Categories
အနုပညာသတင်း

အောင်မြင်မှုတွေအားလုံး စွန့်လွတ်ပြီး မတရားမှုကိုတော်လှန်ဖို့ အိမ်ကနေထွက်လာတာ (၁)နှစ်ပြည့်ပြီလို့ ပြောလာတဲ့ အလှမယ်မြတ်သီရီလွင်

နွေဦးတော်လှန်ရေးကြီးမှာ အနုပညာရှင်တွေကလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းရပ်တည်ပြီး အရေးတော်ပုံကြီး အောင်မြင်ဖို့အတွက် ကြိုးစားနေကြတာ ဖြစ်ပါတယ် ။ မင်းမော်ကွန်း၊ ကိုပေါက်၊ ထားထက်ထက်၊ဟားငါးကောင်စတဲ့ အနုပညာရှင်တွေကတော့ လွတ်မြောက်နယ်မြေတွေမှာ စစ်ရေးအတွက်ပြင်ဆင်ကြိုးစားနေကြတာဖြစ်ပါတယ် ။

ဒါ့ပြင် Miss Myanmar တစ်ဦးဖြစ်တဲ့ Bella မြတ်သီရိလွင်ကလည်း လွတ်မြောက်နယ်မြေမှာရောက်ရှိနေပြီး PDFအနေနဲ့ ခံယူထားတာဖြစ်ပါတယ်။ အခုအခါမှာဆိုရင် သူမရောက်ရှိနေတဲ့နယ်မြေမှာ စစ်ပွဲတွေစတင်ဖြစ်ပေါ်နေပြီး ရွာသူရွာသားတွေလည်းရှောင်တိမ်းနေကြပြီး လွတ်မြောက်နယ်နယ်မြေက ရဲဘော်တွေလည်းရှေ့တန်းထွက်နေကြပြီဖြစ်ပါတယ်။

ပရိသတ်ကြီးရေအလှမယ်မြတ်သီရီလွင်ကတော့နိုင်ငံတကာပြိုင်ပွဲတွေထိ ပါဝင်ခဲ့ပြီး အောင်မြင်နေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာအာဏာသိမ်းပြီးနောက်ပိုင်းမတရမှုကိုလက်မခံဘဲ အလှမယ်မြတ်သီရီလွင်ကစစ်အာဏာရှင်တော်လှန်ရေးကြီးမှာပါဝင်ခဲ့တာဘဲဖြစ်ပါတယ်

အခုဆိုရင်အောင်မြင်မှုတွေအားလုံးစွန့်လွတ်ပြီးအိမ်ကနေထွက်ခွာလာခဲ့တာတစ်နှစ်ပြည့်ပြီလို့ပြောပြလာတာဖြစ်ပါတယ်။ဘေးကင်းပြီး လိုချင်တဲ့ဒီမိုကရေစီအမြန်ဆုံးရပါစေလို့ဆုတောင်းပေးပါတယ်။

လက်ရှိလူမှုကွန်ယက်စာမျက်နှာမှာတော့ အလှမယ် Bella ရဲ့ပုံရိပ်တွေက ရေပန်းစားပျံ့နှံ့နေပြီး အားလုံးရဲ့စိတ်ဝင်စားမှုရရှိနေတာ ဖြစ်ပါတယ် ။ နိုင်ငံဂုဏ်ဆောင် အလှမယ်တစ်ဦးဖြစ်တဲ့အပြင် နိုင်ငံ့အရေးမှာပါ

အားသွန်ခွန်စိုက် ပါဝင်နေတဲ့ Bella ရဲ့လုပ်ရပ်ကို အားလုံးက ချီးကျူးလေးစားနေကြတာလည်း ဖြစ်ပါတယ် ။ လွတ်မြောက်နယ်မြေတစ်နေရာကို ရောက်ရှိနေတဲ့ အလှမယ်လေး Bella မြတ်သီရိလွင်ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published.