခိုခန်းထဲမှာ…(အပြည့်စုံဖတ်ရန် ပုံကိုနှိပ်ပါ)

မော်လမြိုင်မြို့ အသက် ၁၃ နှစ်အရွယ် (ခန့်မှန်း) မိန်းကလေးကို မြင်းဆေးဟု အများသိထားကြသည့် တို့ဆေးတစ်မျိုးနဲ့ အရက်တိုက်ကာ အဓမ္မပြုကျင့်ခဲ့ပြီးနောက် တည်းခိုခန်းထဲမှာ ပစ်သွားခဲ့မှုတစ်ခု နိုဝင်ဘာ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့သည်။

မျက်မြင်သက်သေများ၏ အဆိုအရ မိန်းကလေးတစ်ဦး မော်လမြိုင်မြို့ရှိ စတိုင်တည်းခိုခန်းမှ ညနေ၅ နာရီဝန်းကျင်တွင် ထွက်လာပြီး ထိုင်ငိုနေတာကို တွေ့ရပါတယ်။ လူကလည်း အားပြတ်မူးဝေနေပြီး အနားက ဖြတ်သွားသမျှလူတွေကို အကူအညီတောင်းနေပါတယ်။

ဒါပေမယ့် ဘယ်သူကမှ ဘာကိစ္စမှန်းမသိဘဲ မကူညီရဲကြသဖြင့် နောက်ဆုံးမှာ အားပြတ်ပြီး နဝရတ် တည်းခိုခန်းရှေ့က တက္ကစီဂိတ်နားမှာ လဲကျသွားခဲ့ပါတယ်။ အဲဒီတော့မှ ကယ်ရီသမားတွေက ရာမညကယ်ဆယ်ရေးအဖွဲ့ကို ဖုန်းဆက် အကုန်အညီတောင်းပြီး ကောင်မလေးကို ဆေးရုံပို့ပေးခဲ့ပါတယ်။

ဆေးရုံက ကနဦးစစ်ဆေးမှုတွေပြုလုပ်ပြီး ရဲအမှုဖြစ်ပါက သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထဲ အကြောင်းကြား၍ ဆောင်ရွက်ရန် ပြောဆိုသဖြင့် အုပ်ချုပ်ရေးမှူးရုံးသိုပ ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာကို အကြောင်းကြားခဲ့ပါသည်။

ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ မိန်းကလေးမှာ ရန်ကုန်မြို့ လှိုင်သာယာမှ မော်လမြိုင်မြို့သို့ရောက်လာခဲ့ကြောင်း ကျူးလွန်ခဲ့သည် ဟု သံသယရှိသူမှာ မြဝတီလိုင်းကားမောင်းသူ ဖြစ်နေကြောင်း သိရပြီး မိန်းကလေးကို ဆေးရုံသို့ပို့ဆောင်ကာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ကြသည်။

မိန်းကလေး၏ မိဘများနှင့် အဆက်အသွယ်ပြန်ရခဲ့သည်။ မိန်းကလေးမှာ လွန်ခဲ့သော ၁၀ ရက်ခန့်က အိမ်မှပျောက်သွားသူဖြစ်ကြောင်း သိရပြီး လက်ရှိအချိန်ထိ စိတ်ပိုင်းဆိုင်ရာ မူမမှန်သေးကြောင်း သိရှိရသည်။

ကလေး၏ မိဘများကို မော်လမြိုင်မြို့သို့ ခေါ်ယူကာ မိန်းကလေးအား စောင့်ရှောက်ရန် စေခိုင်းထားပြီးအမှုကို သေချာအောင် ဆက်လက်စုံစမ်းနေကြောင်း သိရသည်။crd

Leave a Reply

Your email address will not be published.