ဖာပွန်ခရိုင်က BGF တွေ ပြန်လည်ထွက်ခွာ

ဖာပွန်ခရိုင်က BGF တွေ ပြန်လည်ထွက်ခွာ

ဖာပွန်ခရိုင်က BGF တွေ ပြန်လည်ထွက်ခွာ၊ ကရင်အဖွဲ့အချင်းချင်း မတိုက်ချင်တော့တာကြောင့်လို့ပြော

ဖာပွန်ခရိုင်ထဲမှာရှိတဲ့ တပ်မတော်လက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တွေဟာ ဒေသထဲ ကနေ ထွက်ခွာသွားပြီလို့ သိရပါတယ်။KNU အနေနဲ့ အဲ့ဒီ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ SAC ဝန်ထမ်းတွေ၊ BGF တွေကို ပြန်လည်ထွက်ခွာဖို့ ကြေညာချက်ထုတ်ပြန်ထားတာရှိပါတယ်။

ဖာပွန်ခရိုင်၊ KNU တပ်မဟာ (၁) နယ်မြေနဲ့ တပ်မဟာ (၅) နယ်မြေတို့က ကရင်နယ်ခြားစောင့်တပ်(BGF)တွေဟာ ကရင်အချင်းချင်း မတိုက်ချင်တော့တဲ့
အတွက် အခုလို ထွက်ခွာသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။KNU တပ်မဟာ ၁ နဲ့ ၅ အတွင်းမှာရှိ

တဲ့ BGF တပ်ဖွဲ့ဝင်တချို့ဟာ မေလ ၉ ရက်နေ့က တပ်စွဲထားတဲ့နေရာတွေကနေ ရုတ်တရက်ဆိုသလိုပဲ ကား ၆၈ စီးနဲ့ပြန်လည်ထွက်ခွာသွားတာဖြစ်တယ်လို့ သိရပါတယ်။ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်

 

(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တပ်မတော်၊ နယ်ခြားစောင့် တပ်(BGF) ပူးပေါင်းတပ်တို့အကြား ဧပြီလအတွင်း တိုက်ပွဲ ၅၀၇ ကြိမ် ဖြစ်ပွားခဲ့ရာ တပ်မတော်နဲ့ BGF တပ်ဖွဲ့ဝင်

၃၅၀ ကျော် သေဆုံးမှုရှိခဲ့တယ်လို့ KNU ရဲ့ လစဉ်ထုတ်ပြန်တဲ့ တိုက်ပွဲသတင်းတွေအရ သိရပါတယ်။ ဒါ့အပြင် ဖာပွန်ခရိုင်ထဲမှာလည်း ပြီးခဲ့တဲ့ ဧပြီလအတွင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ တပ်မတော်ဘက်က

တပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၇၀ ကျော် သေဆုံးခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ ကရင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတစ်သိန်းကျော် ဘေးလွတ်ရာဆီထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။crd

Leave a Reply

Your email address will not be published.