Categories
ဗဟုသုတ


ကျမ္မာရေးအတွက် အများသိစေရန် shareပေးခြင်းဖြင့် ဇီဝိတဒါန ကုသိုလ်ယူပေးကြပါနော်….

ဒူးရင်းသီးနှင့်တွဲဖက်မစားသင့်သော အစားအစာများ

အခုအချိန်က ဒူးရင်းသီးတွေ ဖြိုင်ဖြိုင်ပေါများနေချိန်ဆိုတော့

ဒူးရင်းသီးချစ်သူတွေ အပျော်ဆုံးအချိန်ပဲဖြစ်မယ်လို့ထင်ပါတယ်

ဒါမဲ့ “အသွားမတော်တစ်လှမ်း အစားမတော်တစ်လုပ်” ဆိုသလို

သတိမထားမိပဲ တွဲဖက်စားသုံးမိရင် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်တာမို့

ဒူးရင်းသီးနှင့်တွဲဖက်မစားသုံးသင့်သော အစားအစာများကို သတိတရတင်ပေးလိုက်ပါတယ်

ဒူးရင်းသီး နှင့် အရက်/ဘီယာ/ ဝိုင်
တွဲဖက်စားသုံးခြင်းအားဖြင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ နှလုံးသွေးကြောပေါက်ခြင်းနှင့် လေဖြတ်နိုင်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်

ဒူးရင်းသီး နှင့် နို့ထွက်ပစ္စည်းများ
သွေးတိုးရောဂါရှိသူတွေအနေနဲ့ ဒူးရင်းသီးနှင့် နို့ထွက်ပစ္စည်းများ တွဲဖက်စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

အခန့်မသင့်ရင် အသက်အန္တရာယ်အထိပါ ထိခိုက်စေနိုင်တာမို့ သတိပြုဆင်ခြင်သင့်ပါတယ်

ဒူးရင်းသီး နှင့် ခရမ်းသီး
ဒူးရင်းသီးစားပြီး ခရမ်းသီးစားခြင်းက အပူစာနှစ်ခုကို တစ်ပြိုင်နက်စားသုံးသလိုဖြစ်တာကြောင့်

အပူများပြီး လည်ချောင်းနာခြင်းနှင့် ဖျားနာခြင်းတွေကို ဖြစ်စေနိုင်ပါတယ်

ဒူးရင်းသီး နှင့် ဂဏန်း
ဒူးရင်းသီး နဲ့ ဂဏန်းတွဲဖက်စားသုံးခြင်းက အပူစာနှင့်အအေးစာနှစ်ခုကို စားသုံးခြင်းဖြစ်တာကြောင့်

ဝမ်းဗိုက်မအီ မသာဖြစ်ခြင်း နှင့် ဗိုက်အောင့်ဗိုက်နာတွေကို ဖြစ်စေနိုင်ပါတယ်

ဒူးရင်းသီး နှင့် မှို/ အမဲသား
ဒူးရင်းသီး နဲ့ အမဲသား မှိုတို့ကို တွဲဖက်စားသုံးခြင်းက အစာအဆပ်သင့်စေနိုင်ပြီး အော့အန်ခြင်း၊

အသက်ရှူကြပ်ခြင်းနဲ့ ဖျားနာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်

ဒူးရင်းသီး နှင့် ကော်ဖီ
ဒူးရင်းသီး နဲ့ ကဖင်းဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ ကော်ဖီကို တွဲဖက်စားသုံးခြင်းက ရုတ်တရက် နှလုံးရပ်ခြင်း၊

အသက်ရှူကြပ်ခြင်းနှင့် ခေါင်းအလွန်အမင်းကိုက်ခဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်

photo credit

unicode

Leave a Reply

Your email address will not be published.