ဟွန်ဆင်ကို ဖိနပ်ဖြင့်ပေါက်တဲ့ ရွှေဖိနပ်ပိုင်ရှင် သိရပြီ

ဟွန်ဆင်ကို ဖိနပ်ဖြင့်ပေါက်တဲ့ ရွှေဖိနပ်ပိုင်ရှင် သိရပြီ

ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပခြင်းမရှိဘဲ အတိုက်အခံနိုင်ငံရေးသမားတွေ၊ သတင်းသမားတွေ အကြီးအကျယ် ဖိနှိပ် ထောင်ချနေတဲ့သူ၊ မြန်မာ့အရေးမှာ စစ်အာဏာရှင် မင်းအောင်လှိုင်ဘက်က ဘက်လိုက်နေတယ်လို့ စွပ်စွဲခံနေရတဲ့

အာဏာရှင် ကမ္ဘောဒီးယားဝန်ကြီးချုပ် အာဏာရှင် ဟွန်ဆင်ဟာ အမေရိကန်ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမှာ သူ့ရဲ့ ထောက်ခံသူတွေကို နှုတ်ဆက်နေတုန်း ဖိနပ်နဲ့ အပေါက်ခံခဲ့ရပါတယ်။

မေလ ၁၁ ရက်နေ့မှာ အဲဒီဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖိနပ်က လွဲချော်သွားတဲ့အတွက် ဟွန်ဆင်ကို ထိသွားတာမျိုးတော့မရှိပါဘူး။ ကမ္ဘောဒီးယားမှာဆိုရင် ဟွန်ဆင်ရဲ့ ပိုစတာကို ဖိနပ်နဲ့ပေါက်တာနဲ့တင် ထောင် ဒဏ် ၄ နှစ်ချခံခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ၂၀၁၈ ခုနှစ်မှာဖြစ်ပွားခဲ့ပါတယ်။

အခုတစ်ခါမှာလည်း ဟွန်ဆင်ကို ဖိနပ်ဖြင့်ပေါက်ခဲ့သူဟာ ပေါ်ထွက်လာခဲ့ပြီဖြစ်ပါတယ်။ ရွှေဖိနပ်ပိုင်ရှင်ကတော့ ကမ္ဘောဒီးယား အငြိမ်းစား စစ်သည် အုတ်ခ်တာ့ခ်ျ ဖြစ်ပါတယ်။

ဟွန်ဆန်ကို ဖိနပ်ဖြင့်ပေါက်သူကတော့ အခုလိုပြောကြာားလာပါတယ်။ “ဟွန်ဆင်ကို ဖိနပ်နဲ့ ပေါက်ပြီးမှ ကျွန်တော် စိတ်သက်သာရာ ရပြီး အိပ်ပျော်တော့တယ်။. ကျွန်တော် ဒီလို လုပ်ဖို့ အရင်ကတည်းက စိတ်ကူးထားတာပါ ဘာဖြစ်လို့ လဲ ဆိုတော့ ကျွန်တော် သူ့ကို အရှက်ခွဲ ချင်ရုံထက် မပိုပါဘူး ။

ကျွန်တော်က ဟွန်ဆန်ကို ဖိနပ်နဲ့သာ ပစ်ပေါက်တာပါ ။ ဟွန်ဆန်က ကမ္ဘောဒီးယား ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို လက်ပစ်ဗုံးတွေနဲ့ ပစ်သတ်ခဲ့တာပါ ။ ဟွန်ဆင်က အာဏာရှင်တစ်ဦးဖြစ်ပြီး

ကျွန်တော့ ဆွေမျိုးတွေ အပါအဝင် လူအများအပြားကို သတ်ဖြတ်ခဲ့ပါတယ်။ “ဟု ၁၉၇၀ ခုနှစ်များအတွင်း ကမ္ဘောဒီးယား စစ်တပ်၌ တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၇၂ အရွယ် ၎င်းက ပြောပါတယ်။crd

Leave a Reply

Your email address will not be published.