‘ဖေဖုန်းဖုန်းကို အခ.ျွန်နဲ့မမသင့်ပါ မောင်မယ်တို့’ဆိုပြီး ဟာသနှောကာ ပြောဆိုလာတဲ့ ပန်ဆယ်လို

‘ဖေဖုန်းဖုန်းကို အခ.ျွန်နဲ့မမသင့်ပါ မောင်မယ်တို့’ဆိုပြီး ဟာသနှောကာ ပြောဆိုလာတဲ့ ပန်ဆယ်လို

ပြည်သူ့အချစ်တော် ပန်ဆယ်လိုဟာ စစ်တပ်အာဏာသ.ိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလကစပြီး ယခုအချိန်ထိ တော်လှန်ရေးကြီးမှာ ပြည်သူတွေနဲ့တသားတည်းရပ်တည်ခဲ့သူပါ။ ပြတ်သားတဲ့ ရပ်တည်ချက်၊

ခိုင်မာတဲ့ ယုံကြည်ချက်တွေနဲ့အတူ သူမ တတ်နိုင်တဲ့ဘက်ကနေ တော်လှန်ရေးကြီးကို အစွမ်းကုန် အားဖြည့်ပေးနေခဲ့တာ အခုဆိုရင် တစ်နှစ်ကျော်ကြာကာလကိုတောင် ရောက်ရှိလို့လာခဲ့ပါပြီ။

 

အခုလို တော်လှန်ရေးကြီး အချိန်ကြာညောင်းလာပေမယ့် သူမရဲ့ တော်လှန်ရေးစိတ်ဓာတ်ကတော့ အားလျော့မသွားပဲ ယခုထိတိုင် ထက်သန်နေဆဲ ပို၍ထက်သန်လာဆဲဆိုတာ သူမ လုပ်ဆောင်နေတဲ့

တော်လှန်ရေးထောက်ပံ့လုပ်ငန်းစဉ်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ ပန်ဆယ်လိုဟာ သူမရဲ့ ပြတ်သားခိုင်မာတဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့ တော်လှန်ရေးအတွက် ကိုယ်ကျိုးမငဲ့ လုပ်ဆောင်ပေးမှုတွေကြောင့်

 

ပြည်သူတွေရဲ့မေတ္တာကို ပိုတိုးလို့ ရရှိနေတာပဲဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်ပေးနေတဲ့ ပန်ဆယ်လိုက စစ်ကိုင်းမှာ ရွာလုံးကျွတ်မီးတ.ိုက်ခံနေရတာတောင်

နှုတ်ဆိတ်နေရက်တဲ့ စစ်ကိုင်းသားစစ်စစ် ဆရာတော်အရှင်ဆေကိန္ဒအား စစ်တပ်ကိုတားဆီးပေးဖို့ ဓမ္မဒူတမောင်မယ်များက တောင်းဆိုတာနဲ့ပတ်သက်ပြီး အခုလို ဟာသနှောကာပြောဆိုလာတာဖြစ်ပါတယ်။

 

ပန်ဆယ်လိုက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ “ဖေဖုန်းဖုန်းကို အခ.ျွန်နဲ့မမသင့်ပါ မောင်မယ်တို့။ မင်းအောင်လှိုင်ဟာ ဦးရဲလွင် မဟုတ်တော့ စစ်ကိုင်းမှာ ရွာလုံးကျွတ်မီ.းတို က်ခံရတာ

မန္တလေးမှာ ရေကာတာကျိုးသလောက် ဖုန်းဖုန်းရှိဖို့ လိုမယ်မထင်။ သာဓု သာဓု သာဓု ဦးတော်”ဆိုပြီး NLDအစိုးရလက်ထက် မန္တလေးမှာ တာဘောင်ကျိုးတုန်းကတော့ ဆင်ဖမ်းမယ် ကျားဖ.မ်းမယ်နဲ့

 

ဆရာဝင်လုပ်ပြီး ဦးရဲလွင်ကို အော်ေ ငါက်ခဲ့တဲ့ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒက အခု စစ်ကိုင်းတိုင်းမှာ ရွာလုံးကျွတ် မီ.းရှို့တတ်ဖြ.တ်မှုတွေကို ကျူ.းလွန်နေတဲ့ စစ်အုပ်စုကိုတော့

သဘောပါရေငုံနှုတ်ဆိတ်ပြီး ပြည်သူတွေရဲ့ဒုက္ခကို မျ.က်ကွယ်ပြုနေတာနဲ့ပတ်သက်ပြီး အခုလို ဒဲ့ရေးသားပြောဆိုလာတာဖြစ်ပါတယ်။ ညည်း ဘုန်းကြီးဝတ်ဖူးလို့လားလို့ ပြန်အမေးခံနေရပါဦးမယ် မပန်ရယ်။

 

ပြောရရင် ပြည်သူ့အစိုးရလက်ထက် မန်းလေးမှာ ဆည်ကျို.းတုန်းက အရှင်ဆေကိန္ဒက မန်းဝန်ကြီး ဒေါက်တာ ဦးရဲလွင်ကိုအော်ငေါက်နေတာ၊ အဲဒီအချိန် ဝန်ကြီးမျက်နှာမကောင်းဖြစ်သွားတာ၊ မျက်နှာလေးညှိုးပြီး

တင်ပါ့ဘုရားဆိုပြီး လက်အုပ်လေးချီပြီး။ သူ့အမျိုးသမီးဆုံ.းခါစပေါ့ မျက်လုံးထဲ ခုချိန်ထိမှတ်မိနေသေးတယ်။ ကဲ မိတ်ဆွေတို့ရဲ့အမြင်ကိုလည်း ကွန်းမန့်မှာ မျှဝေပေးခဲ့ကြပါဦးနော်။ လေးစားစွာဖြင့် ခရက်ဒစ်

Leave a Reply

Your email address will not be published.