ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္ကို စစ္ေကာင္စီက ေသဒဏ္ခ်မွတ္..(Breaking New)

ကိုဂ်င္မီနဲ႔ ကိုၿဖိဳးေဇယ်ာေသာ္ကို စစ္ေကာင္စီက ေသဒဏ္ခ်မွတ္

၈၈ မ်ိဳးဆက္ေက်ာင္းသားေခါင္းေဆာင္ ကိုဂ်င္မီနဲ႔ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) လႊတ္ေတာ္ကိုယ္စားလွယ္ ကိုၿဖိဳးေဇယ်ာေသာ္ တို႔ကို အၾကမ္းဖက္လုပ္ရပ္ေတြ က်ဴးလြန္တယ္ဆိုတဲ့ စြဲခ်က္၊ အၾကမ္းဖက္ အဖြဲ႕အစည္းေတြကို ေထာက္ပံ့ခဲ့တယ္ဆိုတဲ့ စြဲခ်က္ေတြနဲ႔ စစ္ေကာင္စီက ေသဒဏ္ခ်မွတ္လိုက္ပါတယ္။

ကိုဂ်င္မီဟာ CRPH၊ NUG နဲ႔ PDF လက္ေအာက္ခံ “ေႏြဦးကံ့ေကာ္” အဖြဲ႕ကို လက္နက္ခဲယမ္းေတြဝယ္ဖို႔ ေငြေၾကး လႊဲေျပာင္းေပးခဲ့သလို၊ အေမရိကန္ေဒၚလာ သိန္းတစ္ေထာင္နီးပါး တန္ဖိုးရွိတဲ့၊ ေသနတ္ထုတ္နိုင္တဲ့ 3D Printer ဝယ္ယူဖို႔ NUG ကို ဆက္သြယ္ ေတာင္းခံခဲ့တယ္လို႔ စစ္ေကာင္စီရဲ့ ေၾကညာခ်က္မွာ ေရးသားထားပါတယ္။

ေနအိမ္မွာ လက္နက္၊ က်ည္၊ ဗုံးေတြနဲ႔အတူ ဖမ္းဆီးမိခဲ့တဲ့ ဦးၿဖိဳးေဇယ်ာေသာ္ ဟာလည္း အၾကမ္းဖက္အုပ္စုအျဖစ္ စစ္ေကာင္စီက သတ္မွတ္ထားတဲ့ CRPH၊ NUG၊ PDF အဖြဲ႕ေတြနဲ႔ ဆက္စပ္ခဲ့တယ္လို႔ ဆိုပါတယ္။ သူ႔ရဲ့ လက္ေအာက္က အဖြဲ႕ေတြက ရန္ကုန္ၿမိဳ႕တြင္းမွာ အၾကမ္းဖက္ေဖာက္ခြဲမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ စစ္ေကာင္စီရဲ့ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဒီလုပ္ေဆာင္ခ်က္ေတြေၾကာင့္ သူတို႔ႏွစ္ဦးကို အၾကမ္းဖက္တိုက္ဖ်က္မႈ ဥပေဒပုဒ္မ ၄၉ (က)၊ ၅၀ (စ်)၊ ၅၀ (ည) တို႔နဲ႔ ဇန္နဝါရီလ ၂၁ ရက္ေန႔မွာ စစ္ခုံ႐ုံးက ေသဒဏ္ခ်မွတ္လိုက္တာလို႔ စစ္ေကာင္စီရဲ့ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။ crd

ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို စစ်ကောင်စီက သေဒဏ်ချမှတ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် တို့ကို အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်တယ်ဆိုတဲ့ စွဲချက်၊ အကြမ်းဖက် အဖွဲ့အစည်းတွေကို ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်ပါတယ်။

ကိုဂျင်မီဟာ CRPH၊ NUG နဲ့ PDF လက်အောက်ခံ “နွေဦးကံ့ကော်” အဖွဲ့ကို လက်နက်ခဲယမ်းတွေဝယ်ဖို့ ငွေကြေး လွှဲပြောင်းပေးခဲ့သလို၊ အမေရိကန်ဒေါ်လာ သိန်းတစ်ထောင်နီးပါး တန်ဖိုးရှိတဲ့၊ သေနတ်ထုတ်နိုင်တဲ့ 3D Printer ဝယ်ယူဖို့ NUG ကို ဆက်သွယ် တောင်းခံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

နေအိမ်မှာ လက်နက်၊ ကျည်၊ ဗုံးတွေနဲ့အတူ ဖမ်းဆီးမိခဲ့တဲ့ ဦးဖြိုးဇေယျာသော် ဟာလည်း အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက သတ်မှတ်ထားတဲ့ CRPH၊ NUG၊ PDF အဖွဲ့တွေနဲ့ ဆက်စပ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ လက်အောက်က အဖွဲ့တွေက ရန်ကုန်မြို့တွင်းမှာ အကြမ်းဖက်ဖောက်ခွဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလုပ်ဆောင်ချက်တွေကြောင့် သူတို့နှစ်ဦးကို အကြမ်းဖက်တိုက်ဖျက်မှု ဥပဒေပုဒ်မ ၄၉ (က)၊ ၅၀ (စျ)၊ ၅၀ (ည) တို့နဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ စစ်ခုံရုံးက သေဒဏ်ချမှတ်လိုက်တာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ crd

Leave a Reply

Your email address will not be published.