Categories
သတင်း

အိုမီခရွန် မျိုးသစ်(၃)နဲ့ ပတ်သက်ပြီး တစ်ကမ္ဘာလုံးကို WHO သတိပေးလိုက်ပြီ

WHO က Omicron မျိုးစိတ်သစ် ၃ ခုနဲ့ ပတ်သက်ပြီး သတိပေး

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) က ကူးစက်မှု မြန်ဆန်နိုင်ပြီး အဆုတ်ကို ထိခိုက်စေနိုင်တဲ့ Omicron မျိုးစိတ်သစ် ၃ ခုနဲ့ ပတ်သက်ပြီး သတိပေးလိုက်ကြောင်း Ramathibodi Hospital’s Center for Medical Genomics (CMG) က ပြောပါတယ်။

အဲဒီ မျိုးစိတ်သစ်တွေက BA.4 , BA.5 နဲ့ BA.2.12.1 တို့ ဖြစ်ပြီး အရင် Omicron မျိုးစိတ်တွေထက် ရောဂါလက္ခဏာ ပိုမို ပြင်းထန်နိုင်ပါတယ်။CMG က WHO နဲ့ သိပ္ပံပညာရှင်များ

စွာဟာ တောင်အာဖရိကနဲ့ အမေရိကန်မှာ အဲဒီ မျိုးစိတ်သစ် ၃ ခုကို လေ့လာစောင့်ကြည့်နေတာ ရက်သတ္တပတ် အနည်းငယ်ရှိပြီလို့ ပြောပါတယ်။ပြီးခဲ့တဲ့ လက တောင်အာဖရိကက သိပ္ပံပညာရှင်တွေဟာ BA.4 နဲ့ BA.5 ကို

စစ်ဆေးတွေ့ရှိပြီး ဓါတ်ခွဲခန်း စမ်းသပ်ချက်တွေအရ အဲဒီ မျိုးစိတ်သစ်တွေဟာ မူလ Omicron မျိုးစိတ် ကူးစက် ထားဖူးသူတွေကိုလည်း ပြန်လည် ကူးစက်နိုင်ပါတယ်။တောင်အာဖရိကနဲ့ အမေရိကန်မှာ အဲဒီ မျိုးစိတ်သစ်

ကူးစက်ခံရလို့ ဆေးရုံတက်ရတဲ့ လူနာ အရေအတွက် မြင့်မားနေပါတယ်။ ဒါပေမယ့် သေဆုံးမှုနှုန်း မတိုးတက်လာဘူးလို့ သိရပါတယ်။crd

Leave a Reply

Your email address will not be published.