Categories
သတင်း

တစ်လအတွင်း အင်တာနက်ပြန်မဖွင့်ရင်…..

တစ်လအတွင်း အင်တာနက်ပြန်မဖွင့်ရင်…..


တစ်လအတွင်း အင်တာနက်ပြန်မဖွင့်ရင် တာဝါတိုင်အားလုံးကိုဖြိုချပြီး တော်လှန်ရေးအတွက်သုံးမယ်လို့ PDFထီးလင်း သတိပေး

တစ်လအတွင်း အင်တာနက်ပြန်မဖွင့်ရင် တာဝါတိုင်အားလုံးကိုဖြိုချပြီး တော်လှန်ရေးအတွက်သုံးမယ်လို့ PDFထီးလင်း သတိပေး

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းကို အင်တာနက်ပြန်ဖွင့်ပေးဖို့ ဆက်သွယ်ရေးအော် ပရေတာအားလုံးကို ထီးလင်း PDFက မေလ ၁၂ ရက် ဒီကနေ့ ရက်စွဲနဲ့ သတိပေးထုတ်ပြန် တောင်းဆိုလိုက်ပါသည်။စတင်သတိပေးတဲ့ ဒီကနေ့ကစလို့ တလပြည့်တဲ့နေ့ နောက်ဆုံးထားကာ ဆက်သွယ်ရေးအော်ပရေတာတွေဘက်က အင်တာနက်ပြန်ဖွင့်ပေးရမှာဖြစ်ပြီး၊

ပြန်မဖွင့်ပေးရင် မြို့နယ်အတွင်းကတာဝါတိုင်အားလုံးကိုတစစီရိုက်ချိုးပြီးတော်လှန်ရေးအတွက်အသုံးပြုသွားမယ်လို့ဆိုပါသည်။”ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ထမင်းရှင်ပြည်သူများ၏မျက်နှာကိုမကြည့်ဘဲ စစ်ကောင်စီအလိုကျ အင်တာနက်ဖြတ်တောက်ခြင်း၊ ဖုန်းလိုင်းဖြတ်တောက်ခြင်းများပြုလုပ်နေပြီး ၊

( Consumer rights) ချိုးဖောက်နေခြင်းများကို ယခုချက်ချင်းရပ်တန့်ကာ ထီးလင်းတစ်မြို့နယ်လုံးအား အင်တာနက် ပြန်ဖွင့်ပေးရန် တောင်းဆိုလိုက်သည်၊” လို့ PDF ထီးလင်းက လူမှုကွန်ယက်ကနေတဆင့် ရေးသားအသိပေးထားတာပါ။ထီးလင်း PDF က အခုလိုထုတ်ပြန်ထားတဲ့အပေါ် အသေးစိတ်မေးမြန်နိုင်ဖို့ မြေလတ်အသံအနေနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရေသေးပါဘူး။

စစ်အာဏာသိမ်းပြီးနောက် အဲ့ဒီဒေသတွေမှာ အင်တာနက်ကို အချိန်အကန့်အသတ်နဲ့အသုံးပြုခဲ့ရပြီး၊ ပြီးခဲ့တဲ့ စက်တင်ဘာလကစလို့ အင်တာနက်လုံးဝဖြတ်တောက်ခံခဲ့ရတာကြောင့် အင်တာနက်လုံးဝမရတာ ၈ လကျော်ကြာရှိပြီ ဖြစ်ပါသည်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေ ဝင်ရောက်တဲ့အချိန်မှာ ဖုန်းလိုင်းတွေကိုပါဖြတ်တောက်တာကြောင့် အခက်အခဲနဲ့ ကြုံတွေ့ နေရတယ်လို့ ဒေသခံတွေဆီက သိရပါသည်။အရင်ထဲက စစ်ကိုင်းတိုင်းနဲ့

မကွေးတိုင်းအတွင်းက PDF တွေဟာ နယ်မြေ အတွင်းမှာရှိနေတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင် တွေကို ရိုက်ချိုးလှဲချပြီး၊ လက်နက်ကြီးထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်အသုံးပြုနေတာလည်း ဖြစ်ပါသည်။ crd

တစ်လအတွင်း အင်တာနက်ပြန်မဖွင့်ရင် တာဝါတိုင်အားလုံးကိုဖြိုချပြီး တော်လှန်ရေးအတွက်သုံးမယ်လို့ PDFထီးလင်း သတိပေး

တစ်လအတွင်း အင်တာနက်ပြန်မဖွင့်ရင် တာဝါတိုင်အားလုံးကိုဖြိုချပြီး တော်လှန်ရေးအတွက်သုံးမယ်လို့ PDFထီးလင်း သတိပေး

Leave a Reply

Your email address will not be published.