မိုးနတ်သမီးလေး မစုစုစံရဲ့ ယနေ့ မိုးခန့်မှန်းချက်

မိုးနတ်သမီးလေး မစုစုစံရဲ့ ယနေ့ မိုးခန့်မှန်းချက်

အနောက်တောင်မုတ်သုန်လေသည် 14/05/2022 at 1:30AM အချိန်မှ နောက် ၇၂နာရီအတွင်း တနင်္သာရီ တိုင်းတောင်ပိုင်းကိုစတင်ဝင်ရောက်လာနိုင်ပါတယ် ခန့်မှန်းချိန် 14/05/2022

ရေး လမိုင်း သံဖြူဇရပ် ကျိုက်ခမီ မုဒုံ လေမိုး လျှပ်စီးမိုးကြိုး မိုး 🌧🌧🌧 14/05/2022

Onset Southwest Monsoon 2022 🌧🌧🌧 ၂၀၂၂ မြန်မာ့အနောက်တောင် မုတ်သုန်လေသည် မေလ ၂၇ရက်နေ့တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မကွေးတိုင်းမန္တလေးတိုင်း ရှမ်းပြည်နယ် ကယားပြည်နယ် နေပြည်တော် ပဲခူးတိုင်း ဧရာဝတီတိုင်း ရန်ကုန်တိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တနင်္သာရီတိုင်းဒေသတွေအားလုံးကို လွှမ်းခြုံရောက်ရှိ သွားနိုင်ပါတယ်

ဆွမ်ပရာဘွမ် ပူတာအို မချမ်းဘော ခေါင်လန်ဖူး အထက်ဆန်ခေါင် နောင်မွန်းပန်နန်းဒင်ဒေသများနှင့် ဂန်လန်ရာဇီ ဖုန်ကုန်ရာဇီ တောင်တန်းများပေါ်တွေ မိုးကြီးနိုင်ပါတယ် မေခ မလိခမြစ်များအတွင်း မြစ်ရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာနိုင်ပါတယ်

မုန်တိုင်းနှင့်မုတ်သုန်လေ ၂၀၂၂ မေလ ၁၇ရက်နေ့မှ ၂၃ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော် ရခိုင်ကမ်းရိုးတန်းအနီး မုန်တိုင်းတလုံးဖြစ်နိုင်ပြီး မြန်မာနိုင်ငံကိုဝင်ရောက်နိုင်ပါတယ် မုတ်သုန်လေဆွဲတင်မည့် မုန်တိုင်းတစ်လုံးဖြစ်ပြီး ၂၀၂၂ မေလ ၂၇ရက်နေ့မတိုင်မှိ မြန်မာတစ်နိုင်ငံလုံးကို မုတ်သုန်လေလွှမ်းခြုံရောက်ရှိသွားနိုင်ပါတယ်

အနောက်တောင်မုတ်သုန်လေ တနင်္သါရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ်တွေကို ပုံမှန်ရောက်ရှိရက် မေလ ၂၀ရက်နေ့ထက်နောက်မကျစေပဲ ရောက်ရှိလာနိုင်သလို ဂွမြို ပြည်မြို နေပြည်တော် ပျဉ်းမနား မြိုတိုရဲ့ တောင်ဖက်

 

ဧရာဝတီတိုင်း ပဲခူးတိုင်း ရန်ကုန်တိုင်းဒေသတွေကိုလည်း ပုံမှန်ရောက်ရှိရက် မေလ၂၅ရက်နေ့ထက်နောက်မကျစေပဲ စောစီးစွာဝင်ရောက်လာနိုင်ပါတယ်
ဘက်စုံ ရှုဒေါင့်မျိုးစုံမှ တွက်ချက်ခန့်မှန်းပေးလိုက်တာဖြစ်ပါတယ်မြန်မာမိုးရာသီ စိုက်ပျိုးရေး တောင်သူလယ်သမားများ အဆင်ပြေကြပါစေ

၂၀၂၂မေလ ၂၁ရက် ၂၂ရက်နေ့များတွင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြိုရဲ့အနောက်ဖက် ရခိုင်ကမ်းရိုးတန်းအနီးကို အင်အားအသင့်အတင့်ရှိမုန်တိုင်းတစ်လုံးချဉ်းကပ်ရောက်ရှိလာနိုင်ပါတယ် ရခိုင်ကမ်းရိုးတန်းတွင်

တစ်နာရီလေတိုက်ခတ်နှုန်း ၅၆မိုင်မှ လေပြင်းတိုက်ချိန် (ဆောက်တိုက်လေ) ၇၀မိုင်အထိတိုက်ခတ်နိုင်ပြီး ရေလှိင်းအမြင့်မှာ ၂၀ပေ မှ ၂၅ပေအထိမြင့်တက်နိုင်ပါတယ် ငရုတ်ကောင်းပင်လယ်နှင့် ရခိုင်ကမ်းရိုးတန်းပင်လယ်အတွင်း

ကမ်းဝေး ကမ်းနီး ငါးဖမ်းထွက်ခြင်း လှေသင်္ဘောများသွားရောက်ခြင်း လုံးဝမပြုလုပ်သင့်ပါဘူး အန္တရာယ်ကြီးပါတယ် ရခိုင်ပြည်နယ်ကိုမုန်တိုင်းဝင်ရောက်နိုင်ပြီး မြန်မာနိုင်ငံအနောက်ဖက်ခြမ်းရှိဒေသများတွင် မိုးကြီးရေလျှံအထူးသတိပြုရပါမယ် Credit- စုစုစံ

မိုးလေဝသဌာနရဲ့ ခန့်မှန်းချက် 🌧🌧🌧

ယနေ့ညနေအထိခန့်မှန်းချက်- နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

 

မြန်မာ့ပင်လယ်ပြင်။လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ Crdeit- မိုးဇလ

Leave a Reply

Your email address will not be published.