ဒီလိုသတင်းတွေကြားရတာသာသနာအတွက်ရင်လေးစရာကြီးဗျာ…

ဒီလိုသတင်းတွေကြားရတာသာသနာအတွက်ရင်လေးစရာကြီးဗျာ…

ည ၈း၀၀ ခန့်အချိန် ဒိုက်ဦးမြို့ မီးရထားဘူတာရုံတွင် ရဟန်းအယောင်ဆောင်တစ်ဦး သည် ဘူတာ၌ အရက်သေစာသောက်စား နေသဖြင့် သံဃာတော်များနှင့်မြို့နယ်တာဝန်ရှိသူများက

ဒိုက်ဦးမြို့ နယ် သံဃနာယက အတွင်းရေးမှူး ခေမာသီ ကျောင်းဆရာတော် ဘဒ္ဒန္တ ခေမိန္ဒ ထံ ဆုံးမသြဝါဒခံယူ လူဝတ်လဲပေး ပြီးနောက် ဒိုက်ဦးမြို့မရဲစခန်းတွင်

သာသနာ ညှိုးနွမ်းစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က ဖြင့် အရေးယူပေးပါရန် သာသနာရေးဦးစီးဌာနက တရားလိုလုပ်၍ အမှုဖွင့်ခဲ့သည်။ပြစ်မှုကျူးလွန်သူ ဦးခင်မောင်အေး ၆၃-နှစ်(ဘ) ဦးသောင်းရွှေ ဗမာ/ဗုဒ္ဓ ဒိုက်ဦးမြို့ မင်းတဲရပ်ကွက် နေထိုင်သူအား

ယနေ့နေ့လည်ခန့်အချိန် တွင် ဒိုက်ဦးမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃-လ ကျခံစေ ရန်အမိန့်ချလိုက်ပါသည်။ ဒီအမှုအတွက် သက်သေများကို စစ်ဆေးခဲ့ပြီးနောက် နေ့ချင်းပြီး အမိန့်ချလိုက် တာဖြစ်ပါတယ်။

ပြစ်မှုကျူးလွန်သူသည် တောင်ငူထောင်မှ သာသနာ ညှိုးနွမ်းစေမှု ဖြစ်ပြစ်ဒဏ် ၆- လ ကျခံပြီး ပြန်လည်လွှတ်မြောက်လာသူဖြစ်ပြီး ဒိုက်ဦးဘူတာတွင် သင်္ဃန်းဝတ်ပြီး အရ-က်သောက် သောက်စားမူးယစ်နေခဲ့သည် အတွက် သာသနာ ညှိုးနွမ်းစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က ဖြင့် အရေးယူခံရတာဖြစ်ပါတယ်။

 

ထိုသူများသည် ကျောင်းမရှိ ဥပဇ္ဈာယ်ဆရာမရှိ မိမိသဘောဖြင့် ကိုယ်တိုင်သင်္ဃန်းဝတ်ပြီး ဈေးများနှင့် အစုန်/အဆန် မီးရထားများပေါ် အလှူခံပြီး ဘူတာများတွင် အရက်သောက် ညအိပ်နေကြသူများဖြစ်ပါသည်။အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် ဗုဒ္ဓဘာသာဝင် အားလုံးတွင် တာဝန်ရှိသည်။crd

ဒီလိုသတင်းတွေကြားရတာသာသနာအတွက်ရင်လေးစရာကြီးဗျာ…

ည ၈းဝ၀ ခန့်အချိန် ဒိုက်ဦးမြို့ မီးရထားဘူတာရုံတွင် ရဟန်းအယောင်ဆောင်တစ်ဦး သည် ဘူတာ၌ အရက်သေစာသောက်စား နေသဖြင့် သံဃာတော်များနှင့်မြို့နယ်တာဝန်ရှိသူများက

ဒိုက်ဦးမြို့ နယ် သံဃနာယက အတွင်းရေးမှူး ခေမာသီ ကျောင်းဆရာတော် ဘဒ္ဒန္တ ခေမိန္ဒ ထံ ဆုံးမသြဝါဒခံယူ လူဝတ်လဲပေး ပြီးနောက် ဒိုက်ဦးမြို့မရဲစခန်းတွင်

သာသနာ ညှိုးနွမ်းစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က ဖြင့် အရေးယူပေးပါရန် သာသနာရေးဦးစီးဌာနက တရားလိုလုပ်၍ အမှုဖွင့်ခဲ့သည်။ပြစ်မှုကျူးလွန်သူ ဦးခင်မောင်အေး ၆၃-နှစ်(ဘ) ဦးသောင်းရွှေ ဗမာ/ဗုဒ္ဓ ဒိုက်ဦးမြို့ မင်းတဲရပ်ကွက် နေထိုင်သူအား

ယနေ့နေ့လည်ခန့်အချိန် တွင် ဒိုက်ဦးမြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃-လ ကျခံစေ ရန်အမိန့်ချလိုက်ပါသည်။ ဒီအမှုအတွက် သက်သေများကို စစ်ဆေးခဲ့ပြီးနောက် နေ့ချင်းပြီး အမိန့်ချလိုက် တာဖြစ်ပါတယ်။

 

ပြစ်မှုကျူးလွန်သူသည် တောင်ငူထောင်မှ သာသနာ ညှိုးနွမ်းစေမှု ဖြစ်ပြစ်ဒဏ် ၆- လ ကျခံပြီး ပြန်လည်လွှတ်မြောက်လာသူဖြစ်ပြီး ဒိုက်ဦးဘူတာတွင် သင်္ဃန်းဝတ်ပြီး အရ-က်သောက် သောက်စားမူးယစ်နေခဲ့သည် အတွက် သာသနာ ညှိုးနွမ်းစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၅-က ဖြင့် အရေးယူခံရတာဖြစ်ပါတယ်။

ထိုသူများသည် ကျောင်းမရှိ ဥပဇ္ဈာယ်ဆရာမရှိ မိမိသဘောဖြင့် ကိုယ်တိုင်သင်္ဃန်းဝတ်ပြီး ဈေးများနှင့် အစုန်/အဆန် မီးရထားများပေါ် အလှူခံပြီး ဘူတာများတွင် အရက်သောက် ညအိပ်နေကြသူများဖြစ်ပါသည်။အမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ရန် ဗုဒ္ဓဘာသာဝင် အားလုံးတွင် တာဝန်ရှိသည်။crd

Leave a Reply

Your email address will not be published.