လက်ရှိမုန်တိုင်းဒဏ်ခံနေရသည့် မော်လမြိုင်မြို့အခြေနေ
ဓမ္မာရုံမှာ တိမ်းရှောင်ခိုင်းထားရတဲ့ ထမင်းထုပ်ဝေရမဲ့ မိသားစုတွေ ရှိနေပါပြီး။ ယခု ညနေ(4:15)Pmအချိန်ထိ လေရော မိုးရော အပြင်းထန်ဆုံးအခြေအနေမှာရှိနေဆဲပါ။
တမြို့လုံးအနှံ့ သစ်ပင်တွေလဲပါတယ်။ ဓါတ်တိုင်တွေ ကျိုးပါတယ်။ နေအိမ်တော်တော်များများ လေဒဏ်မခံနိုင်ပဲ အမိုးများလန်ထွက်ပါတယ်။ တချို့သစ်ပင်ကြီးတွေလဲပြီး ဘုန်းကြီးကျောင်းနဲ့ အိမ်အချို့ပိပါတယ်။
သာယာအေးနဲ့ ဇေယျာသီရိ မြို့သစ်ဘက်က မြစ်ကမ်းနား ကနေအိမ်တွေက တဲအိမ်အများစုဖြစ်လို့ လေဒဏ်မိုးဒဏ် မခံနိုင်ပဲ နေလို့မရတော့တဲ့ အခြေအနေထိဖြစ်ကုန်ပါတယ်။
အဲဒီ အိမ်တွေမှာ ဗိုက်ကြီးသည်တွေ ကလေးငယ်တွေ သက်ကြီးရွယ်အို အဖိုးအဖွားတွေပါနေလို့ လက်ရှိသူတို့ ကိုဘေးလွတ်ရာ ဓမ္မာရုံကို ရွေ့ပြောင်းနေခိုင်းထားပါတယ်။
လက်ရှိ လူဦးရေ (၆၀)ခန့် ကျွန်တော်တို့ ရွှေ့ပြောင်းထား ပေးရပါတယ်။ သူတို့တွေအတွက်သေချာပေါက် ထမင်းထုပ် ချက်ရပါမယ်။ မိုးနည်းနည်းအခြေအနေငြိမ်တာနဲ့ ကျွန်တော် ပိုက်ဆံ ထုတ်ပေးပြီး ချက်ခိုင်းဖို့ စီစဉ်ထားပါတယ်။
အမြန်ဆုံးဟင်း ဘဲဥပဲ ဖြစ်ဖို့များပါတယ်။ မီးသတ်တပ်ဖွဲ့တွေရော တမြို့လုံးက RESCUE အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေရော လက်မလည်အောင် ရှင်းလင်း ဆောင်ရွက်မှုတွေ ပြုလုပ်နေရပါတယ်။
အထက်ဖော်ပြတာတွေကတော့ ယခုလက်ရှိ မော်လမြိုင်မြို့ ရဲ့အခြေအနေပဲ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး အပြင်မထွက်ကြတာ အကောင်းဆုံးပါ။
ကျွန်တော်ကတော့ ဘေးလွတ်ရာ ဓမ္မာရုံကို ပြောင်းရွှေ့ ထားတဲ့ မိသားစု (၆၀)စာလောက်အတွက် ထမင်းထုပ် ချက်လှူ ဖို့ စီစဉ်ရပါဦးမယ်။crd