ရေနံတွေနဲ့ ကြီးကျယ်ခမ်းနားလှတဲ့နိုင်ငံတော်ကြီးရဲ့ သမ္မတ ဖြစ်သူ ယနေ့ကွယ်လွန်
ယူအေအီး သမ္မတ ရှိတ်ခ် ခါလီဖာ ဘင် ဇရတ်ဒ် ကွယ်လွန်
အာရပ်စော်ဘွားများပြည်ထောင်စု သမ္မတ ရှိတ်ခ် ခါလီဖာ ဘင် ဇရတ်ဒ် အယ်လ် နာရန် ကွယ်လွန်သွား ပြီဖြစ်ကြောင်း သမ္မတ ရုံးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
သူဟာ အဘူဒါဘီ အာရပ်စော်ဘွားတိုင်းပြည်ရဲ့ အုပ်ချုပ်သူလည်းဖြစ်ပါတယ်။Thewire သတင်းရဲ့ ရေးသားဖော်ပြချက်ထဲ သောကြာနေ့က အာရပ်စော်ဘွား ပြည်ထောင်စု သမ္မတ ရှိတ်ခ် ခါလီဖာ ဘင် ဇရတ်ဒ် ရဲ့ ကွယ်လွန်မှုနဲ့
ပတ်သက်ပြီး ယူအေအီး ပြည်သူတွေ၊ အာရပ်နဲ့ အစ္စလာမ်မစ် နိုင်ငံတွေနဲ့ ကမ္ဘာတစ်ဝန်းလုံးက ပြည်သူတွေ အတွက် ဝမ်းနည်းကြေကွဲကြောင်း သမ္မတ ရုံးတော်ကနေ ထုတ်ပြန်ချက်ကို မီဒီယာက ဖော်ပြပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။crd