မဟာပါသာဏ လိုဏ်ဂူကို အကြီးစား ပြင်ဆင်

မဟာပါသာဏ လိုဏ်ဂူကို အကြီးစား ပြင်ဆင်

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးကုန်းမြေက ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏ လိုဏ်ဂူ သိမ်တော်ကြီးကို အကြီးစားပြင်ဆင်နေတာဟာ အခုအခါမှာတော့ (၇၅) ရာခိုင်နှုန်းလောက် ဆောင်ရွက်ပြီးစီး နေပြီဖြစ်တယ်လို့ သာသနာရေးဦးစီးဌာနက သိရပါတယ်။

လက်ရှိမှာ မဟာပါသာဏ လိုဏ်ဂူတော်ကြီးရဲ့ အပိုင်းနှစ်ပိုင်းကို အကြီးစား ပြင်ဆင်နေတာ ဖြစ်ပြီး အခုနှစ် အောက်တိုဘာလောက်မှာ ပြီးစီးဖို့ လျာထားတယ်လို့လည်း သာသနာရေး ဦးစီးဌာန၊

ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်းက ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာအေးဟံသာသီရိကုန်းမြေက သာသနိကအဆောက်အဦ ကျောင်းဆောင်(၆)ဆောင် အဆင့်မြှင့်တင် မွမ်းမံတာ၊ မြေပြုပြင်တာ၊ နေရာရှုခင်းဆောင်ရွက်တာနဲ့ လမ်းပြုပြင်တဲ့လုပ်ငန်းတွေလည်း ဆောင်ရွက်သွားဖို့ရှိတယ်လို့ သိရပါတယ်။

မဟာပါသာဏ လိုဏ်ဂူတော်ကြီးကိုတော့ (၁၉၅၄) ခုနှစ်၊ မေ (၁၀) ရက်က တည်ဆောက်ပြီးစီးခဲ့တာဖြစ်ပြီး ဆဋ္ဌသင်္ဂါယနာတင်တာကိုတော့ ထေရဝါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံက သံဃာတော် အပါး (၂၅၀၀) နဲ့ နှစ်နှစ်နဲ့

ငါးရက်တိုင်တိုင် ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ လိုဏ်ဂူတော်ကြီးသက်တမ်းဟာ နှစ်ပေါင်း (၆၀) ကျော်လာပြီးဖြစ်ပြီး ယိုယွင်းပျက်စီးမှုတွေ ဖြစ်ပေါ်လာတဲ့အတွက် ပြီးခဲ့တဲ့ (၂၀၂၁) ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး အကြီးစား ပြင်ဆင်မွမ်းမံတာတွေ ဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပါတယ်။
crd

Be the first to comment

Leave a Reply

Your email address will not be published.

*