Categories
ဗေဒင် ယတြာ




ခရက်ဒစ် ဗွီဒီယို

တစ်ပါတ်စာဗေဒင် 25.9.2022 မှ 1.10.2022 ထိ

အပြည့်အစုံကို အောက်တွင် ရုပ်သံဖိုင် ဖော်ပြထားပါသည်။

ခရက်ဒစ် ဗွီဒီယို

လိုတရဗေဒင်ကဏ္ဏ 23.9.2022 မှ 29.9.2022 ထိ တစ်ပါတ်စာဗေဒင်1



ခရက်ဒစ် ဗွီဒီယို



ခရက်ဒစ် ဗွီဒီယို



ခရက်ဒစ် ဗွီဒီယို



ခရက်ဒစ် ဗွီဒီယို



ခရက်ဒစ် ဗွီဒီယို

လိုတရဗေဒင်ကဏ္ဏ 23.9.2022 မှ 29.9.2022 ထိ တစ်ပါတ်စာဗေဒင်

21.9.2022 မှ 27.9.2022 ထိ တစ်ပါတ်စာဗေဒင်

21.9.2022 မှ 27.9.2022 ထိ တစ်ပါတ်စာဗေဒင်


20.9.2022 မှ 26.9.2022 ထိ တစ်ပါတ်စာဗေဒင်

၇ ရက် သားသမီးများအတွက် (၂၉. ၅ .၂၀၂၂) မှ (၄. ၆ .၂၀၂၂) ရက်နေ့အထိတစ်ပတ်စာ ဗေဒင်ဟောစာတမ်း

၇ ရက် သားသမီးများအတွက် (၂၉. ၅ .၂၀၂၂) မှ (၄. ၆ .၂၀၂၂) ရက်နေ့အထိတစ်ပတ်စာ ဗေဒင်ဟောစာတမ်း

၇ ရက် သားသမီးများအတွက် တစ်ပတ်အတွင်း ကံကြမ္မာနှင့် ဆောင်ရန် ၊ရှောင်ရန် ယတြာများကို သိရှိနိုင်ဖို့ အခမဲ့ ဖတ်ရှုနိုင်ပါပြီ။

ဆရာမင်းသိင်္ခ၏(၂၉. ၅ .၂၀၂၂) မှ (၄. ၆ .၂၀၂၂) ရက်နေ့အထိအခမဲ့တစ်ပတ်စာ ဗေဒင်ဟောစာတမ်း

Sunday

Monday

Tuesday

Wednesday

Thursday

Friday

Saturday

လာမယ့်တစ်လအတွင်း ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲသိရဖို့ ကတ်တစ်ခုကို ရွေးလိုက်ပါ

လာမယ့်တစ်လအတွင်း ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲသိရဖို့ ကတ်တစ်ခုကို ရွေးလိုက်ပါ

Tarot card လေးတွေက သင့်ရဲ့ ကံကြမ္မာကို မသတ်မှတ်နိုင်ပါဘူး။ ဒါပေမယ့် သင်ကြုံတွေ့ရမယ့်

ကံကြမ္မာနဲ့ပတ်သက်ပြီး အရိပ်အမြွက်တော့ ပြောပြနိုင်ပါတယ်။ ဒီတော့ လာမယ့်တစ်လအတွင်းမှာ ဘယ်လို

အရာတွေဖြစ်လာမလဲဆိုတာ သိရဖို့ သေချာအာရုံစိုက်ပြီး ဒီကတ်တွေထဲက တစ်ခုကိုရွေးပြီးဖတ်ကြည့်လိုက်နော်။

(၁) Knight of Swords

ဒီကတ်လေးကိုရွေးလိုက်တယ်ဆိုရင်တော့ လာမယ့်တစ်လအတွင်းမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ်တွေး

ထားတဲ့အရာတွေနဲ့ ပတ်သက်လို့ မြန်မြန်ဆန်ဆန်ပြောင်းလဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာ

တစ်ခုကိုပဲ အာရုံစိုက်နေတော့ သင့်အတွက်ကောင်းမွန်တဲ့ တခြားအခွင့်အရေးတွေကို သတိမပြုမိလိုက်တာမျိုး

ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာတွေအတွက် ကြိုးစားနေဆဲမှာပဲ တခြားအခွင့်အလမ်းတွေအ

တွက်လည်း နားစွင့်ထားမယ်ဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။

(၂) 7 of Cups

ဘာကိုမှ စိတ်မဝင်စား၊ ဘာကိုမှမလုပ်ချင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတွက် အခွင့်အရေး

ကောင်းတွေ အများကြီးရလာနိုင်ပေမယ့် တစ်ခုခုလုပ်ဖို့အတွက် ဘယ်လိုမှအားစိုက်မထုတ်နိုင်၊ ဘဝကြီးကို

စိတ်မပါလက်မပါဖြစ်နေကြောင့် ဒီအတိုင်းလက်လွှတ်လိုက်ရတာမျိုးဖြစ်တတ်ပါတယ်။ အံ့သြဖို့ကောင်းတာက

သင့်အနေနဲ့ ဘာမှမလုပ်နိုင်လောက်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေတဲ့ကြားက ဆုံးဖြတ်ချက်တစ်ခုခုချလိုက်ရ

င် အဲ့ဒီဆုံးဖြတ်ချက်က သင့်အတွက် မှန်ကန်နေတာမျိုးဖြစ်နေတာပါပဲ။ ဒါကြောင့် ဆုံးဖြတ်ချက်ချဖို့ ဝန်မ

လေးပါနဲ့။

(၃) 3 of Cups

အဆင်မပြေဖြစ်ခဲ့သမျှတွေက စပြီးအဆင်ပြေလာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေတာ၊

စိတ်ပျက်နေတာတွေကို တတ်နိုင်သလောက် ဖျောက်ပြီး ကိုယ်လုပ်စရာရှိတာကိုသာ အာရုံစိုက်လုပ်နေလိုက်ပါ။

နောက်ဆုံးမှာ သင်မျှော်လင့်နေတဲ့ အခွင့်အရေးက သင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့်မယ်။ မ

ရင့်ကျက်တဲ့ အပြောအဆို၊ အမူအရာလေးတွေ လုပ်မိပြောမိနေတတ်တာကြောင့် အဲ့ဒါလေးကို သတိထား

ပြီး ဆင်ခြင်လိုက်ပါ။

Credit

Zawgyi

လာမယ့်တစ်လအတွင်း ဘယ်လိုအပြောင်းအလဲတွေ ဖြစ်မလဲသိရဖို့ ကတ်တစ်ခုကို ရွေးလိုက်ပါ

Tarot card လေးတွေက သင့်ရဲ့ ကံကြမ္မာကို မသတ်မှတ်နိုင်ပါဘူး။ ဒါပေမယ့် သ

င်ကြုံတွေ့ရမယ့် ကံကြမ္မာနဲ့ပတ်သက်ပြီး အရိပ်အမြွက်တော့ ပြောပြနိုင်ပါတယ်။ ဒီတော့

လာမယ့်တစ်လအတွင်းမှာ ဘယ်လိုအရာတွေဖြစ်လာမလဲဆိုတာ သိရဖို့ သေချာအာရုံစိုက်ပြီး ဒီကတ်ေ

တွထဲက တစ်ခုကိုရွေးပြီးဖတ်ကြည့်လိုက်နော်။

(၁) Knight of Swords

ဒီကတ်လေးကိုရွေးလိုက်တယ်ဆိုရင်တော့ လာမယ့်တစ်လအတွင်းမှာ ကိုယ်ဖြစ်ချင်တဲ့အရာတွေ၊ ကိုယ်တွေး

ထားတဲ့အရာတွေနဲ့ ပတ်သက်လို့ မြန်မြန်ဆန်ဆန်ပြောင်းလဲလာတာမျိုးဖြစ်လာနိုင်ပါတယ်။ ကိုယ်ဖြစ်ချင်တာတ

စ်ခုကိုပဲ အာရုံစိုက်နေတော့ သင့်အတွက်ကောင်းမွန်တဲ့ တခြားအခွင့်အရေးတွေကို သတိမပြုမိလို

က်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာတွေအတွက် ကြိုးစားနေဆဲမှာပဲ တခြားအခွင့်

အလမ်းတွေအတွက်လည်း နားစွင့်ထားမယ်ဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။

(၂) 7 of Cups

ဘာကိုမှ စိတ်မဝင်စား၊ ဘာကိုမှမလုပ်ချင်လောက်အောင် ဖြစ်နေပါလိမ့်မယ်။ ကိုယ့်အတွက် အခွင့်

အရေးကောင်းတွေ အများကြီးရလာနိုင်ပေမယ့် တစ်ခုခုလုပ်ဖို့အတွက် ဘယ်လိုမှအားစိုက်မထုတ်

နိုင်၊ ဘဝကြီးကို စိတ်မပါလက်မပါဖြစ်နေကြောင့် ဒီအတိုင်းလက်လွှတ်လိုက်ရတာမျိုးဖြစ်တတ်ပါတယ်။

အံ့သြဖို့ကောင်းတာက သင့်အနေနဲ့ ဘာမှမလုပ်နိုင်လောက်ဘူးလို့ ကိုယ့်ကိုယ်ကို ထင်နေ

တဲ့ကြားက ဆုံးဖြတ်ချက်တစ်ခုခုချလိုက်ရင် အဲ့ဒီဆုံးဖြတ်ချက်က သင့်အတွက် မှန်ကန်နေတာမျိုးဖြစ်နေတာ

ပါပဲ။ ဒါကြောင့် ဆုံးဖြတ်ချက်ချဖို့ ဝန်မလေးပါနဲ့။

(၃) 3 of Cups

အဆင်မပြေဖြစ်ခဲ့သမျှတွေက စပြီးအဆင်ပြေလာနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်နေ

တာ၊ စိတ်ပျက်နေတာတွေကို တတ်နိုင်သလောက် ဖျောက်ပြီး ကိုယ်လုပ်စရာရှိတာကိုသာ အာရုံစိုက်လုပ်နေလို

က်ပါ။ နောက်ဆုံးမှာ သင်မျှော်လင့်နေတဲ့ အခွင့်အရေးက သင့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါလိမ့

်မယ်။ မရင့်ကျက်တဲ့ အပြောအဆို၊ အမူအရာလေးတွေ လုပ်မိပြောမိနေတတ်တာကြောင့် အဲ့

ဒါလေးကို သတိထားပြီး ဆင်ခြင်လိုက်ပါ။

Credit

Categories
ဗေဒင် ယတြာ

ဧပြီလ ၂၉ ရက်နေ့မှ ၅ရက်နေ့ထိ ၇ရက်သားသမီး တပတ်စာဟောစာတမ်း

ဧပြီလ ၂၉ ရက်နေ့မှ ၅ရက်နေ့ထိ ၇ရက်သားသမီး တပတ်စာဟောစာတမ်း

တနင်္ဂနွေ။

အိမ်ကပြောစကားထက် သူများပြောတာကို ယုံပြီး တဇွတ်ထိုးလုပ်တော့မည့်ကိန်း ရောက်နေပါသည်။

စဉ်းစားပြီး ဆုံးဖြတ်ပါ။ ဆန္ဒမစောပါနှင့်။ စက်၊ မြေ၊ အဆောက်အဦး တို့ ပြောင်းလဲမှု ရောင်းဝယ်မှု

ပြုပြင်မှုတို့ဖြစ်တတ်ပါသည်။ မှားယွင်းမှုနှင့်အတူ ဆုံးရှုံးမှု ရတတ်ပါသည်။ လူယုံမထားရ။ လူပေါင်း

မှားတတ်ပါသည်။အပြောလွယ်သလောက် အလုပ်ခက် ဟူသည့် စကားအတိုင်းဖြစ်နေသည့် ကာလလေး

ပါ။ ဤတစ်ပတ်အတွင်း လွယ်လွယ်နှင့် အရာရာရမယ်လို့ မယူဆလိုက်ပါနှင့်။ ကံ၊ ဥာဏ်၊ ဝီရိယ၊

လုံ့လ စိုက်ထုတ်ပါမှ အဆင်ပြေလာမှာပါ။

ခရီးဝေးယာယီတွေ ရောက်မည်။ ရမည့်ငွေ ရခါနီးမှ နှောင့်နှေးတတ်သည်။ အလုပ်အကိုင် အဆင်ပြေသ

လို ဖြစ်ပြီးမှ ထစ်ငေါ့မှု အတိုက်အခံများမှုတွေ ကြုံရတတ်ပါသည်။အရာရာ ၂ခါ ဆောင်ရွက်ရတတ်၍

ဂရုစိုက်ပါ။ သို့သော် တိုးတက်မှု မြင့်မားမှု အောင်မြင့်မှုတွေ ရပါလိမ့်မည်။ အချစ်ရေးမှာ အရှက်ကွဲရမ

လိုတော့ ဖြစ်တတ်သည်။ သတိထားပါ။အချစ်ရေးမှာ မိဘသားချင်းတို့ သဘောမတူသူကိုသဘောကျနေမိ

တတ်ပါသည်။ကျန်းမာရေးကောင်းမည်။ နည်းပညာနှင့်ပက်သက်သော ပညာများရလွယ်နေမည်။

အကျိုးပေးဂဏန်း ၅/၂/၉

အထူးဟော ကံအင်အားနည်းနေမည်

ယတြာ ဖရဲသီးစိပ်ပြီး ဘုရားကပ်ပါ

တနင်္လာ။

ရည်ရွယ်ချက်များနေသည်။ အတွေးတွေ များနေသည်။ အလုပ်တွေ တစ်ခုမက လုပ်ချင်နေသည်။ လုပ်

လည်းလုပ်နေသည်။ လုပ်သော လုပ်ငန်းတိုင်းကို ကိုယ်ကလွဲလို့ သူတစ်ပါးမသိအောင်လည်း လျို့ဝှက်လုပ်

သင့်သည်။ ထိုလျို့ဝှက်ချက်မှာ ကောင်းသောလုပ်ရပ်ဖြစ်ပြီး သူတစ်ပါး သို့မဟုတ် မိသားစုသိလျှင် တားမြ

စ်လိမ့်မည်။ဆက်လုပ်ပါ။ သင့်လုပ်ရပ်မုချ အောင်မြင်မှာပါ။ အချစ်ရေးတို့ နှောင့်နှေးမှု ဖြစ်မည်။ ချစ်သူက

အဖြေပေးဖို့အချိန်ဆွဲနေတတ်သည်။ မိဘသားချင်းဆန္ဒတွေကို လိုက်လျောချင်စိတ်ကုန်ခမ်းနေမည်။အတိုက်အခံ

တွေရှိနေသည်။ ကျော်လွှားဖြစ်မည်။

ဖြေထားသောစာမေးပွဲ၊ အင်တာဗျူး၊ ရည်မှန်းထားသော အရာ အောင်မြင်ပြီဟု မှတ်ပါ။ဆုံးဖြတ်ရခက်သော

ပြသာနာတို့ကြုံတွေ့မည်။ မရောက်ဖူးသောခရီးတို့ထွက်ဖြစ်မည်။ အရင်းနှီးဆုံး သူငယ်ချင်းများ စိတ်ဝမ်းကွဲမည်။

အလုပ်အကိုင်တွင် တိုးတက်မှု ပြောင်းလဲမှု ရွှေ့ပြောင်းမှုများဖြစ်မည်။မိသားစုအတွင်း ကြီးသူတစ်ယောက်

ကျန်းမာရေး ချုချာမည်။ အိမ်ထောင်ရေးအညံ့နည်းမည်။မိမိရဲ့ကျန်းမာရေး မှာ အကြော၊ အဆစ်နှင့်ပတ်သတ်

၍ ချုချာတတ်သည်။ပညာရေးကံသင့်ပါတယ်။

အကျိုးပေးဂဏန်း ၆/၀/၇

အထူးဟော ကျန်းမာရေး မပေါ့နဲ့

ယတြာ ဆီးယိုဘုရားလှူပါ။

အင်္ဂါ။

စီးပွားရေး လုပ်သမျှအဆင်ပြေမည်။ ရည်ရွယ်ချက်များ ပိုများလာမည်။ အဆောက်အဦးများ ဆောက်လုပ်ပြင်ဆ

င်ရတတ်သည်။ကိုယ်ပိုင်အလုပ်များ ၀င်ငွေကောင်းမည်။ အလုပ်အကိုင် အကြီးအကဲ စောင့်ရှောက်မည်။ ကျန်းမာ

ရေး ချုချာသလိုဖြစ်မည်။ဒါပေမဲ့ကုသလွယ်တဲ့ရောဂါမျိုးပဲဖြစ်လွယ်သည်။ ပညာရေးအောင်မြင်မည်။ပညာရေးနဲ့ပတ်

သက်ပြီး ခရီးယာယီထွက်ဖြစ်မည်။ ကိုယ်ပိုင် သို့မဟုတ် ရှယ်ယာလုပ်ငန်းအကျိုးပေးသည်။

ဝန်ထမ်းဖြစ်သူတို့ ရာထူးတက်လိမ့်မည်။အပြောတစ်ခြား အလုပ်တစ်ခြားလုပ်သူတွေနဲ့တွေ့တတ်၍ သတိထားပါ။

ကိုယ်ပိုင်လုပ်ငန်း ၊ရှယ်ယာလုပ်ငန်း အကျိုးပေးသည်။.ခရီးဝေးထွက်ဖြစ်မည်။ နေအိမ်တွင် အပူသည်လာမည်၊

လက်မခံရ၊ အချစ်ရေးမှာ ချစ်သူဆီက တန်ဖိုးထားစရာလက်ဆောင်ရမည်။သူများတွေရဲ့နှုတ်ကတိကို လွယ်လွယ်

မယုံပါနှင့်။ ရောင်းမစွံတဲ့ပစ္စည်းတွေ အရောင်းအဝယ်ပြန်သွက်မည်။ လှောင်ကုန်များသိသိသာသာ အမြတ်အစွန်းရ

နေမည်။ အိမ်ထောင်ရေး၊ မိသားစုအရေး လွန်စွာမှ အဆင်ပြေမည်။

အကျိုးပေးဂဏန်း ၃/၆/၉

အထူးဟော ကံအကောင်းများတယ်ဗျ

ယတြာ ဘုရားကို နေ့စဉ် လိမ္မော်သီးကပ်ပြီ ကုသိုလ်ယူပါ

ဗုဒ္ဓဟူး/ရာဟု။

အချစ်ရေးမှာ တစ်ယောက်မက စွဲလန်းမှုများ ကြုံတွေ့မည်။ ခရီးယာယီများ မရည်ရွယ်ပဲထွက်ဖြစ်မည်။ ရစရာရှိသော

ငွေကြေးများ မရတတ်သေးပါ။ ငွေလိမ်ခံရကိန်းရှိသည်။ စက်၊ ပစ္စည်း အ၀င်အထွက်မြင်သည်။ အိမ်ထောင်ရေး အ

နှောင့်အယှက်ရှိသည်။ စပ်တူရှယ်ယာမလုပ်သင့်ပါ။စကားပြောဆင်ခြင်ပါ။ စကားရှုပ်တတ်သည်။ အသွားအလာဆင်ခြင်

ပါ။ ရုတ်တရတ်ခိုက်မိတတ်သည်။ ပညာရေးနှင့်ပတ်သတ်၍ အောင်မြင်မှုရမည်။ အလုပ်အကိုင် နှင့်ပတ်သက်၍ ထစ်

ငေါ့ပြီးမှအောင်မြင်မည်။

စက်၊ ရွှေ အ၀င်အထွက်ရှိသည်။ မိဘသားချင်းတို့အတွက် စိတ်ရှုပ်ရတတ်သည်။ပြည်ပခရီးများ သွားဖြစ်မည်။လူမှုရေး

အပိုင်းမှာလည်း ပြဿနာများ ဖြစ်နေသည်။ အရာရာ အတည်တကျမဖြစ်သလို ကြုံနေရတတ်သည်။ သူများ အရှုပ်

ကိုယ့်အရှုပ်ဖြစ်မည်။ ကျန်းမာရေးကတော့ အကောင်းအဆိုးကြားလွန်ဆွဲနေတယ်။ နေကောင်းနေရင် တစ်ပတ်လုံးကော

င်းနေပြီး ညံ့မယ်ဆိုလဲ တစ်ပတ်လုံး တရှောင်ရှောင်ဖြစ်နေမည်။အိမ်ထောင်ဘက်ရဲ့ဖေးမကူညီမှုတွေကိုရရှိမည်။ ပညာက

တော့ အတိုင်းထက်အလွန်ကောင်းနေမည်။

အကျိုးပေးဂဏန်း ၁/၄/၈

အထူးဟော အချစ်ရေး အိမ်ထောင်ရေး ကံမြင့်မားမည်

ယတြာ ငါးစာကျွေးပါ

ကြာသပတေး။

ခရီးအတိုအထွာ သွားရမည်။ အလုပ်ခွင်အတွင်းလက်၊ ခြေ၊ ခေါင်း ညှပ်တတ်သည်။ ဂရုစိုက်ပါ။ ရစရာရှိသော

အရာများ မြန်မြန်တောင်းယူပါ။ သွားစရာရှိသော ခရီးများ မြန်မြန်သွားပါ။ လုပ်စရာရှိသော အလုပ်များ မြန်မြန်

လုပ်ပါ။ ဤတစ်ပတ်သည် သင့်အတွက် အောင်မြင်မှုရသော အချိန်ကာလလေး တစ်ခုဖြစ်ပါသည်။ ဝါသနာပါရင်

စ၊ဆ၊ဇ၊ည အက္ခရာဖြင့် ၄၊ ၉၊ ၆ပါသော ဂဏန်းကို ထိုးပါ။ ပေါက်လိမ့်မည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျမည်။

သို့မဟုတ် အငယ်အနှောင်းတွေ့မည်။

သတိထားပါ။ဖြေဆိုထားသော ပညာရေး၊ တောင်းဆိုထားသော အချစ်ရေး၊ အင်တာဗျူးထားသော အလုပ် စာ

မေးပွဲများ မုချ အောင်မြင်ပါသည်။တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ ဆန္ဒမစောပါနှင့်။ ဒေါသမကြီးနှင့်။ သို့သော် ရည်ရွ

ယ်ချက် ကြီးကြီးထားပါ။ ကတိတစ်ခု လွယ်လွယ်မပေးနှင့်။အလုပ်ကိစ္စမှာ အကြီးအကဲအထင်လွဲ ခံရတတ်သည်။

စကားပြောဆင်ခြင်ပါ။ စကားရှုပ်ရတတ်သည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ အိမ်ထောင်ဘက်ရဲ့ ချစ်ခင်ယု

ယမှုကိုရမည်။ ပညာရေးမှာတော့ကြိုးစားထားသမျှအရာထင် အောင်မြင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁/၆/၈

အထူးဟော စိတ်ရှုပ်ပြီး စိတ်ဆတ်နေမည်

ယတြာ တရားမကြာခဏမှတ်ပါ

သောကြာ။
ပြောသလောက် မလွယ်သော်လည်း လုပ်သလောက်ရသောရက်များ ဖြစ်တယ်ဆိုတာ သင်သိထားပေးပါ။ စေတနာကို

တန်ဖိုးမထားသူတို့က သင့်ကို အပြစ်တင်ကြလိမ့်မည်။ ရည်ရွယ်ချက် ပန်းတိုင် ရဲရဲလျှောက် အောင်မြင်ရန် လက်တက

မ်းသာ လိုတော့သည်။အတွေးအခေါ်ပြောင်းလဲမှုတွေ ဖြစ်မည်။ ရည်ရွယ်ချက်တွေ ပြောင်းလဲမှုဖြစ်လာမည်။ မိဘနှင့်

အိမ်ထောင်ဖက်ကြား၊ သားသမီးနှင့် မိဘကြား ဗျာများ နေရခြင်းနှင့် စိတ်ဆင်းရဲမှုတွေ ကြုံမည်။ ခြေထောက်တစ်ဖက်

နာကျင်မှု ဖြစ်မည်။

အတွေးများပြီး အစာစားခြင်း၊ လမ်းသွားခြင်း ဂရုစိုက်ပါ။ ထီပေါက်ခြင်း၊ ငွေရခြင်း၊ စာမေးပွဲအောင်ခြင်း၊ ရာထူးတက်

ခြင်း တို့ဖြစ်မည်။ ပညာရေး၊ စီးပွားရေး၊ အလုပ်တွေ ကြိုးစားနေစဉ်မှာ အချစ်ရေးက သင့်အတွက် အနှောင့်အယှက်

ဖြစ်လာနိုင်မည်။ အချစ်ရေးမှာလည်း မသေချာသော လမ်းလျှောက်ရသလို ဖြစ်နေမည်။ အပေါင်းအသင်းကောင်း တစ်

ယောက်က သင့်ကို ကူညီပါလိမ့်မည်။ ရစရာရှိသောငွေရလာမည်။ စက်ပစ္စည်း အသစ် ရမည်။ အိမ်ထောင်ရေးကိစ္စ

အထင်လွဲခံရတတ်သည်။ ကျန်းမာရေးက ဝမ်းဗိုက်ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း ၃/၄/၈

အထူးဟော စက်ကား သတိနဲ့မောင်းပါ

ယတြာ ငွေ ၄၀၀ကျပ်ခန့် ပံ့သကူပစ်ပါ

စနေ။

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်များ ကြီးပွားတိုးတက်လာမည်။ သင့်အတွက် ကံကောင်းသောကာလဖြစ်သည်။ လုပ်ဆောင်မှု

အားလုံး အောင်မြင်မည်။ လူချစ်လူခင်ပိုများလာမည်။ အဝေးမိတ်ဆွေ အကူအညီရမည်။ ငွေဝင်ကိန်းရှိသည်။ သားသ

မီးအတွက် စိတ်ရှုပ်ရမည်။ ငယ်ရွယ်သူအတွက် ငွေကုန်ကျများမည်။ အိမ်ထောင်ရေး ရှုပ်သလို ဖြစ်ပြီးမှ ရှင်းသွားမည်။

အသိအမှတ်ပြုခံရခြင်း၊ ချီးကျူးခံရခြင်းတွေ ကြုံရမည်။လုပ်ဖော်ကိုင်ဖက်အချင်းချင်း အထင်အမြင်လွဲခံရမည်။ စကားပြောဆင်ခြင်ပါ။

ကျန်းမာရေးအညံ့အဆိုးတွေလျော့ပါးသက်သာခွင့်တွေရလာပါလိမ့်မယ်။ နေမကောင်းသူများ ပြန်လည်ကျန်းမာလာတတ်ပါ

တယ်။အချစ်ရေးမှာ စိတ်ချမ်းသာရလိမ့်မည်။ ဘာသာရေးမပျက်လုပ်သူများ ဘုရားတရားမမေ့သူများ အဆင်ပြေမှုပိုတတ်

တဲ့ကာလပါပဲ။ ပညာရေးအတွက်အားထည့်ကြိုးစားလို့အကောင်းဆုံးကာလပါပဲ။

အကျိုးပေးဂဏန်း ၂/၈/၎

အထူးဟော စန်းပွင့်နေသည်။

ယတြာ တစ်ယောက်ယောက်ကို ဖိနပ်လှူလိုက်ပါ

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

crd

Categories
ဗေဒင် ယတြာ

ဆရာကြီးမင်းသိင်္ခ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကြိုဟောခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ

ဆရာကြီးမင်းသိင်္ခ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းက ကြိုဟောခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေအနေ

ဆိုင်မဆိုင်တော့မသိဘူး ဒီကနေ့ သွေးကွဲနေကြ တဲ့ပုံမျိုးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ နှစ်၂၀ လောက် တုန်းက ကျမ ဆရာကြီးဒေါက်တာမင်းသိင်္ခကိုမေးခဲ့ ဖူးပါတယ် အင်တာဗျူးလုပ်တာမဟုတ်ပါဘူး စကားဝိုင်းထဲမှာပဲအလွတ်မေးခဲ့တာပါ။

ကျမ- ဘဘ သမီးတို့နိုင်ငံမှာ ဘယ်လောက ဘယ်အသိုက်အဝန်းပဲ ဖြစ်ဖြစ် စည်းရုံးမှု အားနည်း ကြတယ် တိုက်ခိုက်မှု သွေးခွဲမှုတွေပဲ များနေကြတယ် အဲဒါဘာကြောင့်လို့ ဘဘထင်လဲ။

ဘဘမင်းသိင်္ခ – ဒီမယ် ဆရာမရဲ့ ပြောရမှာတော့ နည်းနည်းရှည်မယ် မေးတော့လည်းပြောရမှာပေါ့ လွတ်လပ်ရေးရတာကစ ပြောရတော့မှာပဲ။ လွတ်လပ်ရေးပေးခါနီးမှာ လွတ်လပ်ရေးကို ဘယ်နေ့ယူ မလဲဆိုပြီး ရက်နှစ်ရက်ပေးတယ် … အဲဒီနှစ်ရက်ထဲ ကနေ ဝန်ကြီးချူပ်ဦးနုက အစောဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီလ -၄ ရက်နေ့ကို ရွေးလိုက်တယ် ..

အချိန် ကျပြန်တော့လည်း မနက် -၄ နာရီကိုရွေးတယ် ပြောရရင် လေးဂဏန်းတွေပေါ့။ ဂဏန်းတွေရဲ့ စွမ်းအားတွေနဲ့ ပတ်သက်ပြီးပြောရရင် ၈ ဂဏန်း ၄ ဂဏန်းတွေက မစည်းလုံးခြင်း မတည်ငြိမ်ခြင်း မငြိမ်သက်ခြင်း

လှုပ်ခတ်ခြင်း ဆူပူခြင်း သွေးဆူထကြွခြင်း စတဲ့သဘောတွေကိုဆောင်တယ် အင်မတန်မှ အရေးကြီးတဲ့ ဒီလိုနေ့ထူးနေ့မြတ်ကြီးကို ဒီလိုအသွင် ဆောင်တဲ့ ရက်မျိုးမှာသတ်မှတ်ယူခဲ့တော့ ဒီနိုင်ငံကြီးက ဘယ်သောအခါမှ တညီတညွှတ်တည်း တစ်စိတ် တစ်ဝမ်းတည်း ဖြစ်ဖို့ဆိုတာမလွယ်တော့ဘူး။

ဒါကြောင့် ဒီနိုင်ငံကြီးရဲ့ ဘယ်အသိုက်အဝန်း ဘယ်လောကမဆို သွေးစည်းညီညွှတ်ဖို့ အင်မတန်ခဲယင်းခဲ့တယ် သွေးကွဲဖို့ သွေးဆူဖို့ဆို တအားလွယ်ကူခဲ့တယ်။

နောက်တစ်ချက် အနီးကပ်ဆုံး နိုင်ငံတစ်နိုင်ငံ (အမည်မပြောလိုပါ) ကလည်း မြန်မာနိုင်ငံကြီး သွေးကွဲ ရှုပ်ထွေးနေစေဖို့ သူတို့နိုင်ငံကို မကျော်နိုင်စေဖို့ အထူးယတြာတွေ ဓာတ်ရိုက်ဓာတ်ဆင် တွေ အမြဲမပြတ်လုပ်နေခဲ့တယ် ခုလည်း လုပ်နေဆဲ နောင်လည်းလုပ်ဦးမယ်ထင်တာပဲ။

တို့နိုင်ငံကြီးသွေးစည်း ညီညွှတ်မှုရှိပြီး စည်းစည်းလုံးလုံးနဲ့ အောင်မြင်တက် လှမ်းနိုင်ဖို့ဆိုတာ တယ်တော့ မလွယ်လှဘူး သွေးဆူ ဖို့ပြိုကွဲဖို့တော့ တအားကိုလျင်မြန်လွယ်ကူလိမ့်မယ် လို့ ကျမကိုပြန်ဖြေခဲ့ဖူးပါတယ်

( တစ်ဖက်နိုင်ငံရဲ့ ဘယ်လို ဓာတ်ရိုက်ဓာတ်ဆင်တွေ လုပ်သလဲဆိုတာ ကိုလည်း ပြောပြခဲ့ပါသေးတယ်) ဘဘကတော့ ကျမ ရဲ့အမေးကို ချက်နဲ့လက်နဲ့ တိတိကျကျ ထိထိမိမိ ပြောပြခဲ့ပေမယ့် ခုကတော့ ကျမရဲ့ဦးနှောက်က မှတ်မိသလောက်ပဲပြန်ရေးပြရတာပါ

ဆရာကြီးမင်းသိင်္ခ ပြောတဲ့စကားအတိအကျမဟုတ်လို့ မှားတာပါခဲ့ရင်တော့ ကျမအပြစ်ပါ ဒီအချိန် ဆရာကြီးမင်းသိင်္ခကို ရှိစေချင်လိုက်တာ… ပြောင်းလဲလာတဲ့ နိုင်ငံရေးတွေအပေါ် … သွေးကွဲ- မစည်းလုံး-ဖရိုဖရဲဖြစ်နေကြတဲ့ အဖွဲ့အစည်းအမျိုးမျိုးအပေါ်….. မြင်မကောင်းရှုမကောင်း မကြားဖူးမမြင်ရဲလောက်တဲ့ မှုခင်းတွေအပေါ်…

စံပြဖြစ်ရမယ့် အဖွဲ့အစည်းအသီးသီးရဲ့ တစ်ကိုယ် ကောင်း ဆန်ဆန်လုပ်ရပ်တွေအပေါ် … အော်… ဒီကမ္ဘာမြေက အခုလို ခပ်စောစောထွက်သွားရ တာပဲ ကံကောင်းသွားတယ်လို့ မှတ်ယူရတော့လေ မလား … ဘဘရေ
Credit

Categories
ဗေဒင် ယတြာ

မည်သည့်လတွင်မဆို (၃ ၊ ၁၂ ၊၂၁ ၊ ၃၀) ရက် မွေးနေ့ရှင်များအတွက် တနှစ်တာ ဟောစာတမ်း

မည်သည့်လတွင်မဆို (၃ ၊ ၁၂ ၊၂၁ ၊ ၃၀) ရက် မွေးနေ့ရှင်များအတွက် တနှစ်တာ ဟောစာတမ်း

(၃) ရက် ၊ (၁၂) ရက် ၊ (၂၁) ရက် ၊ (၃၀) ရက် မွေးဖွားသောမိတ်ဆွေများသည် ခရစ်သက္ကရာဇ်၂၀၂၂ ခုနှစ် မင်္ဂလာနှစ်သစ်တွင် …ကူညီမယ့်သူတွေထက် ဒုက္ခပေးမယ့်သူတွေနဲ့ပဲ ဆုံရတတ်ပါတယ်။ ရေနစ်တဲ့သူကို ဝါးကူထိုး ဆိုသလိုမျိုး ကူညီမလိုလိုနဲ့ ဒုက္ခပေးနေတတ်ပါတယ်။

လူလိမ်ခံရတာ၊မတော်မတရားပြောခံရတာ၊အုပ်စုဖွဲ့အနိုင်ကျင့်ခံရတာ စတဲ့ လူမှုဆက်ဆံရေး အန္တရယ်တွေ ကိုပါကြုံတွေ့ရတတ်။ရှိတာတွေ ဆုံးရှုံးလက်လွှတ်သွားရတဲ့ အဖြစ်နဲ့ကြုံတွေ့ရတတ်။

သူတစ်ပါးမကောင်းပြောတာ၊မတရားပြောတာ မျိုးတွေ ခံရတတ်။ ငွေကြေးဆုံးပါးတတ်။ ကျိန်းသေရမယ့်ငွေတွေ လွဲသွားတတ်တယ်။ ဘယ်လောက်ပဲ ကောင်းအောင်လုပ်ထားလုပ်ထား အကောင်းပြောမခံရတတ်။

ကံတရားက ကိုယ့်ဖက်မှာရှိမနေပါဘူး … ။ ဒါကြောင့် မိမိအလိုရှိတဲ့အရာများကို ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ၊ ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး ဇွတ်အတင်းလုပ်ယူမှ အောင်မြင်မှုတွေရရှိနိုင်မယ့်နှစ်ဖြစ်ပါတယ်။ မိမိဖြစ်ချင်တာတွေကို ဇွတ်လုပ်ယူပါ။

အလွန့်ကိုရန်များတဲ့ နှစ်ဖြစ်အံ့။သွေးထွက်သံယိုအထိဖြစ်တတ်။အပူလောင်တတ်တယ်။ ထိခိုက်မိတတ်။ရေ၊မြေ၊လေ၊မီး စတဲ့ သဘာဝဘေးအန္တရာယ်များလည်းကြုံရတတ်။မထင်မှတ်တဲ့ အနှောက်အယှက်တွေ၊အတိုက်အခံတွေ၊ စိတ်ညစ်စရာ ၊စိတ်ရှုပ်စရာတွေ စတဲ့ ကံတရားကလွှတ်လိုက်တဲ့ အန္တရာယ်တွေကြုံရတတ်။

ဒါကြောင့် အစစအရာရာ သတိထားပြီး ၊ မိမိအလိုရှိရာတွေကို ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဟန် နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ၊ ဉာဏ်နီဉာဏ်နက်တွေထုတ်ပြီး ၊ ပရိယာယ်သုံးပြီး ဇွတ်အတင်းလုပ်ယူပါလို့ တိုက်တွန်းအကြံပေးလိုက်ပါတယ်။ ငွေရေးကြေးရေး – ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်တတ် …။

သူများပြဿနာကြားဝင်ပါရတတ် …။ ရစရာပေးစရာငွေများကြန့်ကြန်နေတတ် … ။ အကြွေးတင်တတ် …။ ငွေအတွက် စိတ်ပူရတတ် …။ ငွေလိမ်ခံရတတ် …။ ငွေ မဝင်ခင်ကတည်းက ကုန်စရာတွေက စောင့်ကြိုနေအံ့ …။ ( မိမိကိုယ်တိုင်ကလည်းသတိထားပြီး ၊ ယတြာတွေကိုလည်း ဖိချေပါ )

အချစ်ရေး – လူသုံးယောက်ဝင်နှောက်ယှက်တတ် …။ အဆင်မသင့်ရင် လမ်းခွဲ ပြတ်စဲရတတ် … ။ ချစ်သူ၏ လိမ်လည်လှည့်ဖျားခြင်းကိုလည်း ခံရတတ် … ။ ကြည်နူးပျော်ရွှင်စရာတွေထက် စိတ်ပူ စိတ်ညစ်စရာတွေများနေရတတ် … ။ လူရင်းများ သစ္စာဖောက်တတ် … ။ သစ္စာရှိရှိ နားလည်မှုရှိရှိနဲ့ သတိထားဖြတ်သန်းသင့် … ။

အိမ်ထောင်ရေး – မတည်မငြိမ်ဖြစ်အံ့ …။ ဘေးလူဝင်ရှုပ်တတ် … ။ အနှောက်အယှက်အတိုက်အခံများအံ့ … ။ စိတ်တူကိုယ်တူ နားလည်မှုရှိရှိ သစ္စာရှိရှိနှင့် သတိကြီးစွာထားပြီး ကျော်ဖြတ်လျှင် အိမ်ထောင်ရေး သာယာလတ္တံ့ … ။

၁။ အိမ်နေရာထိုင်ခင်း ပြဿနာပေါ်တတ် ၂။ သားသမီး အောက်လက်ငယ်သားအတွက် စိတ်ညစ်ရတတ် ၃။ ငွေကြေးကိစ္စများ မစွန့်စားသင့် ၄။ တောင်အရပ်သို့ ခရီးသွားရတတ် ပြည်တွင်း ပြည်ပ ခရီးများလည်းပေါ်လာတတ် ၅။ ဘာသာရေးပစ္စည်းများ လက်ဆောင်ရရင်ထီထိုးပါ (စိတ်ညစ်စရာ စိတ်ပူစရာတွေကြားမှ ထီဆုကြီးပေါက်တတ်)

၆။ အနီးကပ်ရန်သူများရှိနေအံ့ …။ ၇။ ခြေထောက် ခါး နာတတ် ၈။ နေရာထိုင်ခင်း ပြုပြင်ရတတ် အသစ်ရတတ် ။ အလုပ်အပြောင်းလဲ နေရာအပြောင်းလဲ ကြုံတတ် ၉။ ခြေရင်းဘက် နောက်ကျောဘက်တွင် မီးလန့်ရှော့ဖြစ် ကြုံတတ် သို့မဟုတ် လူတစ်ယောက် အပူလောင်ကြုံတတ် ထိုသို့ဖြစ်လျှင် အဝတ်ဟောင်း တစ်ထည်ကို စွန့်ပြီးထီထိုးပါ ဆယ်ပုံတစ်ပုံကို လှူပါမည်ဟု အဓိဌာန် ပြုပါ။

၁၀။ တွေ့နေမြင်နေကျ ဆိုင်းဘုတ်တစ်ခု မတွေ့တော့လျှင် မုဆိုးမ တစ်ဦးကို ထီသွားထိုးခိုင်းပါ ထီပေါက်သလို ငွေရတတ်. ကျိုးပေးအဆောင် – ပတ္တမြား ၊ သံ ၊ အနီရောင် ၊ ကျောက်. အကျိုးပေးအရောင် – အနီရောင် ကြက်သွေးရောင်. သင့်တော်သည့် ဓါတ်စာ – ကြက်သွန်ဖြူ နီ ၊ ဂျင်း ၊ ငရုတ်ကောင်း. သတိထားသင့်သည့်အန္တရာယ် – မီး လျှပ်စစ် ပေါက်ကွဲမှု. သတိထားသင့်သည့် ရောဂါ – အဖျားကြီး ၊ ကူးစက်ရောဂါ. နေ့ကောင်း – အင်္ဂါ ၊ ကြာသပတေး ၊ သောကြာ။ ရက်သာ ( ထီဂဏန်း ) – ၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ ၊ ၆ ၊ ၁၅ ၊ ၂၄ ၊ ၉ ၊ ၁၈ ၊ ၂၇

အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက်။ ။ ဂဏန်း ၊ ငှက် ၊ ငါး မကြာခဏ ဘေးမဲ့လွှတ်ပေးပါ … ။ လမ်းဘေးမှာရှိတဲ့ ခွေးလေခွေးလွင့်များကို မကြာခဏ အစာအာဟာရဒါနလုပ်ပေးပါ။ တိရိစ္ဆာန်ဂေဟာအတွက် မကြာခဏ အလှူအတန်းလုပ်ပေးပါ။

အထူးယတြာ။ ။ ကံတအားညံ့လျှင် မွေးမေ့ညဝတ်အိပ်ထားတဲ့ အဝတ်တစ်စုံကို နောက်နေ့မနက် ရေထဲမျှောပေးပါ …။ ငါ့မှာရှိတဲ့ မကောင်းတဲ့ ကံအခိုက်အညံ့တွေ ပါသွားပါစေလို့ ဆုတောင်းပါ…။

မှတ်ချက်။ ။ စိုးရိမ် စိတ်ပူစရာမလိုပါ …။ ပေထားတဲ့ယတြာတွေကို မကြာခဏချေပေးခြင်းအားဖြင့် မကောင်းတဲ့ကံအညံ့တွေပြေပျောက်ပြီး ကံကောင်းခြင်းများ ကောင်းကျိုးချမ်းသာများကို ရရှိခံစားရပါလိမ့်မယ်…။ Crd; ဆရာကြီးမင်းသိမ်းခိုင်အား လေးစားစွာဖြင့်Crd,,