နေ့စဉ်အလုပ်ရှုပ်လွန်းလို့ ကုသိုလ်ရေးမလုပ်နိုင်ပါဘူး ဆိုသူများအတွက် နည်းလမ်းကောင်း

နေ့စဉ်အလုပ်ရှုပ်လွန်းလို့ ကုသိုလ်ရေးမလုပ်နိုင်ပါဘူး ဆိုသူများအတွက် နည်းလမ်းကောင်း

နေ့စဉ်အလုပ်သွားနေရ၍ အချိန်မရလို့ ဘုရားတရားမလုပ်နိုင်သူဖြစ်နေပါက နံနက်ကို မိမိမူလအိပ်ရာထချိန်ထက် နာရီဝက်ဆလာက် စော၍ ထပါ. ငါးပါးသီလ ခံယူပါ မိမိအဆင်ပြေရာ ဂါထာတစ်ခုခုကို ပုတီး စိတ်ပါ ပရိတ်တော်များအားလုံး မရွတ်ဖတ်နိုင်လျင် မိမိအဆင်ပြေရာ သုတ်တစ်ခုသာ ရွတ်ဖတ်ပူဇော်ပါ

ည အလုပ်မှပြန်လျင် ည ကိုးနာရီနောက်ပိုင်း ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ပါ သောက်တော်ရေချမ်းများကပ်လှူပါ ဆီမီးအလင်းတိုင် များ အမွှေးတိုင်များ လှူပါ ဂါထာတော်များ ရွတ်ဖတ် ပုတီးစိတ်ပါ

လကုန်လျင် မိမိလစာထဲမှ ငွေကို လှူရန်အတွက် သီးသန့်ဖယ်ထားပါ ဘုရားပန်း 1စည်းဖြစ်စေ ဖယောင်းတိုင် တစ်ထုတ်ဖြစ်စေ လစာထဲမှ ဦးဦးဖျားဖျားဝယ်၍ လှူပါ / ခိုလေးများ ခွေးလေးများကို တတ်နိုင်သလောက် အစာကျွေးပါ

အလုပ်ပိတ်ရက်များတွင် ဘုရားသွားပါ ဘုရားရင်ပြင်တော်ကို တံမြက်စည်းလှဲပါ မိမိတွင်ညံ့နေသောကံများ အမိုက်များနှင့်အတူပါသွားပါစေ ဆုတောင်း၍ ရင်ပြင်တော်ကို စိတ်ပါလက်ပါ တံမြက်လှည်းပါ

ဘုရား မိမိမွေးနေ့ထောင့်တွင် ဆီမီး မိမိသက်စေ့လှူဒါန်းပါ လှူဒါန်းချိန်သည် နေဝင်ခါနီး သို့မဟုတ် နေထွက်ခါနီး အချိန်ဆိုလျင် အလွန်ကောင်းပါသည်/ ဘုရားရှိခိုးပြီးတိုင်း အမျှဝေပါ မိမိချစ်သူ/အိမ်ထောင်ဘက်၏ ဆယ့်နှစ်ပါးသော ကိုယ်စောင့်နတ် မိမိ၏ ဆယ့်နှစ်ပါးသော ကိုယ်စောင့်နတ်

မိုးနတ်မင်း မြေနတ်မင်း ရေနတ်မင်း လေနတ်မင်း မိမိနှင့်သိုက်ဆက် ဓာတ်ဆက် နန်းဆက် ပဌာန်းဆက် ဘဝဆက် ပါရမီဆက်ရှိသောသူများအား အမျှဝေပါ/ ထမင်းစားခါနီးလျင် အစာစားခါနီးလျင် ပန်းကန်ကို လက်ဖြင့်ထိ၍ သရဏဂုံကို ရွတ်ဖတ်ပါ မိမိစားသော အစာတွင် သူတပါး မကောင်းမကြံစည်နိုင်ပါ

အိပ်ရာဝင်ခါနီးလျင် အိပ်မပျော်မခြင်း ဂါထာတော်များ စိတ်အတွင်းမှ ရွတ်ဖတ်ပူဇော်ပါ/ ဤ အပြုအမူများကို လုပ်ဆောင်ခြင်းဖြင့် ချက်ချင်း မသိသာသော်လည်း နှစ်လ သုံးလအတွင်း သိသာလာပါမည် စိတ်ညစ်စရာများ လျော့နည်းလာပါလိမ့်မည် ကံဇာတာများ တိုးတက်လာပါလိမ့်မည်/

တစ်နေ့တာ နှစ်တယ့်လေးနာရီတွင် ကုသိုလ်ရေးအတွက် တစ်နာရီမျှလောက် အချိန်ပေးပြီး အခုဘဝနှင့် သံသရာအတွက် ဆောင်ရွက်ပါ။crd

Leave a Reply

Your email address will not be published.