သားတွေကို သတိရ လွမ်းစိတ် နဲ့ ဝမ်းနည်းပူဆွေးနေ တဲ့ ဒါရိုက်တာ ကိုပေါက်

သားတွေကို သတိရ လွမ်းစိတ် နဲ့ ဝမ်းနည်းပူဆွေးနေ တဲ့ ဒါရိုက်တာ ကိုပေါက်

သားတွေကို သတိရ လွမ်းရလွန်းလို့ ဝမ်းနည်းပူဆွေးနေရတဲ့ ဒါရိုက်တာ ကိုပေါက်… ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ နေရာတစ်နေရာရရှိထားတဲ့သူကတော့ ကိုပေါက် ပဲဖြစ်ပါတယ်။

သူကတော့ အကြမ်းအနုကာရိုက်တာပေါင်းစုံ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်အဖြစ် လူသိများတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးသရုပ်ဖော်တဲ့

ဒါရိုက်တာတစ်ဦးအနေနဲ့လဲအနုပညာလောကမှာ နာမည်ကြီးကျော်ကြားလာခဲ့ပါတယ်။ ဒါအပြင် အမှန်တရားအတွက် ပြည်သူတွေ့ဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တာကြောင့်လဲ ပရိသတ်တွေက ပိုမိုချစ်ခင်လေးစားကြရပြန်ပါတယ်။


လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတဲ့ ကိုပေါက် ဟာ သားတွေကိုလွမ်းရတဲ့ ဝေဒနာကို ပရိသတ်တွေကို ရင်ဖွင့်ရေးသားလိုက်ပါတယ်။ ” သားတွေကိုလွမ်းရတာများလာတော့ ရင်ထဲလှိုက်လှိုက်ပြီး ဝမ်းနည်းပူဆွေးရတာ များလာတယ်။ကျန်တဲ့ နေရေး ထိုင်ရေး စားရေး သောက်ရေး

အားလုံးအဆင်ပြေအောင် ကျနော်နေတတ်ပါတယ်။ဒါပေမယ့် မိသားစုကို လွမ်းရတဲ့ အခါ ကျနော်အဆင်မပြေဘူး။ တစ်ချို့တိုင်းရင်းသားကလေးတွေနဲ့ ဘာသာစကားခက်ခဲပေမယ့် ကလေးဆိုတာ လက်သာရင်ကပ်တာပါပဲ

ကျနော့သားတွေနဲ့ စမက်ဒေါင်း မချရတာ ၉လကျော်၁၀ လထဲ့ရောက်လာတော့ သူနဲ့ချတာပေါ့။ သူနဲ့ စမက်ဒေါင်းချတဲ့အခါ သူပျော်နေတာတွေက ကျနော့်သားတွေနဲ့ ချနေရသလိုပါပဲ။ ကလေးတွေရဲ့သဘောသဘာဝက အတူတူပဲလေ။

အလွမ်းကို သတိရခြင်းတွေနဲ့ဖြေသိမ့်ရင်း“အံကိုတင်းပြီး လက်သီးဆုပ်ထားတယ် ရင်ကိုကော့ပြီး ခေါင်းမော့ထားပါတယ်” လို့ ကို‌ပေါက် ဟာ သူရဲ့လူမှု့ကွန်ယက်စာမျက်နှာ‌ပေါ်မှာ ရေးသားထားပါတယ်။


စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ လွတ်မြောက်နယ်မြေမှာနေထိုင်တဲ့ ရွာခံတိုင်းရင်းသားကလေးငယ်တစ်ဦးရဲ့ ဓာတ်ပုံလေးကိုပါ တွဲတင်ထားတာတွေ့ရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ မိသားစုကိုစွန့်ခွာပြီး ကျရာတာဝန်ကို ထမ်းဆောင်နေတဲ့

ပရိသတ်အချစ်တော် ကိုပေါက် ကိုအားပေးစကားလေးတွေကို ကောမန့်မှာရေးသားသွားပေးခဲ့ကြပါအုန်းနော်။ဒါရိုက်တာ ကိုပေါက် လဲ ဘေးကင်းကျန်းမာစွာ မိသားစုနဲ့အမြန်ဆုံးဆုံစည်းနိုင်ပြီးတော့ လိုချင်တဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်ရှိပါစေ။

မြန်မာနိုင်ငံကြီးလဲ အမြန်ဆုံးငြိမ်းချမ်းပါစေ၊ မြန်မာနိုင်ငံသူ နိုင်ငံသူအားလုံးလဲ သာယာပျော်ရွှင်တဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Crd

Leave a Reply

Your email address will not be published.