Leandro Atadies ကိုအနိုင်ရရင်‌တောင်အောင်လနဲ့ဘဲ ထိုးခွင့်ပေးပါ‌ဆိုပြီး တောင်းဆိုခဲ့တဲ့ Yushin Okami
Leandro Atadies ကိုအနိုင်ရရင်‌တောင်အောင်လနဲ့ဘဲ ထိုးခွင့်ပေးပါ‌ဆိုပြီး တောင်းဆိုခဲ့တဲ့ Yushin Okami
ဂျပန်နိုင်ငံကိုယ်စားပြု One championship ရဲ့မစ်ဒယ်ဝိတ်တန်း ဖိုက်တာတစ်ဦးဖြစ်သည့် ယူရှင် အိုကာမီဟာ ဘရားဇီးဖိုက်တာ လီယန်ဒရို အန်တိုင်းဒီစ့် နဲ့ယှဉ်ပြိုင် ထိုးသတ်ရမှာ ဖြစ်ပါသည်။
အိုကာမီဟာ အန်တိုင်းဒီစ့်နှင့် ထိုးသတ် လိုခြင်းမရှိဘဲ အခြားဖိုက်တာ တစ်ဦးနှင့်သာ ထိုးသတ်ချင်နေတာ ဖြစ်ပါတယ်။
အိုကာမီ ထိုးသတ်ယှဉ်ပြိုင်ချင်တဲ့ ဖိုက်တာကတော့ ပရိသတ်ကြီးတို့ရဲ့ အချစ်တော် ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု ဖိုက်တာ ဖြစ်သည့် အောင်လအန်ဆန်းဘဲ ဖြစ်ပါတယ်။အိုကာမီဟာ သူ့ရဲ့ social account ကနေ အောင်လအန်ဆန်းနှင့် ထိုးချင်ကြောင်း နှစ်ကြိမ်၊ သုံးကြိမ်ထိ ပြောထားခဲ့သော်လည်း ‘One Championship’ ရဲ့ CEO တစ်ဦးက အောင်လနှင့်
အိုကာမီတို့သာ ယှဉ်ပြိုင်ကစားမည်ဆိုရင် ပွဲဟာပျင်းစရာကောင်းမှာ ဖြစ်ပြီး ပရိသတ်စိတ်ဝင်စားမှု ရှိမှာမဟုတ်ဘူး ဆိုတဲ့အကြောင်းပြချက်ကြောင့် အိုကာမီ၏ အဆိုပြုချက်ကို ပယ်ချခဲ့တာ ဖြစ်ပါသည်။
သို့ပေမယ့် အိုကာမီဟာ လက်မလျှော့ဘဲ အောင်လကို တိုက်ရိုက်စိန်ခေါ်ထားခဲ့တာ ဖြစ်ပါတယ်။ အောင်လကတော့ လက်ခံသည် လက်မခံသည်ကို အကြောင်းကြားထားခြင်း တစုံတရာမရှိသေးပါဘူး။အိုကာမီကို ‘One championship’ က အောင်လနှင့်မဟုတ်ဘဲ တခြားဖိုက်တာတစ်ဦးဖြင့် ပွဲစီစဉ်ပေးခဲ့ပြီ ဖြစ်ပါသည်။
အိုကာမီကတော့ အဆိုပါ ပွဲစဉ်ကို အနိုင်ရရှိခဲ့ရင်တောင် နောက်ပွဲစဉ်မှာ အောင်လနဲ့ဘဲ ထိုးချင်ကြောင်း ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ထပ်လောင်း ပြောကြားခဲ့ပါသည်။
တစ်ဖက်တွင်လည်း အောင်လသည် သူ၏ပြိုင်ဘက်ဟောင်း တစ်ဦးဖြစ်ပြီး၊ နှစ်ကြိမ်တိုင်တိုင် ထိုးသတ်ခဲ့ဖူးသော ရုရှားဖိုက်တာ ဘစ်ဒတ်ရှ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်ပါသည်။
ဒါကြောင့် အိုကာမီရဲ့ အောင်လနှင့် ထိုးချင်သည့် ဆန္ဒဟာ ပြည့်မြောက်လာနိုင်ဖို့ အချိန်အနည်းငယ် ကြာကောင်းကြာနိုင်ပါတယ်။ အိုကာမီဟာ 2002 ခုနှစ်တွင် သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဝင်ရောက်ခဲ့ပြီး 2002 ခုနှစ်မှာဘဲ ပထမဆုံးပွဲကို အနိုင်ရရှိခဲ့ပြီး ‘One Championship’ မှာ နာမည်ရလာတာဘဲ ဖြစ်ပါတယ်ခင်ဗျာ။
အဆုံးထိဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်၊မဂ်လာရှိသောနေ့ရက်လေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခဗျာ။crd
Leave a Reply
Your email address will not be published.