အလှူခံတဲ့ကိစ္စနှင့်ပတ်သက်၍ သီလရှင်တစ်ပါးနှင့်ဘုန်းကြီးတစ်ပါးစကားများကြရာသီလရှင်မှ… See more

စစ်ကိုင်းမြို့၊မီးရထားရပ်ကွက် နယ်မြေ (၁) ပင်စင်ကုန်းရှိ ဇေယျမင်္ဂလာ အောင်ချမ်းသာကျောင်းဝန်းအတွင်း ယမန်နေ့ ညနေ ၅ နာရီ အချိန်ခန့်က သီလရှင် တစ်ပါး နှင့် ဘုန်းကြီးတစ်ပါး စကားများကြရာမှ ဓါ-းထိုးမှုဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မ ရဲစခန်းက သိရသည်။

ဇေယျာမင်္ဂလာ အောင်ချမ်းသာကျောင်းနေ ဆရာတော် ဦးတေဇနိယ နှင့် သီလရှင် ဒေါ် စန္ဒာသီရိ တို့ အလှူခံကိစ္စနှင့် စကားမျာကြရာမှ သီလရှင် ဒေါ် စန္ဒာသီရိမှ ဆရာတော် ဦးတေဇနိယ ၏ ဝဲဘက်နံဘေး အား စတီးဓားဖြင့်ထိုးသွင်းခဲ့ ကြောင်း သိရပြီး

ဓ-ားထိုးခံရမှုကြောင်း ဆရာတော် ဦးတေဇနိယ မှာ မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့၍ ဆေးကုသမှု ခံယူလျက်ရှိကြောင်း ကနဦး သတင်းများ အရ သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ သီလရှင် ဒေါ်စန္ဒာသီရိအား ဖမ်းဆီးပြီး သက်ဆိုင်ရာ သာသနာအဖွဲ့မှ လူဝတ်လဲကာ တရားဥပဒေအရ အရေးယူဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်၊။crd

Leave a Reply

Your email address will not be published.