မကြာခင် ပြည်သူတွေ အော်ဟစ်ကခုန်ပြီး အပျော်ကြီးပျော်ရစေမယ် ဆိုတဲ့ ဗိုလ်နဂါး See more.

မကြာခင် ပြည်သူတွေ အော်ဟစ်ကခုန်ပြီး အပျော်ကြီးပျော်ရစေမယ် ဆိုတဲ့ ဗိုလ်နဂါး See more.


စစ်ကောင်စီတပ်များ နေ့စဉ်မိုင်းခွဲတိုက်ခံနေရသည့် စစ်ကိုင်းတိုင်းအတွင်း ပစ်မှတ်ထားခံရသော လက်နက်ကိုင် တော်လှန်ရေးသမားများအနက် ဗိုလ်နဂါးဆိုသည့်

ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်အား ဇန်နဝါရီလအတွင်းက စစ်ရဟတ်ယာဉ်လေးစီးသုံးပြီး ဝင်စီးခဲ့သော်လည်း ဗိုလ်နဂါးကို ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိပဲ လွတ်မြောက်သွားခဲ့သည်။

လက်ရှိမြေပြင်အခြေအနေမှာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ ပြည်သူတွေနဲ့ အ မျိုးသားညီညွတ်ရေးအစိုးရတို့အကြား အချိတ်အဆက် ပိုမိလာပြီး ပိုအား ကောင်းလာတယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော်ရဲ့ ခေါင်းဆောင်ဗိုလ်နဂါးက ပြောကြားလိုက်ပါတယ်။

“ MRDA ဆိုတဲ့မြန်မာ့တော်ဝင်နဂါးတပ်တော်ဟာ NUG ရဲ့ပံ့ပိုးမှု ပြည်သူလူထုရဲ့ ဝန်းရံအားဖြည့်မှုနဲ့အတူ ပြည်သူတွေ မျှော်လင့်တဲ့ လွတ်လပ်ရေးပန်းတိုင်ဆီကို ရောက်အောင်ချီတက်မှာပါ။ NUG ဟာလည်း အားနည်းချက်တွေကိုပြုပြင်ရင်

အခက်အခဲ ပြဿနာ အမျိုးမျိုးကိုကျော်ဖြတ်ပြီး မြေပြင်က ခေါင်းဆောင်တွေရဲ့လက်နဲ့ ကောင်းကောင်းချိတ်ဆက်လာ နေတာတွေ့ရတယ်။ လက်နက် တပ်ဆင်မှုအပိုင်းတွေကြိုးစားစီစဉ်လာနေပါတယ်။

ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့ စကားလို ကျွန်ုပ်တို့ပြည်သူနဲ့ ကျွန်ုပ်တို့ (NUG) အစိုးရ အားနည်းချက်ရှိကြရင်လည်း အပြန်လှန်ပြုပြင်ရင်း လက်တွေမြဲထား ရမှာပါ ”လို့ MRDA ခေါင်းဆောင် ဗိုလ်နဂါးက ပြောပါတယ်။

ဒါ့အပြင် ယနေ့ညမှာပဲ ပြည်သူတွေ အားဖြစ်စေမယ့် ပို့စ်တစ်ခုကို ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ယခုလိုရေးသားထာတာ တွေ့ရပါတယ်။

ပြည်သူတွေအားတင်းထားပါ နိုင်ရာကနေကူပါ ပွင့်ပွင့်လင်းလင်းမကူရဲရင် တိတ်တိတ်ကူပါ မကြာခင်အောင်မြင်တော့မယ်ဆိုတာ သေချာနေပါပြီ……

သုညကနေစခဲ့တဲ့ ကျွန်ုပ်တို့ တော်လှန်ရေးရဲဘော်တွေဟာ ရှိတာနဲ့တင်စစ်ကောင်စီကို ဖရိုဖရဲ အလဲလဲအကွဲကွဲဖြစ်အောင်လုပ်ထားနိုင်ခဲ့ပြီးပြီ….’…

အခုကတော့ အပြည့်အစုံအသေးစိတ်ပြောပြလို့မရပေမယ့် သေချာတာကတော့ မကြာခင် စကစ အတွင်းအူကြောင်းကနေလည်းကွဲထွက်တော့မယ်…….

ဒီဘက်ကလည်း MOD နဲ့ တော်လှန်ရေးအဖွဲ့စည်း ကြီးငယ်တွေဆီမှာ လူအင်အား လက်နက်အင်အား အရင်ကထက် အဆပေါင်းများစွာ အင်အားဖန်တီးထားနိုင်ပြီ…….

နိုင်ပါ့မလားလို့ကိုတွေးမနေနဲ့ နိုင်တော့မယ်လို့သိထားပါတော့……..

ပြည်သူတွေ အော်ဟစ်ကခုန်ပြီး အပျော်ကြီးပျော်ရစေမယ်……..

စည်းကမ်းမဲ့ ဖိနှိပ်မှုတွေအောက် ဘာမှန်းမသိပဲ ကြောက်လန့်နေရတဲ့ဘဝက လွတ်တော့မယ်……..

ကျန်ုပ်တို့ဘက်ကလည်း အသင့်ပြင်နေပြီ တခုလေး လောလောဆယ် အကူညီတောင်းချင်တယ်…….

လှော်သူကလှော် အော်သူကအော်ပြီး ပန်းအဝင်ကို တွန်းသိပ်ရမှာမို့ ပြည်သူ့အာဏာပြည်သူ့ပြန်ပေးဆိုတဲ့ ကြွေးကြော်သံယဉ်ယဉ်လေးတွေနဲ့ ရရာနေရာကိုရှာပြီး စိတ်ပါလက်ပါ စုအော်အော်ပေးကြပါ……

Leave a Reply

Your email address will not be published.