မနက်စာဟင်းစားအတွက် စောစောစီးစီး အိုင်ထဲဆင်းကာ မြော့အကိုက်ခံပြီး ခရုကောက်နေရတဲ့pdfလေးတွေရဲ့ video ဖိုင်…..
မြန်မာနိုင်ငံကို ဖေဖော်ဝါရီလ တစ်ရက်နေ့အာဏာသိမ်းခံရပြီးထဲက အစပြုခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးကို အခုချိန်အထိ သွေးမအေး ဒူးမထောက်ဘဲ ရဲရဲဝင့်ဝင့် တော်လှန်နေ ဦးဆောင်ခဲ့သူတွေကတော့ မျိုးဆက်သစ်လူငယ်လေးတွေပဲ ဖြစ်ပါတယ်။………
ဒီအရေးတော်ပုံကြီးစတင်ခဲ့တာ (11) လကျော်ရှိသွားပြီဖြစ်ပြီး ယနေ့အချိန်ထိ စစ်အာဏာရှင်ကိုဆက်လက် တော်လှန်နေဆဲဖြစ်ပါတယ်။….အဆင်မပြေမှုတွေရှိပေမယ့်လည်း အာဏာရှင်ကိုဖြုတ်ချဖိုနဲ့ ရှေ့ဆက်ရမယ့်အနာဂတ်တွေအတွက် အစွမ်းကုန်အားတင်းကြိုးစားနေကြတာပဲ ဖြစ်ပါတယ်။….
မြန်မာပြည်တွင်းက တချိုဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွါးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက အစွမ်းကုန်ရင်ဆိုင်နေကြတာဖြစ်ပါတယ်။………
PDF တွေဘက်မှလည်း အနည်းငယ်ကျဆုံးနေတာကြောင့် ပြည်သူလူထုကဝမ်းနည်းနေရပြီး နေ့စဉ်ရက်ဆက် ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။
PDF ရဲဘော်တွေ လိုအပ်မယ့် လက်နက်၊ရိက္ခာ စတာတွေကိုလည်း တတ်နိုင်သလောက် ထောက်ပံ့ပေးနေကြတာဖြစ်ပါတယ်။…… တချိုနေရာတွေမှာဆိုရင် လူအင်အားများပြီး လက်နက်၊ရိက္ခာမလုံလောက်မှုတိုကြောင့် PDF တွေလည်း ဖြစ်သလိုသာရုန်းကန်နေရတာဖြစ်ပါတယ်။
ထမင်း၊ဟင်းတောင် နပ်မှန်အောင်မစားရပေမယ့် တိုက်ပွဲဝင်ဖိုအတွက် ကြိုးစားနေကြတာဖြစ်ပါတယ်။………အခုဆိုရင်လည်း PDF ရဲဘော်တွေရဲ့ မနက်စာစားဖို အရှာထွက်ရင်းကြုံတွေ့နေရတဲ့အခြေအနေကို pdfတပ်သားတစ်ဦးဖြစ်တဲ့ စိုးဝင်းနိုင်က လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာတာဖြစ်ပါတယ်။……….
အားလုံးထင်ထားတာထက်ပိုပြီးခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်နေရတဲ့ PDF တပ်သားတွေဟာ သူတိုရဲ့လက်ရှိနေထိုင်မှုပုံရိပ်တွေကို မကြာခဏဆိုသလို လူမှုကွန်ယက်မှာဝေမျှခဲ့ကြပါတယ်။ ဒီလိုဝေမျှတာတွေကြောင့်လည်း ပြည်သူတွေဟာ ဂရုဏာသက်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ပေးခဲ့ကြပါတယ်။………….
ဒီနေ့မှာလည်း PDF တပ်သား စိုးဝင်းနိုင်က က မနက်စာစားဖို အိုင်ထဲ ခရုဆင်းကောက်ကြစဉ် မြော့အကိုက်ခံပြီးရှာရပုံက်ုပြောလာတာဖြစ်ပါတယ်။ “မနက်စောစောစီးစီး ဟင်းစားအတွက် ခရုကောက်ရှာပုံတော် မျှော့အကိုက်ခံရပြီးမှရှာလိုရသော ခရုလေးများ ”…….
ဒီဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်ဝေမျှပြီးနောက်မှာတော့ ပြည်သူတွေဟာ စိတ်မကောင်းဖြစ်ပြီး ဂရုဏာသက်ကာ ဘေးကင်းစေဖိုဆုတောင်းစကားတွေ ဝိုင်းဝန်းပြောပေးခဲ့ကြပါ တယ်။…………….
ကြည့်ရှုသူတွေဟာ PDF တွေရဲ့ ခက်ခဲလွန်းတဲ့ အခြေအနေတွေကိုအတိုင်းသားမြင်တွေ့ခဲ့ပြီး စိတ်မကောင်းဖြစ်ကြောင်း မှတ်ချက်တွေ အများအပြား ပေးခဲ့ကြပါတယ်။………
ဖြစ်သလို ဖြစ်သလိုစားရတဲ့ဘဝမှာ အသက်နဲ့ရင်းပြီး ပြည်သူ့အောင်ပွဲကို အရယူပေးနေတဲ့ PDF တွေဟာ လေးစားဦးညွှတ်ထိုက်သူတွေဖြစ်ကြောင်း မှတ်ချက်တွေလည်း ထပ်လောင်းပေးခဲ့ပါသေးတယ်။………….
ဘယ်နေရာမှာမဆို အခက်အခဲတွေကို အပြုံးမပျက်ရင်ဆိုင်ပြီး ပြည်သူတွေကိုလည်း အပူမပေးဘဲ အနစ်နာခံပေးဆပ်နေတဲ့ PDF တွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Videoကြည့်ရန် Videoကြည့်ရန်…………