စစ္ကိုင္းအေျခစိုက္PDFအဖြဲ႕ ကေတာ့ ျပည္သူေတြကို ထုတ္ျပန္လိုက္ျပီ..z

စစ္ကိုင္းအေျခစိုက္PDFအဖြဲ႕ ကေတာ့ ျပည္သူေတြကို ထုတ္ျပန္လိုက္ျပီ

ေဝယံမိုး ကိုးလုံးက်ည္ ထည့္ကာ ပစ္ခတ္ရသည့္ ေသနတ္ အမ်ိဳးအစား Shotgun ကို ပထမဦးဆုံး ေအာင္ျမင္စြာ ထုတ္လုပ္ ၿပီးစီးေၾကာင္း အာဏာသိမ္းစစ္တပ္ကို ေတာ္လွန္တိုက္ခိုက္ေနသည့္ စစ္ကိုင္းတိုင္းအေျခစိုက္ Special Attacking Force – Upper Burma – SAF က ထုတ္ျပန္ ေျပာဆိုသည္။

ႏွစ္လေက်ာ္ၾကာ အခ်ိန္ယူေလ့လာ ျပင္ဆင္ ထုတ္လုပ္ခဲ့အၿပီး ယေန႔တြင္ စမ္းသပ္မွု ေအာင္ျမင္ ခဲ့ၿပီ ဟု SAF ျပန္ၾကားေရး တာဝန္ခံက ယေန႔ ဇန္နဝါရီလ ၂၀ ရက္တြင္ ေျပာသည္။ ရရာလက္နက္ ဆြဲကိုင္ ေတာ္လွန္ေနရေသာ ယခုအခ်ိန္တြင္ လက္နက္အင္အား နည္းေနျခင္းက ႀကီးမားသည့္ စိန္ေခၚမွု တစ္ခု ျဖစ္လာရာ လက္နက္ တီထြင္ ထုတ္လုပ္မွု လုပ္ငန္းသည္ အခရာ အက်ဆုံး ျဖစ္လာခဲ့သည္ဟု SAF တာဝန္ခံက ေျပာသည္။

“လက္နက္ထုတ္တဲ့ တာဝန္ခံဆိုရင္ တစ္ေန႔တစ္ေန႔ Youtube ၾကည့္ ထုတ္လုပ္ပုံ အဆင့္ဆင့္ကို ေလ့လာ ပစၥည္းေတြစုနဲ႔ နားရတယ္ကို မရွိဘူး။ ႏွစ္လေလာက္ ၾကာတဲ့အထိ အားစိုက္ၿပီး လုပ္ရတယ္ “ဟု လက္နက္ ထုတ္လုပ္ရာတြင္ ႀကိဳးစားခဲ့ရပုံကို ၎က ရွင္းျပသည္။

Shotgun ထုတ္လုပ္ၿပီးသား တစ္လက္လၽွင္ လက္ရွိတြင္ သိန္း ၂၀ ခန႔္ ကုန္က်မည္ ျဖစ္ေသာ္လည္း ကိုယ္ပိုင္ ထုတ္လုပ္နိုင္ခဲ့သည့္ အတြက္ စရိတ္ ငါးသိန္းဝန္းက်င္သာ ကုန္က်သည္ဟု SAF ျပန္ၾကားေရး တာဝန္ခံက ေျပာသည္။

ယခု ထုတ္လုပ္ထားသည့္ လက္နက္သည္ ကိုးလုံးက်ည္ ထည့္ကာ အသင့္ ပစ္ခတ္နိုင္သည့္ အတြက္ ေတာ္လွန္ေရး ရဲေဘာ္မ်ားအတြက္ အဆင္ေျပေၾကာင္းလည္း ၎ကေျပာသည္။

ေျမျပင္တြင္ တိုက္ပြဲဝင္လၽွက္ရွိသည့္ ၎တို့အဖြဲ႕အား ေမာင္းျပန္ လက္နက္ မတပ္ဆင္ ေပးနိုင္ေသးသည့္အတြက္ အမ်ိဳးသား ညီညြတ္ေရးအစိုးရ NUG အား ေအာက္ပါအတိုင္း မွတ္ခ်က္ျပဳ ေျပာသည္။

“NUG ကိုေတာ့ အမ်ားႀကီးေတာ့ မေျပာခ်င္ပါဘူး။ ကၽြန္ေတာ္တို့မွာ လက္နက္ မရွိရင္ ဆုံးရွုံးရနိုင္တဲ့ အသက္ေတြ အမ်ားႀကီးရွိတယ္။ ဒါေၾကာင့္ပဲ ကိုယ့္အားကိုယ္ ကိုးၿပီး ခုလို တီထြင္ ထုတ္လုပ္ လာရတာပါ၊ NUG က ေတာ္လွန္ေရး

တပ္သားေတြ အကုန္လုံးကို လက္နက္ တပ္ဆင္တာမ်ိဳး မလုပ္ေပး နိုင္ေသးရင္ေတာင္ တစ္ဖြဲ႕ကို နည္းနည္းဆီ ေပးထားနိုင္ရင္ မဆိုးဘူးေပါ့။ ကၽြန္ေတာ္တို့ အဖြဲ႕ဆီကိုေတာ့ NUG က လက္နက္ေတာ့မရေသးဘူး ေငြေၾကးကူညီတာေတာ့ရွိတယ္” ဟု SAF တာဝန္ခံက ေျပာသည္။

အမ်ိဳးသားညီညြတ္ေရးအစိုးရက လက္နက္တပ္ဆင္မွု ျမန္ျမန္ ေဆာင္ရြက္နိုင္လၽွင္ ေတာ္လွန္ေရး ျမန္ျမန္ ၿပီးေျမာက္မည္ ျဖစ္ေၾကာင္းလည္း ၎က ေျပာသည္။crd

စစ်ကိုင်းအခြေစိုက်PDFအဖွဲ့ ကတော့ ပြည်သူတွေကို ထုတ်ပြန်လိုက်ပြီ

ဝေယံမိုး ကိုးလုံးကျည် ထည့်ကာ ပစ်ခတ်ရသည့် သေနတ် အမျိုးအစား Shotgun ကို ပထမဦးဆုံး အောင်မြင်စွာ ထုတ်လုပ် ပြီးစီးကြောင်း အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်းအခြေစိုက် Special Attacking Force – Upper Burma – SAF က ထုတ်ပြန် ပြောဆိုသည်။

နှစ်လကျော်ကြာ အချိန်ယူလေ့လာ ပြင်ဆင် ထုတ်လုပ်ခဲ့အပြီး ယနေ့တွင် စမ်းသပ်မှု အောင်မြင် ခဲ့ပြီ ဟု SAF ပြန်ကြားရေး တာဝန်ခံက ယနေ့ ဇန်နဝါရီလ ၂၀ ရက်တွင် ပြောသည်။ ရရာလက်နက် ဆွဲကိုင် တော်လှန်နေရသော ယခုအချိန်တွင် လက်နက်အင်အား နည်းနေခြင်းက ကြီးမားသည့် စိန်ခေါ်မှု တစ်ခု ဖြစ်လာရာ လက်နက် တီထွင် ထုတ်လုပ်မှု လုပ်ငန်းသည် အခရာ အကျဆုံး ဖြစ်လာခဲ့သည်ဟု SAF တာဝန်ခံက ပြောသည်။

“လက်နက်ထုတ်တဲ့ တာဝန်ခံဆိုရင် တစ်နေ့တစ်နေ့ Youtube ကြည့် ထုတ်လုပ်ပုံ အဆင့်ဆင့်ကို လေ့လာ ပစ္စည်းတွေစုနဲ့ နားရတယ်ကို မရှိဘူး။ နှစ်လလောက် ကြာတဲ့အထိ အားစိုက်ပြီး လုပ်ရတယ် “ဟု လက်နက် ထုတ်လုပ်ရာတွင် ကြိုးစားခဲ့ရပုံကို ၎င်းက ရှင်းပြသည်။

Shotgun ထုတ်လုပ်ပြီးသား တစ်လက်လျှင် လက်ရှိတွင် သိန်း ၂၀ ခန့် ကုန်ကျမည် ဖြစ်သော်လည်း ကိုယ်ပိုင် ထုတ်လုပ်နိုင်ခဲ့သည့် အတွက် စရိတ် ငါးသိန်းဝန်းကျင်သာ ကုန်ကျသည်ဟု SAF ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ယခု ထုတ်လုပ်ထားသည့် လက်နက်သည် ကိုးလုံးကျည် ထည့်ကာ အသင့် ပစ်ခတ်နိုင်သည့် အတွက် တော်လှန်ရေး ရဲဘော်များအတွက် အဆင်ပြေကြောင်းလည်း ၎င်းကပြောသည်။

မြေပြင်တွင် တိုက်ပွဲဝင်လျှက်ရှိသည့် ၎င်းတို့အဖွဲ့အား မောင်းပြန် လက်နက် မတပ်ဆင် ပေးနိုင်သေးသည့်အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ NUG အား အောက်ပါအတိုင်း မှတ်ချက်ပြု ပြောသည်။

“NUG ကိုတော့ အများကြီးတော့ မပြောချင်ပါဘူး။ ကျွန်တော်တို့မှာ လက်နက် မရှိရင် ဆုံးရှုံးရနိုင်တဲ့ အသက်တွေ အများကြီးရှိတယ်။ ဒါကြောင့်ပဲ ကိုယ့်အားကိုယ် ကိုးပြီး ခုလို တီထွင် ထုတ်လုပ် လာရတာပါ၊ NUG က တော်လှန်ရေး

တပ်သားတွေ အကုန်လုံးကို လက်နက် တပ်ဆင်တာမျိုး မလုပ်ပေး နိုင်သေးရင်တောင် တစ်ဖွဲ့ကို နည်းနည်းဆီ ပေးထားနိုင်ရင် မဆိုးဘူးပေါ့။ ကျွန်တော်တို့ အဖွဲ့ဆီကိုတော့ NUG က လက်နက်တော့မရသေးဘူး ငွေကြေးကူညီတာတော့ရှိတယ်” ဟု SAF တာဝန်ခံက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရက လက်နက်တပ်ဆင်မှု မြန်မြန် ဆောင်ရွက်နိုင်လျှင် တော်လှန်ရေး မြန်မြန် ပြီးမြောက်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။crd

Leave a Reply

Your email address will not be published.