
ထိုးစိုက်ဇုန်မကြာခဏလှုပ်ရှားနေသည်ဟုဘူမိဗေဒပညာရှင်အချို့သတိပေး
ထိုးစိုက်ဇုန်မကြာခဏလှုပ်ရှားနေသည်ဟုဘူမိဗေဒပညာရှင်အချို့သတိပေး မြန်မာနိုင်ငံအတွင်းကီလိုမီတာ၁,၂၀၀ခန့်ဖြတ်သွားသည့်ထိုးစိုက်ဇုန်သည်မကြာခဏလှုပ်ရှားမှုရှိနေသည်ဟု ဘူမိဗေဒပညာရှင်အချို့က သတိပေးသည်။ ဒီဇင်ဘာ၈ရက်မှ၁၂ရက်အတွင်း မြန်မာနိုင်ငံအတွင်းငလျင်လေးကြိမ်လှုပ်ရှားခဲ့ရာ အားလုံးသည် မြန်မာကျောက်ထုချပ်နှင့် အိန္ဒိယကျောက်ထုချပ်ထိစပ်ရာမှ ဖြစ်ပေါ်နေသော ထိုးစိုက်ဇုန်လှုပ်ရှားခြင်းဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များကမှတ်ချက်ပြုသည်။‘‘ဒီနောက်ပိုင်းလှုပ်ရှားနေတာတွေက ထိုးစိုက်ဇုန်ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာဆိုရင်၂၀၁၆ကအင်အားပြင်းလှုပ်ရှားခဲ့ဖူးတယ်’’ဟု ဘူမိဗေဒပညာရှင် ဒေါ်လှလှအောင်ကပြောကြားသည်။ ဒီဇင်ဘာ၈ရက်က မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့တွင် ရစ်ခ်ျတာစကေး ၅ဒသမ၄အဆင့် ငလျင်လှုပ်ခတ်ပြီးနောက် တနိုင်း၊မင်းကင်း၊ ရေဦးမြို့တို့တွင် […]