Categories
sport

ပွဲကြမ်းကြီးနှစ်ပွဲ ​​​ဖြစ်လာတော့မယ့် အောင်လအန်ဆန်း နဲ့ ဘစ်ဒတ်ခ်ျ / ရိုင်နီယာ နဲ့ အဘာဆော့ဗ်

ပွဲကြမ်းကြီးနှစ်ပွဲ ​​​ဖြစ်လာတော့မယ့် အောင်လအန်ဆန်း နဲ့ ဘစ်ဒတ်ခ်ျ / ရိုင်နီယာ နဲ့ အဘာဆော့ဗ်

One championship ဟာ ပီးခဲ့တဲ့ အပတ်ကပဲ စင်ကပူနိုင်ငံမှာ ဝမ်းဟဲဗီးပ် ဟစ်တာ အမည်နှင့် ပြိုင်ပွဲတစ်ပွဲ ကျင်းပခဲ့ပါတယ်။ ထိုပြိုင်ပွဲဟာဆိုလျှင် One championship 2022 ရဲ့ ပထမဆုံး ပြိုင်ပွဲလို့ ဆိုနိုင်ပါတယ်။

ဟဲဗီးပ် ဟစ်တာ ပြိုင်ပွဲမှာ မှာ မူလက စီစဉ်ထားတဲ့ တွဲဆိုင်းငါးဆိုင်း ထိဖျက်သိမ်းလိုက်ရတာကြောင့် ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို သိပ်မရရှိခဲ့ပါဘူး။ဒါပင်မယ့် One championship ကတော့ ပရိတ်သတ်တွေရဲ့ အာရုံကို တစ်ခြားနည်းလမ်းတစ်မျိုးနဲ့ ဖမ်းစားယူနိုင်သွားခဲ့ပါတယ်။

ဟဲဗီးပ်ဟစ်တာ ပြိုင်ပွဲအပြီး သတင်းစားရှင်းလင်းပွဲမှာ အောင်လအန်ဆန်းနှင့် ပတ်သတ်ပြီး One championship က ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
အောင်လအန်ဆန်းနှင့် ဘစ်တာလီဗစ်ဒက်ကးရှ်တို့ဟာ လာမည့်ဖော်ဖော်ဝါရီလထဲမှာ ထိုးသတ်ရဖို့ရှိနေကြောင်း ပြောကြားသွားခဲ့ပါတယ်။

ပြိုင်ပွဲထိုးသတ်ရမည့် ရက်ကိုလည်း One championship ဘက်က သိပ်မကြာခင်မှာ ထုတ်ဖော်ပြောကြားတော့မှာပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလထဲတွင် One championship ဟာ ပြိုင်ပွဲ နှစ်ပွဲ ကျင်းပသွားဖို့ရှိပါတယ်။ ထိုနှစ်ပွဲမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကျင်းပမယ့် ဝမ်းဘက် လဘပ်ပြိုင်ပွဲနှင့် ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကျင်းပမယ့် ဝမ်းဖူးဆိုက်ကယ် ပြိုင်ပွဲတွေပဲ ဖြစ်ပါတယ်။

ထိုနှစ်ပွဲထဲက တစ်ပွဲတွင် အောင်လအန်ဆန်းရဲ့တွဲဆိုင်း ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ One Championship ဟာ မကြေသေးမှီက ရိုင်နီယာဒီရိုက်တာရဲ့ တွဲဆိုင်းကို ကြေငြာပေးထားခဲ့ပါတယ်။

အောင်လပြိုင်ဘက်ကြီးဖြစ်တဲ့ ရိုင်နီယာ ဟာ ဖေဖော်ဝါရီလ ၂၅ရက်နေ့မှာ ကျင်းပမယ့် One Full Circle ပြိုင်ပွဲမှာ အဘာဆော့ပ် နှင့် ယှဉ်ပြိုင်ထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။

အောင်လရဲ့တွဲဆိုင်းနှငိ့ ရိုင်နီယာရဲ့တွဲဆိုင်းတို့ကို ပြိုင်ပွဲတစ်ရက်ထဲမှာ ထိုးသတ်စေမှာ မျိုးလည်း ဖြစ်ခါနိုင်ပါတယ်။ အတိအကျကိုတော့ One championဘက်က ထုတ်ပြန်ကြေငြာ ထားခြင်းမျိုး မရှိခဲ့သေးပါဘူး။

အောင်လအန်ဆန်း နှင့် ဘစ်ဒက်ရှ်တို့ ထိုးပြီး အနိုင်ရလာတဲ့ လူက ရိုင်နီယာနှင့် အဘာဆော့ပ်တို့ ထိုးပြီး အနိုင်ရလာတဲ့လူနဲ့ ထိုးသတ်ရပြီး ခါးပတ်လုရဖို့ များနေပါတယ်။

အဆုံးထိဖတ်ရှုပေးခဲ့တာ ပရိတ်သတ်ကြီးကို အထူးပင် ကျေးဇူးတငိရှိပါတယ်။ မဂ်လာရှိသော နေ့လေးတစ်နေ့ ဖြစ်ပါစေ ပရိတ်သတ်ကြီးရေ…
crd

Leave a Reply

Your email address will not be published.