








မိဘကျေးဇူး အကျေဆပ်နည်း

မွေးမိခင်နဲ့ မွေးဖခင် ရဲ့ကျေးဇူးကိုအလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး..ကျေအောင်ဆပ်ဖို့မလွယ်ဘူးလို့လည်း ဘုရားဟောကြားတော်မူခဲ့ပါတယ် သာမာန်ဆပ်ရုံနဲ့ ကျေးဇူးမကျေ အထူးဆပ်မှ ကျေးဇူးကျေတယ်လို့ ဆိုလိုတာပါ။

မိဘကို ကျေးဇူးကို ဘယ်လိုဆပ်မလဲ

(၁) သန့်သန့်ရှင်းရှင်း ထားပါမိဘရဲ့ တစ်ကိုယ်ရေးသန့်ရှင်းရေးကို အလေးထားပါ။အဝတ်စား၊အသုံးအဆောင်မှန်တစ်မျှကို ညစ်ပတ်မနေအောင် ဂရုစိုက်ပေးပါ(၂) ညောင်းအညာပြေအောင်..အကျောပြေအောင် နှိပ်နယ်ပေးပါ.ကိုယ်လက်ပေါ့ပါးချမ်း သာအောင်. ကိုယ်လက်ပေါ့ပါးချမ်းသာအောင် ဆွဲဆန့်ပေးပါ

(၃) အေးတဲ့အခါ.ရေပူ၊ ပူတဲ့အခါ.ရေအေး စသဖြင့် ပြောင်းလဲမှုတွေကို ခံနိုင်ရည်ရှိအောင် ဖြည့်ဆည်းပေးပါ(၄) သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားပြည့်စုံအောင် ရတနာသုံးပါးသာကိုးကွယ်ရာအစစ်ဖြစ်ကြောင်း၊ ကံတွေရဲ့အကျိုပေးဖြစ်ကြောင်း ကို နားဝင်အောင် ရှင်းပြပေးပါ

(၅) သီလ မရှိတဲ့ မိဘကို သီလနဲ့ပြည်စုံအောင်သီလ မရှိရင် အနာရောဂါများတက်ကြောင်း ၊ သေခါနီးကောင်းရာ သုဂတိရောက်ရေးကိစ္စတွေကို ဆွေးနွေးပေးပါ(၆)

မပေးရက် မလှူရက် နှမြောဝန်တိုတဲ့မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်ခြင်း..မေတ္တာစေတနာနဲ့ ပေးသမျှကိုယ်ရဖို့သာဖြစ်ကြောင်းနှင့် ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ပြည့်စုံအောင် အကောင်းမြင်စိတ်နဲ့ အပြုသဘောဖြစ်အောင် ပစ္စုပ္ပာန်စိတ်အေးချမ်းဖို့နဲ့သံသရာဘဝလွတ်မြောက်ဖို့အတွက်ပါ

ဝိပသနာလုပ်ဖြစ်အောင် ပြောပြ​ပြီး ကျောင်းအရောက်ပို့ပေးပါအဲလိုနည်းနဲ့ မိဘတွေကို ကောင်းစွာအနာယူဆောက်တည်စေမယ်လေးလေးနက်နက်သက်ဝင်စေမယ်ခိုင်ခိုင်ခံ့ခံ့ တည်တန့် မြဲမြံစေမယ်ဆိုရင် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်/crd

Leave a Reply

Your email address will not be published.