ဆီးဂိမ်းစ်တွင် အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား စစ်ကောင်စီက ကန်ဒေါ်လာ တစ်သိန်း ဆုချ

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဒေါ်လာ တစ်သိန်း ချီးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် – MFF က သတင်းထုတ်ပြန်ထားသည်။

အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်)ပြိုင်ပွဲ၏ အမျိုးသမီး ဘောလုံး ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် စင်ကာပူ အသင်းအား (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်(အကြိုဗိုလ်လုပွဲ) အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်

အဆိုပါ ဆုကြေးငွေအား မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစား နှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဝန်ကြီးဌာန တာဝန်ရှိသူများက အသင်းတည်းခိုရာ ဟိုတယ်သို့ လာရောက်တွေ့ဆုံ အားပေးခဲ့ပြီး နိုင်ငံတော်က ထပ်ဆောင်းချီးမြှင့်သည့် အမေရိကန် ဒေါ်လာ (၁)သိန်းကို မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းအား ပေးအပ်ချီးမြင့်ခဲ့ ကြောင်း သိရသည်။

အမျိုးသားဘောလုံးအသင်းအနေဖြင့် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်တွင် အင်ဒိုနီးရှားအသင်းကို (၃-၁) ဖြင့် အရေးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
ဓာတ်ပုံ – MFF(စစ်ကောင်စီ၏ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မြန်မာအမျိုးသမီးအသင်းသို့ ပေးအပ်စဉ်) crd

ဆီးဂိမ်းစ်တွင် အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား စစ်ကောင်စီက ကန်ဒေါ်လာ တစ်သိန်း ဆုချ

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) အကြိုဗိုလ်လုပွဲတက်ရောက်ခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအား အာဏာသိမ်းစစ်ကောင်စီက အမေရိကန်ဒေါ်လာ တစ်သိန်း ချီးမြှင့်လိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် – MFF က သတင်းထုတ်ပြန်ထားသည်။

အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်)ပြိုင်ပွဲ၏ အမျိုးသမီး ဘောလုံး ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် စင်ကာပူ အသင်းအား (၁-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်(အကြိုဗိုလ်လုပွဲ) အဆင့်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်

Leave a Reply

Your email address will not be published.