Categories
သတင်း

ကျိုက်ထီးရိုးဘုရား မိုးကြိုးစက်ကွင်းထိ

ကျိုက်ထီးရိုးဘုရား မိုးကြိုးစက်ကွင်းထိ

(၁၅-၅-၂၀၂၂) ညပိုင်း ကျိုက်ထီးရိုး စေတီတော်မြတ်ကြီး ၏ အောက်ခံ ကျောက်တုံးကြီးအားမိုးသည်းထန်စွာ ရွာသွန်းချိန် မိုးကြိုး စက်ကွင်း အနည်း မိသွားပါသည်။ ရွှေသရိုးဖတ် အနည်းငယ်သာ ကွာကျပါသည်။ အခြားဘာမှ ဖြစ်မသွားပါ ။

အောက်ခံကျောက်တုံးကြီးလဲ အနည်းငယ် ရွှေကွာယုံသာ ဖြစ်ပါသည် ။ ကွဲခြင်း အက်ခြင်း ဘာဆို ဘာမှ မဖြစ်ပါ ။

အချိန်နဲ့တိုက်ဆိုင်တဲ့ မိုးကြိုးစက်ကွင်းရှိနေတာလား ကျိုက်ထီးရိုးစေတီတော်မြတ်၏ ကျောက် လုံးတော် မိုးကြိုးစက်ကွင်းခ၍ ရွှေပြားများ ကွာကျခဲ့တဲ့ သတင်းကတော့ အားလုံးသိပြီးသား ဖြစ်နေပါပြီး။

အားလုံးမသိတဲ့အချက်က ခုလို စက်ကွင်းထိတာ ဒီတကြိမ် ထဲမဟုတ်ပါဘူး။
– 2015
– 2019
– ယခု 2022

မှတ်မိသမျှ စုစုပေါင်း (၃)ကြိမ် ရှိပြီးဖြစ်သလို ယခုလိုမျိုး မေလ (၁၅)ရက်နေ့ ညပိုင်းမှာ မိုးသည်းထန်စွာ ရွာပြီး စက်ကွင်းထိခဲ့ကာ ယခုလိုပဲကျောက်တုံးမှာ ကပ်ထားတဲ့ ရွှေဆိုင်းများ ကွာကျခဲ့တာပါ/

2015 မှာ ရွှေ တပိသာကျော်ခန့် ကွာကျခဲ့ပါတယ်။ 2019 မှာ ရွှေ ခုနှစ်ပိသာကျော်ခန့် ကွာကျခဲ့ပါတယ်။ ယခု 2022 မှာတော့ ရွှေ ဘယ်လောက် ကွာကျသွားမှန်း မသိရသေးပါဘူး။

ပုံတွေကတော့ မိုးကြိုးစက်ကွင်းထိခဲ့တဲ့ ကျိုက်ထီးရိုးဘုရားပုံတွေနဲ့ 2019 တုန်းက ထိမှန်ခဲ့တဲ့ ပုံတွေပါ။ မိမိတို့ရဲ့ ယုံကြည်ချက် ခံယူချက်တွေအပေါ်မူတည်ပြီး သိပ္ပံနည်းနဲ့ တွေးလို့ရသလို ဝိဇ္ဇာနည်းနဲ့လဲတွေးလို့ရပေမဲ့

ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်က ဘာမှ မဖြစ် သွားပဲ ပုံမှန်အတိုင်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ် ထားရာ စေတီတော်မြတ်အဖြစ် တည်ရှိနေဦးမှာပါ/crd

Leave a Reply

Your email address will not be published.