အချိန်ဆွဲတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို ချက်ချင်း ထမလုပ်ဘဲ အီယောအီယောနဲ့ မှိုင်နေတတ်တာ၊ လုပ်ရင်ပြီးမယ်ဆိုတာကို သိရဲ့သား နဲ့ မလုပ်ဘဲ ပျင်းနေတာကို ဆိုလိုပါတယ်။
အချိန်ဆွဲတတ်တဲ့အကျင့်ကို ဘယ်လိုပြင်ရမလဲ
အချိန်််ဆွဲတယ်ဆိုတဲ့ အဓိပ္ပာယ်ကတော့ ကိုယ်လုပ်ရမယ့် အလုပ်ကို ချက်ချင်း ထမလုပ်ဘဲ အီယောအီယောနဲ့ မှိုင်နေတတ်တာ၊ လုပ်ရင်ပြီးမယ်ဆိုတာကို သိရဲ့သား နဲ့ မလုပ်ဘဲ ပျင်းနေတာကို ဆိုလိုပါတယ်။
၁။ အချိန်ဆွဲမိတဲ့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။
ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်ရင် စိတ်ဖိစီးမှုတွေ များလာတတ်ပါတယ်။ စိတ်ဖိစီးမှု ဖြစ်ရင် ကိုယ့်ရဲ့ အလုပ်တစ်ခုက ပိုပြီး နှောင့်နှေးသွားတတ်ပါတယ်။ လူတိုင်းလို အချိန်ဆွဲတတ်တဲ့ အကျင့်ရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ခွင့်လွှတ်ဖို့ကလည်းအရေးကြီးပါတယ်။
ကိုယ်က အချိန်ဆွဲနေတာကို သိလိုက်တဲ့အချိန်ကစပြီး မှီတဲ့အချိန်က စလုပ်ပေးပါ။
၂။ခဏပဲ လုပ်မယ်လို့ ကိုယ့်ကိုယ်ကို ပြောပေးပါ။
ဘာကြောင့်လဲဆိုတော့ အလုပ်တစ်ခု လုပ်ဖို့ ပျင်းနေတယ်ဆိုတာက အချိန်အကြာ ကြီး လုပ်ရမှာကို တွေးပြီး ပျင်းနေတာပဲ ဖြစ်ပါတယ်။ အဲ့လိုမတွေးဘဲနဲ့ ငါဒီအလုပ်ကို ၁၅ မိနစ်ပဲလုပ်မယ်လို့ တွေးပြီး ပြောပေးပါ။ အဲ့လိုုလုပ်ရင်းနဲ့ ကိုယ်က ဒီအလုပ်ကို စိတ်ဝင်စားသွားနိုင်ပါတယ်။ ဒါကြောင့် ခဏလေးပဲ လုပ်မယ်လို့ ကိုယ့်ကိုယ်ကို လှည့်စားလိုက်ပါ။
၃။ကိုယ်အလုပ်မယ့်အလုပ်ကို အပိုင်းအစ သေးသေးလေးတွေ ခွဲပြီးတော့ လုပ်ပါ။
ဥပမာ။ ။ ကိုယ်က လေ့ကျင့်ခန်း ၁၀ ခု လုပ်စရာ ရှိတယ်ဆိုရင် အဲ့၁၀ ခုလုံးမတွေးဘဲနဲ့ တစ်ခုချင်းစီ စပြီးတွေးပေးပါ။ အဲ့လိုတွေးလိုက်ရင် သိပ်ပြီး အချိန်မဆွဲတော့ဖြစ်တော့ပါဘူး။ small step လေးတွေ လုပ်ရင်းလုပ်ရင်းနဲ့ အလုပ်ကြီးတစ်ခုပြီးမြောက်သွားနိုင်ပါတယ်။
၄။ ကိုယ်အလုပ်လုပ်တဲ့ နေရာမှာ အာရုံနောက်စရာတွေ ဖယ်ရှားပါ။
ကိုယ်က အလုပ်လုပ်တဲ့အချိန်မှာ ဖုန်းမလိုဘူးဆိုရင် ဖုန်းကို ကိုယ်နဲ့ဝေးဝေးထားလိုက်ပါ။ ဖုန်းနဲ့နီးရင် အင်တာနက်သုံးမိသွားတဲ့အခါ ကိုယ်က အလုပ်ဆက်လုပ်ဖို့ ပျင်းသွားတတ်ပါတယ်။
၅။ သီချင်းစာသား မပါတဲ့ ဂီတ အမျိုးစားကို နားထောင်ပါ။
သင်က သီချင်းနားထောင်ရတာ နှစ်သက်တယ်ဆိုရင် သီချင်းစာသားမပါတဲ့ တီးလုံး သံစဉ်လေးတွေကို နားထောင်ပါ။ ဘာကြောင့်လဲဆိုတော့ သီချင်းစာသားပါတဲ့သီချင်းကို နားထောင်မယ်ဆိုရင် အာရုံရှုပ်ထွေးသွားစေနိုင်ပါတယ်။
၆။ ဒီအလုပ်ကို ပြီးအောင်လုပ်ရင် ရလာမယ့် အကျိုးကျေးဇူးတွေကို မြင်ယောင်ပေးပါ။
ဥပမာ စာအုပ်တစ်အုပ်ကိုဖတ်တယ်ဆိုပါတော့။ ငါဒီစာအုပ်ကို ဖတ်မယ်ဆိုရင် ဗဟုသုတတွေ အများကြီးရလာမှာလို့ တွေးပေးပါ။ အဲ့လို ကိုယ်လုပ်မယ့် အလုပ်ရဲ့ အကျိုးကျေးဇူးတွေကို မြင်ယောင်ပေးပါ။
နောက်ဆုံးတစ်ချက်ကတော့ သင့်ကို ချက်ချင်းထလုပ်စေမယ့် အချက်တစ်ခုဖြစ်ပါတယ်။ အဲ့တာကတော့ ကိုယ်က အချိန်ဆွဲပြီလို့ သိလိုက်တာနဲ့ ၁ ကနေ ၅ ထိရေတွက်လိုက်ပါ။ ရေတွက်ပြီးတာနဲ့ ချက်ချင်းမတ်တပ်ထရပ်လိုက်ပါ။ ပြီးရင် လုပ်ရမယ့်အလုပ်ကို ချက်ချင်းပဲ ထလုပ်လိုက်ပါ။ အဲ့တာက အချိန်ဆွဲတဲ့အကျင့်ကို လုံးဝပျောက်သွားစေပါတယ်။
သင်အခုစာလေးကို နှစ်သက် သဘောကျတယ်ဆိုရင် သင့်ရဲ့ တခြားသူငယ်ချင်းတွေ မြင်အောင် Like & Share လေး လုပ်ပေးသွားပါအုံးနော်။ သင့်အတွက် တကယ်အသုံးဝင်စေမယ့် အချက်လေးတွေပါ။crd
Leave a Reply
Your email address will not be published.