Categories
သတင်း

ဂိမ်းရှုံးတာ အမေ့ကြောင့်ဆိုပြီး သားဖြစ်သူမှ အမေအိပ်နေချိန် ခေါင်းအုံးဖြင့် See more

ဂိမ်းရှုံးတာ အမေ့ကြောင့်ဆိုပြီး သားဖြစ်သူမှ အမေအိပ်နေချိန် ခေါင်းအုံးဖြင့် See more

ယနေ့မျက်မှောက်ခေတ်ကာလမှာ အနယ်နယ်အရပ်ရပ်ကသတင်းတွေဟာမျိုးစုံကြားနေရလွန်းလို့ တစ်ချို့သတင်းတွေကို စိတ်ပျက်ပြီးမရေးဖြစ်ခဲ့တာတွေလည်းရှိခဲ့ပါတယ် ၊ယခုလည်း ဂိမ်းကြောင့် လူငယ်တွေ ညမအိပ်ဘဲ တစ်ညလုံး အရူးတွေလို အော်တဲ့သူကအော် ၊ စကားပြောတဲ့သူကပြော

နောက်မှာလာနေပြီ လာနေပြီ အဲ့ကောင်ကို သေအောင်သတ် သေအောင်သတ် ” ” ဟာ ပစ်လေကွာ… ပစ် ပစ် ” နဲ့ စုံနေအောင်ကြားရတဲ့အသံတွေက တစ်ခါတစ်လေ ကိုယ့်နောက်ကြောတောင်ကိုယ်မလုံတော့တဲ့အဖြစ်မျိုးနဲ့ရင်ဆိုင်နေရသလိုဘဲဂိမ်းဆော့တာများပြီး လူငယ်တွေရဲ့နူးညံ့သိမ်မွှေ့ရမယ့်အရွယ်လေးတွေဟာ အရွယ်နဲ့မလိုက်အောင်

စိတ်ရိုင်း ၊စိတ်ကြမ်းတွေဝင်ပြီး ဝစီကံတွေငအစ အပြောအဆိုတွေရိုင်းလာတဲ့အထိတွေ့မြင်ရကြုံတွေ့ရပြီးနောက်ဆုံး ဂိမ်းရဲ့ဆိုးကျိုးကြောင့် ကံသုံးပါးစလုံး ရိုင်းကြလာကြတာတွေလည်းရှိကြပါတယ် ၊ အားလုံးကိုတော့မဆိုလိုပါဘူး ၊

ဂိမ်းကိုဂိမ်းလိုမဆော့ကြဘဲ အနိုင်အရှုံးပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ၊ ရုပ်ပိုင်းဆိုင်ရာတွေပြောင်းလဲကုန်ပြီး မလုပ်သင့်မလုပ်အပ်တဲ့အထိကျူးလွန်လာကြတာကိုပြစ်မှုဆိုင်ရာမှုခင်းသတင်းတွေအရ သိရပါတယ်။ယခုဖော်ပြချင်တဲ့သတင်းလေးတစ်ပုဒ်က တော့ ပြီးခဲ့တဲ့ ညသန်းခေါင်ယံအချိန်က

ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့မှာ နိုင်ငံခြားကပြန်လာပြီး ၁၀ ရက်တောင်မကြာသေးတဲ့သားဖြစ်သူ ၁၆နှစ်သားအရွယ်လေးဟာ အခန်းတံခါးပိတ်လို့ ထမင်းမစားဟင်းမစား ၊ ဘယ်သူနဲ့မှလည်းစကားမပြော ဂိမ်းကြီးဘဲအာရုံစိုက်ကစားနေလို့ သားဖြစ်သူကို မိခင်ဖြစ်သူက

ညည ဂိမ်းတွေအလွန်အကျွံမဆော့ဘို့တားမြစ်ဆုံးမတယ် ၊ မိဘဆိုတော့ သားသမီးကိုဆိုးဆုံးမဘို့တာဝန်ဝတ္တရားရှိတာထုံးစံပေါ့၊ခဏခဏဆူလွန်းလို့ မိခင်အိပ်နေတဲ့အချိန် သားဖြစ်သူဟာ အဝတ်နဲ့ပါးစပ်ကိုပိတ်ပြီး

ဓါးနဲ့အချက်ပေါင်းများစွာထိုးတယ် ၊ အမေဖြစ်သူကချက်ချင်းဝမ်းလျားမှောက်လိုက်တယ် နောက်ကြောကနေတစ်ကိုယ်လုံးကိုဓါးဒဏ်ရာ ၁၂ ချက်တိတိအထိုးခံရနေရချိန် အမေဖြစ်သူဟာရုန်းထရင်းသားဖြစ်သူကိုတွန်းလိုတယ် ၊ မိခင်ရဲ့သွေးနဲ့ဘဲ သားဖြစ်သူဟာချော်လဲကျသွားတယ် ၊

မိခင်ဖြစ်သူဟာ ဒဏ်ရာတွေကြားကနေ သားဖြစ်သူကို ပြောတယ် ” ကိုယ့်ကိုမွေးထုတ်တဲ့ အမေ့ကိုအသေသတ်မလို့မလား သား ? အမေကသားကိုချစ်လို့ဆုံးမတာပါ ၊အခု… သားလွတ်ရာကို အမြန်ပြေးပါတော့ ” လို့ပြောပြီးသွေးအိုင်ထဲမှာဘဲလဲကျသွားတယ် ၊

ဆူညံ ဆူညံ သံတွေကြောင့် အသက် ၇၀ အရွယ်အဖွားဖြစ်သူဟာ အခန်းထဲဝင်ကြည့်တော့မှ အသက် ၃၄ နှစ်အရွယ် သမီးဖြစ်သူဟာ သွေးအိုင်ထဲမှာမြင်မကောင်းအောင်တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့်ရဲတပ်ဖွဲ့ကိုအကြောင်းကြားကာ

အရေးပေါ်လူမှုကူညီရေးတွေကိုခေါ်ပြီးအကူအညီတောင်းခဲ့ရပါတယ်မြေးဖြစ်သူကတော့ခြေဦးတည့်ရာထွက်ပြေးသွားခဲ့ပါတယ်..၁၄ ရက်နေ့မှာဘဲသားဖြစ်သူဟာ ရဲစခန်းမှာသူ့မိခင်အပေါ်ပြစ်မှားမိတဲ့နောင်တကိုကြီးစွာရမိပြီပြီး သူကိုယ်တိုင်လာရောက်အဖမ်းခံခဲ့ပါတယ် ၊

သူ့ရဲ့ဖြောင့်ချက်အရ ”သူဟာ သူ့ရဲ့လွတ်လပ်မှုအတွက်မိခင်ကိုအသေသတ်ဘို့အထိရည်ရွယ်ခဲ့တာပါ ၊ အမေ့ကိုဓါးနဲ့ထိုးလိုက်တဲါအချိန် အမေဟာနောက်ကြောကိုထိုးခံလိုက်တယ် ၊

ပြီးတော့အမေ့ကိုသတ်မလို့လားမေးတယ် ၊ ကျွန်တော်ဘာမှမမြင်တော့ဘဲဆက်တိုက်ထိုးခဲ့တယ် ၊ အမေကိုခြေထောက်နဲ့လည်းကန်ခဲ့ပါတယ် ၊ အမေဟာရုန်းရင်းနဲ့ထလာပြီး သူ့ကိုတစ်ချက်တွန်းလိုက်တယ် ၊ကျွန်တော်လဲကျသွားတဲ့အချိန် သတိပြန်ဝင်လာပြီး

သူဒီမှာဆက်နေလို့မရတော့ဘူး ၊ ပတ်ဝန်းကျင်ကိုမျက်နှာမပြရဲတော့ဘူးလို့ပြောလိုက်ပါတယ် ၊ အမေက သားဒီကနေအမြန်ပြေးတော့လို့ ပြောပြီး လဲကျသွားတယ် ၊

အဲ့ဒီအချိန် ကျွန်တော့်မိခင်ကျွန်တော့ကိုဘယ်လောက်ချစ်တယ်ဆိုတာ သိလိုက်ပေမယ့် အရာရာဟာနောက်ကျသွားပါပြီ ၊ ဒါကြောင့် မိမိလုပ်ရပ်ဟာဘယ်သူမှခွင့်လွှတ်နိုင်စရာမရှိသလို ကိုယ့်ကိုယ်ကိုယ်လည်းရွံမုန်းပြီးမိုက်ပြစ်ကိုပေးဆပ်ဘို့ ရဲစခန်းမှာလာရောက်အဖမ်းခံခဲ့တာပါလို့

ဟတ်ယိုင်မြို့နယ် ” ခေါဟုန် ” ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး ဆတ်ဆစ် မီဆဲန်က ရဲစစ်ချက်အရသတင်းမှာဖော်ပြထားပါတယ် ။မိခင်ကြီးရဲ့ကျမ္မာရေးအခြေအနေကတော့အတွင်းလူနာအဖြစ်ကုသမှုခံနေရပြီး သားသမီးအပေါ်ထားရှိတဲ့မိဘတို့ရဲ့မေတ္တာဟာမည်မျှကြီးမားကြောင်းကို

သားမိုက်တစ်ယောက်အနေနဲ့ အချိန်လွန်မှနောင်တရခဲ့ပေမယ့်လည်း အနန္တဂိုဏ်ဝင်ကျေးဇူးရှင်မွေးသမိခင်ကို ကံသုံးပါးနဲ့သွေးစိမ်းရှင်ရီင်ထွက်အောင် ကျူးလွန်ပြစ်မှားမိခဲ့တဲ့အပြစ်ကို တရားဥပဒေကခွင့်မလွှတ်သလိုပဉ္စာနန္ဒိယကံကြီးထိုက်ဘို့အချိန်တန်ရင် လောကသံသရာဝဋ်ကြွေးငရဲကတော့မျက်နှာသာပေးလိမ့်မည်မဟုတ်ပါ..ဘူးခင်ဗျာ..crd

Leave a Reply

Your email address will not be published.